Wednesday, January 28, 2026

သိန္နီမြို့နယ်တွင် လက်နက်၊ခဲယမ်းများ သိမ်းဆည်းရမိ

သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် အတွင်း လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရမိ ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၁၄ရက် ည ၇နာရီခွဲ က မူဆယ်-မန္တလေး ပြည်ထောင်စု ကားလမ်းမပေါ်တွင် အသက် ၂၂နှစ်အရွယ်ရှိ လီစီချီ မောင်းလာသည့် Crown ကားကို စစ်ဆေးရာ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိကြောင်း မူးယစ်ရဲတပ်ဖွဲ့ ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ကားပေါ်တွင် သိမ်းဆည်းရမိသည့် လက်နက်များမှာ မောင်းပြန်ရိုင်ဖယ် ၃လက်၊ ကျည်ကဒ်ပါပစ္စတိုသေနတ် ၄လက်၊ M-22 ကျည်ဘောက်၁၅ခု၊ M-22 ကျည် ၁၂၉၀ တောင့်၊ 7.62 ကျည် ၉၀၀ တောင့်၊ ပွိုင့် ၂၂ကျည် ၂၀၀ တောင့်၊ 9 mm ကျည် ၁၀၀ တောင့် တို့ဖြစ်ကြောင်း မူးယစ်ရဲတပ်ဖွဲ့မှ သိရသည်။


ထိုဖမ်းဆီးရမိသည့် လက်နက်များနှင့်အတူ လီစီချီ ကို သိန္နီမြို့မ ရဲစခန်းတွင် ရှမ်းလက်နက် ဥပဒေဖြင့် အမှုဖွင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

ထို့ပြင် ကျိုင်းတုံမြို့နယ် တောင်ကြီး-ကျိုင်းတုံ ကားလမ်း၊ ကျိုင်းဖောင်း ကျေးရွာအနီးရှိ COVID-19 စစ်ဆေးရေး စခန်းတွင် အောက်တိုဘာ ၁၂ရက် မနက်ပိုင်းကကျပ်သိန်း ဘီလီယံရှိ ဘိန်းဖြူများကို သိမ်းဆည်းရမိကြောင်း သိရသည်။


အောက်တိုဘာ ၁၂ရက် မနက် ၉ နာရီတွင် ကိုဗစ်-၁၉ စစ်ဆေးရေး စခန်းတွင် မိုင်းပျဉ်းဘက်မှ ကျိုင်းတုံ ဘက်သို့မောင်းနှင်လာသည့် Vigo အမျိုးအစားယာဉ်ကို တားဆီးစဉ် မရပ်ပေးဘဲ မောင်းနှင်ထွက်ပြေး သဖြင့် ပိတ်ဆို့ ဖမ်းဆီးရာ အသက် ၃၅နှစ် အရွယ်ရှိ ကျဟဲ ၊ အသက် ၁၅နှစ်အရွယ်ရှိ ကျစောတို့ နှင့် အတူ ကျပ်သိန်း (၁.၁.၆၆၄၂၅ ဘီလီယံ) တန်ဖိုးရှိ ဘိန်းဖြူများဖမ်းဆီး ရမိခဲ့သည်။

ထို ဘိန်းဖြူသယ်ဆောင်လာသည့် ကျဟဲ နှင့် ကျစောတို့ကို မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ အရ အရေးယူထားပြီး ကွင်းဆက်တရားခံ များဖော်ထုတ်လျက်ရှိကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြောက်ပိုင်းမဟာမိတ်များကို UWSA စစ်လက်နက်မထောက်ပံ့ရန် ဆုံးဖြတ်ခြင်းက စစ်ကော်မရှင်နှင့် ပုလင်းတူဘူးဆို့ဟုပြော

0
သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးလှုပ်ရှားနေသည့် TNLA ၊ MNDAA နှင့် SSPP/SSA တို့ကို ‘ဝ’တပ်ဖွဲ့ UWSA က စစ်လက်နက်များ မထောက်ပံ့ရန် ဆုံးဖြတ်ခဲ့ခြင်းသည် စစ်ကော်မရှင်နှင့် ပုလင်းတူဘူးစို့သာဖြစ်ကြောင်း စစ်ရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောဆိုလိုက်သည်။ ယမန်နေ့ (ဩဂုတ်လ ၂၀ ရက်) တွင် ‘ဝ’တပ်ဖွဲ့ UWSA...

နမ့်ဖတ်ကာတွင် သေနတ်ကိုင် ဓားပြတိုက်ခံရ၊ ကား တစ်စီးနှင့် ငွေသားများဆုံးရှုံး

0
သျှမ်းပြည် မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာတွင် သေနတ်ကိုင် ဓားပြတိုက်ခံရမှု ဖြစ်ပွားခဲ့ပြီး ကားတစ်စီး နှင့် ငွေသားများ ဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက် မွန်းလွဲပိုင်း တွင် နမ့်ဖတ်ကာ ကွက် (၄) နယ်မြေဘက်ရှိ နေအိမ်တစ်ခုတွင် သေနတ်ကိုင်ထားသည့်...

နမ့်စလပ်ကျေးရွာအတွင်း လက်နက်ကြီးကျ အရပ်သားတစ်ဦးသေဆုံး ထိခိုက်ဒဏ်ရာရသူများရှိ

0
သျှမ်းပြည် မြောက်ပိုင်း သိန္နီမြို့နယ် နမ့်စလပ်ကျေးရွာအုပ်စု အတွင်း လက်နက်ကြီး ကျပေါက်ကွဲမှုကြောင့် အရပ်သား ပြည်သူတစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၆) ရက် ည ၆ နာရီဝန်းကျင်တွင် နမ့်စလပ်ကျေးရွာ အုပ်စုမှ နမ့်အွန်ရွာနှင့် တွန်မုံရွာကြားတွင် စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး...

ကိုဗစ် စည်းမျဉ်း၊စည်းကမ်း ချိုးဖောက်သည့် သိန္နီမြို့ အားကစားပွဲ

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် ကိုဗစ် ၁၉ ကူးစက်မှုများရှိနေသည့် ကြားက ပြည်ထောင်စုနေ့ အထိမ်းအမှတ်အနေဖြင့် အားကစားပွဲကို အကြီးအကျယ် ပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။ သီန္နီမြို့တွင် ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်ပြီး ပြည်ထောင်စုနေ့ဖြစ်တဲ့ ၁၂ ရက်နေ့အထိ အားကစားပွဲ အခမ်းအနားကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ “စလုပ်နေတာတော့ ၁...

သိန္နီမြို့ ပေါ် ငွေတောင်းခံသည့် ရဲနှစ်ဦး သွားဖမ်းရာ ပြန်ခုခံသဖြင့် TNPDF မှ သေနတ်ပစ်သတ်

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့ အဝင် တိုးဂိတ်နှင့် ကားလမ်းမကြီပေါ် လမ်းသွားလမ်းလာယာဥ်များကို ငွေတာင်း ခံလေ့ရှိသည့် ရဲနှစ်ဦးကို သန္နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ TNPDF က ပစ်သတ်ရှင်းလင်းလိုက်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန်တွင် ငွေကောက်ခံမှု ပြုလုပ်ပြီး ပြန်လာသော အဆိုပါ...