USDP မှ တချို့ မြို့နယ် မဲရလဒ် အတွက် ပုံစံ ၁၉ လက်မှတ်မထိုးသေး

သျှမ်းပြည် တချို့မြို့နယ် များတွင် ပြည်ထောင်စုကြံ့ခိုင်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သည် မဲစာရင်း၊ရလဒ် အဖြေ အတွက် ပုံစံ ၁၉ ကို လက်မှတ်ရေးထိုးခြင်း မရှိသေးကြောင်းစုံစမ်းသိရှိရသည်။

YANGON, MYANMAR, NOVEMBER 06: Supporters of the ruling Union Solidarity and Development Party (USDP) participate at a campaign rally in the Thingangyun township in Yangon, Myanmar on November 06, 2015. The general elections will be held on November 08, 2015. (Photo by Alexandra Radu/Anadolu Agency/Getty Images)

နိုဝင်ဘာ ၉ ရက်နေ့က ပြည်ထောင်စုကြံ့ခိုင်းရေးဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ရွေးကောက်ပွဲကော်မရှင်၏ မဲစာရင်း ပုံစံ ၁၉ ကို လက်မှတ်မရေးထိုးရန် ကန့်ကွက်စာတစ်စောင် လူမှုကွန်ရက်စာမျက်နှာတွင် ထွက်ပေါ်လာသည်။

“ ကျနော်တို့ တချို့နေရာတွေမှာ ပုံစံ (၁၉ ) လက်မှတ်ရေးထိုးတာရှိတယ်။ တချို့ မြိုနယ်မှာတော့ မထိုးရသေးဘူး” ဟု USDP ဗဟိုပါတီ ကော်မတီဝင်၊ သျှမ်းပြည် တောင်ပိုင်း ပြည်နယ်ကော်မတီဝင် ဦးစိုင်းဇော်ဇော် က သျှမ်းသံတော်ဆင့် ကို ပြောသည်။

အဆိုပါ လက်မှတ်ရေးထိုးထားသောမြို့နယ်တချို့မှာ လွိုင်လင်မြို့နယ်နှင့် မိုင်းပန်မြို့တို့ဖြစ်ကြောင်း ဦးစိုင်းဇော်ဇော် ကပြောသည်။

လက်မှတ်မထိုးရသေးသော ဦးစိုင်းဇော်ဇော်က “ကျနော်တို့ကို ထိုးဖို့လည်း မပြောသေးဘူး။ ပြီးတော့ ကျနော်လည်း မဲရေတွက်တဲ့ မဲစာရင်းကို လိုချင်သေးတယ်။ ကျနော်တို့ ပါတီက နယ်ကကိုယ်စားလှယ်လောင်းတွေ ပြုစုထားတဲ့မဲစာရင်းနဲ့ မြို့နယ်ကော်မရှင်ရဲ့ အဖွဲ့ခွဲက ထုတ်ပြန်ထားတဲ့ မဲစာရင်းဘယ်လိုကွာဟ နေလဲဆိုတာကို ကျနော်တိုက်စစ်ဆေးချင်သေးတယ်” ဟု ပြောသည်။

သျှမ်းပြည်တွင် USDP ပါတီ လက်မှတ်မထိုးရသေးသောနေရာများကို စာရင်းပြုစုနေသေးကြောင်း ဦးစိုင်းဇော်ဇော် ကပြောသည်။

သျှမ်းပြည်တောင်ပိုင်းတွင် ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ( ၈ ) နေရာ အနိုင်ရရှိထားသည်။
အနိုင်ရရှိသည့် မြို့များမှာ မောက်မယ်၊ မိုင်းပန်၊

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

After Election_China

တရုတ်အလိုကျ အစိုးရသစ်ဆီသို့ စစ်အာဏာရှင်အရွေ့က လူထုအတွက် ဗလာနတ္ထိ

0
အာဏာသိမ်းစစ်တပ် ဉီးစီးကျင်းပပြီးသည့် ရွေးကောက်ပွဲရလဒ်များကို အခြေခံ၍ လာမည့်လပိုင်းအတွင်း စစ်ကောင်စီ အသွင်ပြောင်း "အစိုးရသစ်" တစ်ရပ်ကို ဖွဲ့စည်းရန် ပြင်ဆင်နေသည်။ သို့သော်လည်း ဖြစ်စဉ်တစ်ခုလုံးမှာ တရုတ်နိုင်ငံ အလိုကျ ဖန်တီးထားသည့် စစ်အာဏာရှင် သက်တမ်းတိုး အရွေ့တစ်ခုသာဖြစ်ပြီး ပြည်သူလူထုအတွက်မူ အနှစ်သာရ ကင်းမဲ့သော "ဗလာနတ္ထိ" အချိုးအကွေ့တစ်ခုသာ ဖြစ်နေသည်ကို...

ကလောမြို့နယ် စစ်တပ် ကြိုတင်မဲကြောင့် ရှုံးနိမ့်ဟု ဓနုပါတီ ဥက္ကဌဆို

0
သျှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ စစ်ကောင်စီ ရွေးကောက်ပွဲတွင် စစ်တပ် ကြိုတင်မဲကြောင့် ရှုံးနိမ့်ခဲ့ရသည်ဟု ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (DNDP) ဥက္ကဌ ဦးမင်းလွင်ဦး က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ယနေ့ (ဇန်နဝါရီလ ၁၂) ရက်တွင် ရေးသားထားသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်)...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...

သီပေါဒေသခံများကို ဆန်၊ ဆီ၊ ငါးခြောက်ပေးပြီး USDP စည်းရုံးရေးဆင်းသော်လည်း လူထုစိတ်မဝင်စား

0
သျှမ်းပြည် သီပေါမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP မှ ဒေသခံများကို ဆန်၊ ဆီ၊ ငါးပိ ငါးခြောက်များ ပေး၍ စည်းရုံးရေးဆင်းနေသော်လည်း လူထုစိတ်ဝင်စားမှု မရှိကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၇) ရက်တွင် သီပေါမြို့နယ် မိုးတေကျေးရွာအုပ်စုရှိ ကွန်စံလိတ် မူလတန်းကျောင်းတွင် ပြည်ခိုင်ဖြိုးပါတီ USDP...

မောက်မယ်မြို့နယ် USDP ကြံ့ခိုင်ရေးပါတီ လွှတ်တော်အမတ် နှမ်းခင်းထဲ ပစ်သတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်သည် နှမ်းခင်းသွားနေစဉ် အမည်မသိ လက်နက်ကိုင်၏ ပစ်သတ်ခံရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၁၁ ရက်) နံနက် ၈ နာရီခွဲ အချိန်တွင် မောက်မယ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ကိုယ်စားပြု ပြည်သူ့လွှတ်တော်...