Friday, May 17, 2024

သျှမ်းပြည်တဝှမ်း SNLD မှ အမျိုးသမီး လွှတ်တော်အမတ် ၁၃ ဦး အနိုင်ရ

Must read

၀၂၀ ရွေးကောက်ပွဲတွင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD)မှ အမျိုးသမီးလွှတ်တော်အမတ် (၁၃) ဦး အနိုင်ရရှိ ကြောင်း သတင်းရရှိသည်။

Nang San San Aye/ Facebook

SNLD ပါတီမှ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၆ ဦးဝင်ရောက်ယှဉ်ပြိုင်ရာ သျှမ်းပြည်တဝှမ်းတွင် ၁၃ ဦး အနိုင်ရ ရှိခဲ့သည်။

အမျိုးသမီးလွှတ်တော် အနိုင်ရသည့် နေရာများမှာ အမျိုးသားလွှတ်တော် တွင် (၁) နေရာ၊ ပြည်သူ့လွှတ်တော် တွင် (၅) ဦး နှင့် ပြည်နယ်(၁)တွင် (၆) ဦး နှင့် ပြည်နယ်(၂)တွင် (၁)ဦးတို့ဖြစ်ကြောင်းသိရသည်။

အမျိုးသားလွှတ်တော်နေရာတွင် နန်းမွန်းစိန်၊ ပြည်သူ့လွှတ်တော်နေရာတွင် မူဆယ်မှ နန်းထွေးမှုံ၊ သီပေါမြို့နယ်မှ နန်းစမ်းစမ်းအေး၊ နမ္မတူမြို့နယ်မှ နန်းခမ်းအေး၊ ကွန်ဟိန်းမြို့နယ်မှ နန်းခင်စော၊ မိုးနဲမြို့နယ် မှ နန်းရွှေညွန့် တို့ဖြစ်သည်။

ပြည်နယ်(၁) တွင် သိန္နီမြို့နယ် မှ နန်းခင်ထားရီ၊ သီပေါမြို့နယ် မှ နန်းဥမ္မာ(ခ) နန်းမွမ်းမွမ်းပေါင်း၊ ကျောက်မဲမြို့နယ် မှ နန်းအိမွန်အောင်၊ မိုင်းရှူးမြို့နယ်မှ နန်းကောင်ခမ်း၊ လင်းခေးမြို့နယ် မှ နန်းခမ်းဦး နှင့် မောက်မယ်မြို့နယ်မှ နန်းဖွေးဟွမ်ဦးတို့ ဖြစ်ကြောင်းသိရသည်။

ပြည်နယ် (၂)တွင်မူ လွိုင်လင်မြို့နယ် မှ နန်းမြထွေး က အနိုင်ရရှိထားသည်။

၂၀၁၅ ရွေးကောက်ပွဲက SNLD မှ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ၆ နေရာသာရရှိခဲ့ပြီး၊ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ တွင် အမျိုးသမီး ၁ ဦး အနိုင်ရရှိခဲ့သည်။

SNLD သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ၄၂ နေရာ (သျှမ်းပြည်တွင် ၁ နေရာနှင့်ကချင်တွင် ၁ နေရာ ) ရရှိထား သည်ဖြစ်ရာ အမျိုးသားလွှတ်တော် (၂)နေရာ၊ ပြည်သူ့လွှတ်တော်တွင် (၁၃)နေရာ၊ ပြည်နယ်(၁)တွင် (၁၂) နေရာ ၊ ပြည်နယ်(၂)တွင် (၁၄) နေရာ နှင့် ကချင်ပြည်နယ် မံစံမြို့နယ် ပြည်နယ်(၂)တွင် (၁)နေရာတို့ဖြစ်ပါသည်။

Leave a Comments

- Advertisement -spot_img

Latest article