ဆီဆိုင်မြို့နယ် ပြောင်းစိုက်ခင်း ၂ည ဆက်တိုက်ဖျက်ဆီးခံရ
SHAN -
သျှမ်းပြည်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဆီဆိုင်မြို့နယ်တွင် ပြောင်းစိုက်ခင်းများ ၂ည ဆက်တိုက် ဖျက်ဆီးခံရကြောင်း စုံစမ်း သိရှိရသည်။ တောင်သူများစိုက်ပျိုးထားသည့် ပြောင်းခင်းများသည် ဇူလိုင် ၃ရက်နှင့် ဇူလိုင် ၄ရက် ၂ည ဆက်တိုက် ဖျက်ဆီးခံရပြီး၊ဖျက်ဆီးခံရသည့် ပြောင်းစိုက်ခင်း ဧက ( ၃၄.၈) ဧကရှိပြီး၊...
ကွတ်ခိုင်မြို့နယ် အတွင်း စစ်အင်အားဖြည့်တင်း ဒေသခံများစိုးရွံ့
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း နယ်မြေ ရှင်းလင်းရေး အကြောင်းပြချက်ဖြင့် အစိုးရ တပ်မတော် မှအင်အားဖြည့်တင်းမှုပြုနေသည့်အပေါ် အချိန်မရွေးတိုက်ပွဲပြန်ဖြစ်မည်ကို ဒေသခံများစိုးရိမ်နေကြကြောင်း စုံစမ်းသိရသည်။ ယခုရက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း အစိုးရ တပ်မတော် မှ စစ်အင်အားတိုးချဲ့ ပြီး၊ ဒေသခံ အမျိုးသားများကို ဖမ်းဆီးကာ လမ်းပြအဖြစ် လုပ်ဆောင်ခိုင်းကြောင်း...
မိုင်းရှူးမြို့တွင် အသက် ၆နှစ်အရွယ် မိန်းကလေး သက်ငယ်မုဒိမ်းကျင့်ခံရ
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့ တွင် အသက် ၆နှစ်အရွယ်ရှိ ကလေးငယ် တဦး သက်ငယ်မုဒိမ်းပြုကျင့်ခံရကြောင်း စုံစမ်းသိရသည်။ ဇူလိုင် ၁ရက် နေ့လည်ပိုင်းတွင် လူလတ်ပိုင်းအရွယ် တဦးသည် အသက် ၆နှစ် အရွယ် ကလေးငယ်ကို သက်ငယ်မုဒိမ်းပြုကျင့်ခဲ့ကြောင်း၊ ထို ပြုကျင့်သည့် တရားခံကို ရဲစခန်းမှ ဖမ်းဆီးထားကြောင်း...
မူဆယ်တွင် အမျိုးသားတဦး သေနတ်ပစ်သတ်ခံရ
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့ ကောင်းမူးတုံရပ်ကွက် တွင် ယမန်နေ့ ညပိုင်း၌ အမျိုးသားတဦး သေနတ်ပစ်ခံရကြောင်းစုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ (ဇူလိုင် ၂)ရက် ည ၉ နာရီ ဝန်းကျင်တွင် ကောင်းမူးတုံရပ်ကွက် ဟိုနားဘုန်းကြီးကျောင်း ဘေးလမ်းတွင် အသက် ၂၅နှစ် အရွယ် ရှိ အမျိုးသားတဦးမောင်းလာသည့်...
တာချီလိတ်ဆေးရုံဆင်းပြီးကိုဗစ်-၁၉ လူနာ ပိုးပြန်တွေ့
SHAN -
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ကိုဗစ်-၁၉ လူနာ သည် ဆေးရုံဆင်းပြီးနောက် ပိုးပြန်တွေ့ရှိကြောင်း စုံစမ်းသိရသည်။ တာချီလိတ် ကိုဗစ်-၁၉ အတည်ပြု လူနာ အမှတ် (၉၆) သည် ဆေးရုံဆင်းပြီး ရက်(၄၀) အကြာ ဇွန် (၃၀)တွင် ကိုဗစ်-၁၉ ပိုးပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။ “ပိုးမတွေ့ပဲ ဆေးရုံဆင်းပြီးတော့...
ထိုင်းမှ ပြန်လာသည့် သျှမ်းရွှေပြောင်းအလုပ်သမား ၁၆၀ ကျော် ဓာတ်ခွဲနမူနာ ပို့ထား
SHAN -
ထိုင်းနိုင်ငံမှ ပြန်လာသည့် သျှမ်းပြည် ရွှေ့ပြောင်းအလုပ်သမားများ၏ ဓာတ်ခွဲ နမူနာ (၁၆၀) ကျော်ကို ဓာတ်ခွဲနမူနာ ပို့ဆောင် စစ်ဆေးထားကြောင်း စုံစမ်းသိရသည်။ အဆိုပါ နေရပ်ပြန်လာသည့် သျှမ်းပြည်ရွှေ့ပြောင်းအလုပ်သမား(၁၆၀)ကျော်သည် ထိုင်းနိုင်ငံ မဲဆောက်မှ တဆင့် ကရင်ပြည်နယ် မြဝတီဘက်သို့ပြန်လည် ဝင်ရောက်လာသည့် သူများဖြစ်ကြောင်း သိရသည်။ လက်ရှိ ထို နေရပ်ပြန်...
ကျိုင်းတုံဒေသ ရေခမ်းခြောက်မှုကြောင့် လယ်ယာစိုက်ပျိုးမှု ခက်ခဲရင်ဆိုင်နေရ
သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် အတွင်း ရေခမ်းခြောက်မှုများ ကြုံတွေ့နေရပြီး လယ်ယာ စိုက်ပျိုးရေး မလုပ်နိုင်တော့ကြောင်း စုံစမ်းသိရသည်။ လယ်ယာစိုက်ပျိုးရေးကို အဓိက အားထား လုပ်ကိုင်နေသည့် ကျိုင်းတုံမြို့နယ် အတွင်းရှိ ဒေသခံပြည်သူများသည် လက်ရှိ အချိန်ထိ စပါးမစိုက်ပျိုးနိုင်သေးကြောင်း၊ ယခင် ဒေသခံများအသုံးပြုနေသည့် ရေအရင်းအမြစ်များသည်လွန်ခဲ့သည့် နှစ်မှစတင်ကာ ခမ်းခြောက်လာသဖြင့်...
ကိုဗစ်ကာလအစိုးရ ရက်ထပ်တိုးချိန် မောက်မယ်မြို့ ပြည်သူ့လွှတ်တော်အမတ် ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပ
ကိုဗစ်-၁၉ ကပ်ရောဂါ ကာလ လူစုလူဝေး မပြုလုပ်ရေး နေပြည်တော်အစိုးရမှ ဇူလိုင်လ ၁၅ ရက်အထိ တိုးမြင့်သတ်မှတ်ထား ချိန် သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့ တွင်ဂေါက်သီး ရိုက်ပြိုင်ပွဲ ကျင်းပနေကြောင်း ဒေသအတွင်း သတင်းရပ်ကွက်မှသိရပါသည်။ ၂၀၂၀ ခု ဇွန်လ ၂၇ ညနေပိုင်းက လင်းခေးခရိုင် မောက်မယ်မြို့တွင်...
ခေါင်းနဲ့ပန်းလိုဖြစ်နေတဲ့ မြန်မာ့ငြိမ်းချမ်းရေး နဲ့ မူးယစ်ဆေး
SHAN -
ပြည်ထောင်စုမြန်မာနိုင်ငံမှာ သျှမ်းပြည်ဟာ မူးယစ်ဆေး၀ါးမျိုးစုံထွက်ရှိမှု၊ အများဆုံးရောင်းဝယ်ဖေါက်ကား မှု ၊ လူတန်းစားအလွှာအသီးသီးက မူးယစ်ဆေးဝါးသုံးစွဲမှု အများဆုံး နဲ့ လက်နက်ကိုင်တပ် အများဆုံး၊ နိုင်ငံရေး စစ်ရေးအရှုပ်ထွေးဆုံး ပြည်နယ်ကြီးတခု ဖြစ်ပါတယ်။ သျှမ်းပြည်မှာ “ဝ”UWSA တပ်၊ သျှမ်းတပ် ၂ တပ်၊ ကချင် KIA တပ်...
စစ်ရေးတင်းမာမှုကြောင့် ကျောက်မဲမြို့နယ်တွင် အရပ်သားတဦးရိုက်နှက်ခံရ ဒဏ်ရာပြင်းထန်
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း စစ်ရေးတင်းမာမှုကြောင့် ရွာသားများထွက်ပြေးတိမ်းရှောင်နေစဉ်ရွာတွင်ကျန်ရစ်သည့် အရပ်သားတဦး ရိုက်နှက်ခံရသဖြင့် ဒဏ်ရာအပြင်းအထန် ရရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့က ကျောက်မဲမြို့နယ် အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA)နှင့် အစိုးရ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အက်ကြီးကျေးရွာ မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ကြရာ အသက်...





