Thursday, January 29, 2026

ကျန်ရှိနေတဲ့ ကတိကဝတ်တွေကို တာဝန်ကျေပွန်အောင် ဆက်လုပ်ပေးချင်သူ

ပြည်တွင်း မှာ သာမက နိုင်ငံခြားသားခရီးသွားအများစု ကို စွဲဆောင်နိုင်တဲ့ ဒေသတစ် ခုဖြစ်တဲ့ အင်းလေးဒေသ ညောင်ရွှေမြို့နယ် ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုး နဲ့ လာမယ့်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီမှ ထပ်မံဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ထို့ဒေသနဲ့ ပတ်သက်ပြီး အမြင် သဘောထား ၊ ကတိကဝတ်တွေ အကြောင်းကို သျှမ်းသံတော်ဆင့် သတင်းထောက် ယိင်းတိုင်း က တွေ့ဆုံမေးမြန်းထားတာ ဖြစ်ပါတယ် ။

မေး ။ ။ ပြီးခဲ့တဲ့ ၂၀၁၅ တုန်းက အနိုင်ရခဲ့ပြီး အခုတစ်ခါထပ်ဝင် ပြိုင်ဖြစ်တဲ့ အကြောင်းအရင်းလေး ပြောပြပေးပါ ။


ဖြေ ။ ။ အင်းလေးဒေသအတွက် လုပ်ဆောင်စရာတွေ အများကြီး ကျန်သေးတယ်။ ၂၀၁၅ တုန်းကပေးခဲ့တဲ့ ကတိကဝတ်တွေလဲကျန်သေးတယ်။ ဒါတွေကို ကျွန်တော်တို့တာဝန် ကျေပြွန်အောင် ဆက်လက်ဝင်ပြိုင်ရခြင်းဖြစ်တယ် ။


မေး ။ ။ ပြီးခဲ့တဲ့ ၅ နှစ်သာအတွေ့အကြုံအရ ဒေသတွင်း ပြည်သူတွေ ရဲ့လိုအပ် ချက်က အဓိက ဘာတွေ လိုအပ်နေလဲလို့ မြင်လာလဲ ။


ဖြေ ။ ။ အဓိက အားဖြင့် ကတော့ ကျောင်းတွေ ၊ လမ်းတွေ ၊ မီးတွေ လိုအပ်ချက်တွေပေါ့ ၊ စိတ်ဓါတ်ရေးရာ အရဆိုရင် ကျွန်တော်တို့ အင်းသူအင်းသား တွေဟာ ကမ္ဘာကျော်တယ်။ အင်းလေးရေပြင်ကို အသုံးပြုပြီးတော့ သွားလာလှုပ်ရှားရ တယ်။ ဒါပေမဲ့ တစ်ခြားမြို့တွေမှာ မရှိတဲ့ ဌာနတွေကြောင့် ဥပမာ ဘေးမဲ့လိုမျိုးပေါ့ ကျွန်တော်တို့ အင်းသူအင်းသား တွေဟာမြေဂရမ် ရှိပေမဲ့ ရေ ဂရမ် မရှိဘူး ။ မြေစာရင်း ရှိပေမဲ့ ရေစာရင်းမရှိတော့ ကျနော်တို့ အင်းသူအင်းသား တွေဟာ ခုထက်ထိ ပုံစံ ၇ မရတာတွေ ကျူးကျော်ဘဝရောက်နေရတာတွေ ကျနော်တို့ မဖြေရှင်း နိုင်သေးဘူး ။ ဒါတွေကို ဆက်လက်ဆောင်ရွက်ဖို့ကြိုးစားသွားပါမယ် ။


မေး ။ ။ ဘယ်လိုအရာတွေကို ဆောင်ရွက်ပြီးစီးပြီးခဲ့ပြီလဲ ။


ဖြေ ။ ။ ရုပ်ပစ္စည်းအရဆိုရင်တော့ အင်းပတ်လမ်းတွေ စံကားတောင်ပိုင်းအထိ မီးလင်းသွားတာတွေ အင်းပတ်လမ်းတစ်ခုလုံးမှာ ရှိတဲ့ သစ်သား တံတား တစ်ခုမှ မကျန် ရှိစေရေး ကွန်ကရစ်တံတားဖြစ်ရေးတွေ ညောင်ရွှေဟော် နန်း အရေး သမိုင်းအဖြောက်ခံ ထားရတဲ့ စဝ်ရွှေသိုက်သမိုင်း ကိစ္စတွေ ကိုယ့်ခြေကိုယ့်လက်နဲ့ လုပ်နိုင်သွားတယ်။ စိတ်ဓါတ်ရေးရာ အရလဲ ကျနော်တို့ အင်းသူအင်းသား တွေဟာရိုးသားစွာ ဘာသာတရား ကိုင်းရှိုင်းတဲ့လူမျိုးတွေဖြစ်တယ်ဆိုတာ ကျနော်တို့ ပြနိုင်ခဲ့တယ်။ ဖောင်တော်ဦး ဘုရားပွဲတော်ကြီးတွေကိုလဲ နိုင်ငံ့ခေါင်းဆောင်ကြီးတွေကို ခေါ်ပြီးတော့လဲ ပြနိုင်သလို အင်းသားအမျိုးသားနေ့ဆိုပြီးတော့လဲ ကျနော်တို့ ၁၀ ကြိမ်အထိလုပ်နိုင် သွားပြီ ဒါလေးတွေက တကယ့် အောင်မြင်မှုပါ ။


မေး ။ ။ လာမယ့် ရွေးကောက်ပွဲမှာ ဆက်ပြီး အနိုင်ရခဲ့မယ်ဆိုရင် ဒေသတွင်း ပြည်သူလူထုတွေ အတွက် အဓိက ဘာတွေ လုပ်ဆောင်ပေးသွားဖို့ရှိလဲ ။


ဖြေ ။ ။ ရုပ်ပစ္စည်းပိုင်းဆိုင်ရာ လမ်း၊ တံတား ၊ ကျောင်း ကြတော့ ပြီးခဲ့တဲ့ လွှတ် တော် သက်တမ်းမှာ ပြည်ထောင်စုလွှတ်တော် ဘတ်ဂျက်နဲ့ အကြားအလတ် မကျန် အောင် အကုန်တောင်းထားတယ် ။ လွှတ်တော် ကတိတွေကိုလဲ အကုန်တောင်း ထားတယ် ။ တကယ်လို့များ ကျနော် ရှုံးသွားခဲ့တယ်ဆိုရင်တောင် နောင်တက်လာမယ့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အတွက် လွှတ်တော်မှာ ဒီကတိကဝတ်တွေ ဆက်လက်ဆောင်ရွက်သွားရင် တော်တော်လေးအဆင်ပြေမှာပါ။ တကယ်လို့ ကျနော် နိုင်ခဲ့ရင်လည်း အဲ့ဒီကတိကဝတ်တွေ အတိုင်း ဆက်လက် ဆောင်ရွက်သွားမှာပါ ။


မေး ။ ။ အရင်က ရခဲ့တဲ့ အတွေ့အကြုံတွေအပေါ်ပိုကောင်းအောင် ဘာတွေ များထပ်ပြီး ဆောင်ရွက်သွားဖို့ရှိလဲ ။


ဖြေ ။ ။ ပြည်သူသာလျှင်အဓိက ပြည်သူတွေ တက်တက်ကြွကြွနဲ့ တစ်ခြား မြို့ ရွာ တိုင်းဒေသတွေနဲ့ ယှဉ်ပြိုင်ပြီးတော့ လုပ်သွားနိုင်တဲ့ အမှိုက်ရှင်းတဲ့ ကိစ္စဆိုရင် တစ်ခြား မြို့တွေကတောင်လာလေ့လာရတဲ့ အမှိုက်သိမ်းစနစ် အင်းလေးကန်ကြီးကို ဒီထက် ပို သဘာဝပတ်ဝန်းကျင်ထိန်းတဲ့ နေရာ တောတောင်သဘာ၀ ပတ်ဝန်းကျင် သစ်ပင်တွေ ပြန်လည်စိမ်းလန်းလာ စေချင်တယ် လာမယ့် သားသမီးမြေးမြစ်တွေကို အင်းလေးကန် ကြီးခမ်းခြောက်တာကို ကျနော်တို့ အမွေ မပေးချင်ဘူး ။ ပြည်သူတွေပါတဲ့ ဒီ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်း မှုတွေကို အတူလက်တွဲ လုပ်ချင်တယ် ။


မေး ။ ။ ပြီးခဲ့တဲ့ ၅ နှစ်တာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အနေနဲ့ ဖြတ်သန်းခဲ့တဲ့ ကာလမှာ စိန်ခေါ်မှု အရှိဆုံးအခက်အခဲ က ဘာဖြစ်မလဲ ။


ဖြေ ။ ။ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးရဲ့ အလုပ်က ပြည်သူနဲ့ဌာန ဆိုင်ရာ ကြား ဌာနဆိုင်ရာနဲ့ အစိုးရကြားပေါင်းကူးပေးတဲ့ ကိုယ်စားလှယ်ဖြစ်တယ်။ ပြည်သူ ကနေ တိုက်ရိုက်အစိုးရကို တင်လိုက်ရင် အုပ်ချုပ်ရေးအာဏာကို ကျော်တယ်လို့ ဖြစ်လာမှာ ကြားထံမှာ ဌာနဆိုင်ရာ ဆိုတာရှိတယ် ။ အခုကျနော် ကြုံတွေ့နေရတဲ့ အခက်ခဲဆုံး ကတော့ ဌာနဆိုင်ရာတွေရဲ့ခေါက်ရိုးကျိုးမှု ညွှန်မှူး ညွှန်ချုပ်တွေရဲ့ အရင်အ ကျင့်တိုင်း ရှိနေဆဲ အစိုးရ ဘယ်လောက်ကောင်းကောင်း ကျနော်တို့လွှတ်တော် ကိုယ်စားလှယ်တွေ ဘယ်လောက်ကောင်းကောင်း ဌာနဆိုင်ရာတွေရဲ့ကြိုးနီစနစ် ကြီး ကမပြင်သေးဘူး။ ဒါတွေကို ကျနော်တို့ ၂၀၂၀ ရွှေးကောက်ပွဲနိုင်သွားရင် ပြုပြင် သွားမှာပါ ။


မေး ။ ။ လွှတ်တော် ကိုယ်စားလှယ် သက်တမ်းတလျှောက်လုံးမှာ မိမိအနေ နဲ့ ကျေနပ်အားရဆုံး လုပ်ဆောင်မှုကို ပြပါဆိုရင် ဘယ်အရာဖြစ်မလဲ ။


ဖြေ ။ ။ ကျနော် က နိုင်ငံရေးသမား မဖြစ်ချင်ဘူး။ ကျောင်းဆရာပဲဖြစ်ချင်ခဲ့ တာ။ ကျောင်းဆရာလုပ်နေရင်း အလုပ်ပြုတ်ထောင်ကျလို့သာ နိုင်ငံရေးသမား ဖြစ်လာ ရတာလေ။ ဒီညောင်ရွှေမှာပဲ ကျနော် ပရဟိတဂေဟာ ဖွင့်ထားပါတယ်။ ဒီကလေးတွေနဲ့ အတူစား အတူအိပ်တယ်။ ဒီကလေးတွေကို အနာဂတ်ခေါင်းဆောင် တွေ အဖြစ် ပြုစု ပျိုးထောင်ခဲ့တယ် ။ ကျနော် ပရဟိတဂေဟာက ကလေးတွေကို ကျောင်းစာအပြင် ကွန်ပျူတာ၊ အင်္ဂလိပ်စကားပြောသင်တန်း၊ သိုင်းပညာကအစ ကျွန်တော်တို့ အကုန် တတ်အောင်သင်ပေးထားတယ်။ လက်မှုလုပ်ငန်းတွေ အစသင်ပေးတယ်။ ကလေးတွေ ကိုပဲအားကိုးပြီးတော့ ပညာတတ်တဲ့ ဦးနှောက်ဖွံ့ဖြိုးတဲ့ ကလေးတွေ အဖြစ် ပြုစု ပျိုးထောင်ပေးရတာ ကျနော် ကျေနပ်အားရမှုအရှိဆုံးပဲ ။


မေး ။ ။ လာမယ့် ရွေကောက်ပွဲမှာ အနိုင်ရရှိဖို့ မိမိ ကိုယ်ကိုယ် ဘယ်လောက် ယုံကြည်မှုရှိသလဲ ။

ဖြေ ။ ။ ကျနော် ကတော့ ကိုယ်စိုက်တဲ့ အပင် ကိုယ်ရိတ်သိမ်းရမှာပဲ။ အခု မှစ စိုက်တဲ့ လူကတော့ ရိတ်သိမ်းဖို့အကြာကြီးစောင့် ရမှာပဲ။ ကျနော်တို့ဟာ ဘ၀ ကြီး နဲ့ ယှဉ်ပြီး ကိုယ့်ဒေသဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးခဲ့တယ်။ နိုင်မယ်လို့လဲ ယုံကြည်တယ် ။ ဆက်လက်ပြီးတော့ ပြည်သူတွေက ကျနော်တို့ကို တာဝန်ပေးမယ်လို့လဲ ယုံကြည် တယ်။ အဲ့ဒီအတွက်ကြောင့် ကျနော် ယုံကြည်မှု ရှိပါတယ် ။


မေး ။ ။ အင်းလေးဒေ မှာ အဓိကပြဿနာက ဘာတွေရှိမလဲ ။

ဖြေ ။ ။ အင်းလေးဒေသခံတွေ ကရိုးသားကြတယ်။ အယုံလွယ်တာတွေ ရှိမယ်။ ကျနော်တို့ပါတီကို ဘာသာခြားပါတီလို့ပြောကြတယ်။ ကျနော် တို့လောက် ဘာသာ တရား ကိုင်းရှိုင်းတာ ကျနော်တို့ပဲရှိတယ်။ မဖြေ ရှင်းဘူး။ ဆရာတော်တွေ လည်းသိတယ်။ လူတိုင်းသိပါတယ် ။


မေး ။ ။ လာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘာများဖြည့်စွတ်ပြောကြား ချင်သေးပါသလဲ ။


ဖြေ ။ ။ ကျနော်တို့ ခေါင်းဆောင်ကလည်း အမေအိုကြီး အပြေးပြိုင်ပွဲမှာလည်း ကျနော်တို့က ၂၅ ရာခိုင်နှုန်း အကျော်ပေးပြီးပြိုင်နေရတာ လုပ်ရတဲ့ အလုပ်က ရာခိုင်နှုန်း လုပ်ပိုင်ခွင့်က ၇၅ ရာခိုင်နှုန်း အဲ့ဒီကြားထဲက မိုးကျရွှေကိုယ်ဌာနဆိုင်ရာတွေ ဖြုတ်ဖို့ ခရိုနီတွေ ကို ရအောင်ပြုပြင်ပြောင်းလဲ သွားဖို့ ၂၀၂၀ မှာ မဲနိုင်ရင် ခံစစ်မှ တိုက် စစ်သို့ပြောင်းမယ်။

အရင်လို ဒီဌာနဆိုင်ရာတွေကို ချော့မော့ပြီး ပေါင်းမနေတော့ဘူး ။ ဥပဒေ အရအရေးယူမယ်။ ဝေဖန်စရာရှိရင်ဝေဖန်မယ် ။လွှတ်တော်မှာလဲ ပြင်းထန်လာမယ် ။ ဒီ ၂၀၂၀ မှာ တိုက်စစ်ဆင်မယ်လို့ ကျနော် ကတိပေးရဲပါတယ် ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းတုံမြို့ရှိ NLD ပါတီရုံးကို စစ်ကောင်စီ မြို့နယ်ထွေအုပ်ရုံး လာရောက်ချိတ်ပိတ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့ ထုံးဘိုရပ်ကွက်ရှိ NLD ပါတီရုံးကို စစ်ကောင်စီလက်အောက်ခံ မြို့နယ် ထွေအုပ်ရုံးက လာရောက်ချိတ်ပိတ်သွား သည်ဟု စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၁ ရက်) နံနက်ပိုင်းအချိန်တွင် မိုင်းတုံမြို့ ထုံးဘိုရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) ရုံးကို စစ်ကောင်စီ၏ အမိန့်ကြောင့် မြို့နယ်ထွေအုပ်ရုံးက...

NLD ပါတီ နာယက၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရဦးတင်ဦး ကွယ်လွန်

0
NLD ပါတီ နာယက၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရဦးတင်ဦး သည် ရန်ကုန် ဆေးရုံကြီးတွင် တက်ရောက် ကုသနေစဥ် ယနေ့ (ဂျွန်လ ၁ ရက်) တွင် ကွယ်လွန် သွားသည်ဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။ ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ သူရဦးတင်ဦး သည်...

ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်ရှိစေရန် စစ်ကောင်စီ ရည်ရွယ်ဖန်တီးနေဟု NLD ထုတ်ပြန်

0
ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်ရှိစေရန် စစ်ကောင်စီက ရည်ရွယ်ဖန်တီးနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ) က ယနေ့ (စက်တင်ဘာ ၁၄) ရက် ရက်စွဲဖြင့် ထုတ်ပြန်ပြောဆိုလိုက်သည်။ . ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ဥပဒေမဲ့ မတရား ဖမ်းဆီးထိန်းသိမ်းခြင်းသည် ၎င်းတို့ ဆက်လက်ရပ်တည်နိုင်ရေးအတွက် ကြားခံ တစ်ဦးအဖြစ် ပြန်ပေးဆွဲထားသလို လျှို့ဝှက်ထားသော...

ရွာငံမြို့နယ်မြောက်ဘက် ကျေးရွာရှိ ဒေသခံများ စိုးရိမ်စိတ်ဖြင့် နေထိုင်နေရ

0
သျှမ်းပြည် တောင်ကြီးခရိုင် ရွာငံမြို့နယ် မြောက်ဘက်ရှိ ကျေးရွာအများစုကို စစ်ကောင်စီတပ်က မကြာခဏ ဝင်ရောက်လာသည့်အတွက်ကြောင့် ဒေသခံများ စိုးရိမ်စိတ်ဖြင့် နေထိုင်နေရကြောင်း စုံစမ်းသိရှိရသည်။ ယခု ၂၀၂၃ ခုနှစ်အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့က ရွာငံမြို့နယ်ထဲ တပင်ပျော်ကျေးရွာအုပ်စုထဲတွင် မကြာခဏ ဝင်ရောက်စစ်ဆေး နေထိုင်လျက်ရှိကြောင်း သိရသည်။ “မကြာမကြာတော့ လာတယ်။ ကျနော်တို့ ရွာက...

စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် အင်းလေးဒေသမှ လူငယ် ၈ ဦး ပြန်မလွှတ်လာသေး

0
သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေးဒေသမှ လူငယ် ၈ ဦးကို NLD၊ NUG၊ PDF နှင့် ပတ်သက်သည်ဟု စွပ်စွဲပြီး စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သူများ ယနေ့အချိန်ထိ ပြန်မလွှတ်လာသေးကြောင်း စုံစမ်း သိရှိရသည်။ ပြီးခဲ့သည့် (ဧပြီလ ၃ ရက်)မှ စ၍ နမ့်ပန်ကျေးရွာအုပ်စု...