ကလောမြို့နယ် စစ်တပ် ကြိုတင်မဲကြောင့် ရှုံးနိမ့်ဟု ဓနုပါတီ ဥက္ကဌဆို

သျှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ စစ်ကောင်စီ ရွေးကောက်ပွဲတွင် စစ်တပ် ကြိုတင်မဲကြောင့် ရှုံးနိမ့်ခဲ့ရသည်ဟု ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (DNDP) ဥက္ကဌ ဦးမင်းလွင်ဦး က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ယနေ့ (ဇန်နဝါရီလ ၁၂) ရက်တွင် ရေးသားထားသည်။

ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်) က ပြုလုပ်သည့် စစ်ကောင်စီ ရွေးကောက်ပွဲ ကလောမြို့နယ်၊ ပြည်နယ်လွှတ်တော် ဓနုပါတီ (DNDP) ကိုယ်စားပြု ဝင်ရောက်ယှဥ်ပြိုင်ရာ ဓနုပါတီ (DNDP) ၂၈၁၇၄ မဲ၊ ကြံ့ခိုင်ရေးပါတီ ၂၉၄၇၆ မဲနှင့် PNO ပြည်သူ့စစ်ပါတီ ၂၇၁၈၃ မဲ အသီးသီး ရရှိခဲ့သည်။

“တပ်ကြိုတင်မဲ ၂၀၀၀ ကျော်နဲ့ တပ်မဲရုံ ၁၂ ခု ၃၀၀၀ ကျော်၊ စုစုပေါင်း ၅၀၀၀ ကျော်မှာ ဓနုက ၇၄ မဲပဲရပါတယ်” ဦးမင်းလွင်ဦးက ဆိုသည်။

အောင်ပန်းမြို့ပေါ်ရှိ ရပ်ကွက်ကိုးခု၊ မြင်းမထိကျေးရွာအုပ်စု၊ နောင်ရဲအုပ်စု၊ ကမ္ဘားနီအုပ်စု၊ ဟဲဟိုးမြိုပေါ်ရှိ ရပ်ကွက် ငါးခု၊ ဘော်ဆိုင်းအုပ်စု၊ ကျောက်ထပ်ရွာမဲရုံ၊ ပင်မှီအုပ်စု၊ လယ်ကြားအုပ်စု၊ လွယ်မောအုပ်စု၊ ဟင်းခါးပင်အုပ်စု စာရင်းများအရ ဓနုပါတီက ကြံ့ခိုင်ရေး USDP နှင့် PNO ပအိုဝ်း ပြည်သူ့စစ်ပါတီကို မဲတစ်သောင်းကျော် ဖြတ်ထားခဲ့သော်လည်း တောင်ရိုးနယ်၊ ပအိုဝ်းနယ်၊ ထနော့နယ်၊ ပလောင်နယ်၊ အောင်ပန်း အချို့ ရပ်ကွက်၊ ကလောမြို့ မဲရုံအားလုံးတွင် မဲရှုံးခဲ့ကြောင်း ရေးသည်။

ကလောမြို့နယ် ပြည်သူ့လွှတ်တော် နေရာတွင်မူ အထက်တန်း အောင်လက်မှတ် အတု ပြုလုပ်မှုဖြင့် ဓနုပါတီ ကိုယ်စားလှယ်လောင်း ဝင်ရောက် ယှဥ်ပြိုင်ခွင့် မရရှိခဲ့ဘဲ PNO နှင့် ကြံ့ခိုင်ရေးပါတီသာ အဓိက ယှဥ်ပြိုင်ရာ ကြံ့ခိုင်ရေးပါတီမှ ဒေါက်တာနန္ဒာလှမြင့် အနိုင်ရရှိထားသည်ဟု မြို့ခံများက ဆိုသည်။

ဓနုပါတီ အနေဖြင့် ပြည်နယ်လွှတ်တော် ၆ နေရာပြိုင်ခဲ့ရာ မဲစုစုပေါင်း တစ်သိန်းကျော်ရရှိထားပြီး PR အချိုးအရ လွှတ်တော်အတွင်း ၂ ဦး ရောက်သွားဖို့ ရှိနေကာ ရွာငံမြို့နယ်တွင် ၃ ဦးစလုံး အနိုင်ရရှိပါက လွှတ်တော် အသီးသီးသို့ ကိုယ်စားလှယ် ၄ ဦး (သို့) ၅ ဦး ရောက်ရှိသွားမည် ဖြစ်ကြောင်း ဖြစ်ကြောင်း ဦးမင်းလွင်ဦးက ရေးသားထားသည်။

ကလောမြို့နယ်တွင် တပ်မ (၅၅)၊ စစ်ဦးစီး တက္ကသိုလ်၊ အောင်ပန်း စစ်ဆေးရုံနှင့် အမြောက်တပ်၊ လေကြောင်းရန် ကာကွယ်ရေးတပ်၊ အင်ဂျင်နီယာတပ် စသည်ဖြင့် စစ်တပ်များစွာ အခြေစိုက်ထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ်ချုပ်ကိုင် လွှတ်တော်နှင့် မြန်မာ့နိုင်ငံရေး အနာဂတ်

0
စစ်ကော်မရှင်ဘက်မှ အတုအယောင် ရွေးကောက်ပွဲမှတဆင့် တက်လာသည့် ရုပ်ပြအရပ်သား အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်ပါက နိုင်ငံတကာ တရားဝင်မှုနှင့် အကူအညီ ထောက်ပံ့မှုများ ရရှိလာပါက တော်လှန်ရေးအတွက် ကြီးမားသည့် ရိုက်ခတ်မှုများ ရှိလာနိုင်ကြောင်း စစ်အာဏာရှင်ကို တော်လှန်နေသည့် လူငယ်များက ပြောဆိုလိုက်သည်။

သျှမ်းပြည်လွှတ်တော် ဥက္ကဋ္ဌအဖြစ် USDP ပါတီမှ စိုင်းလုံကျော် ဖြစ်လာ

0
သျှမ်းပြည်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဖယ်ခုံမြို့နယ်တွင် အချိုးကျကိုယ်စားပြုစနစ်ဖြင့် ရွေးကောက်ခံခဲ့ရသည့် စိုင်းလုံကျော်ကို တင်မြှောက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၂၀ ရက်) နံနက် ၁၀ နာရီတွင် တောင်ကြီးမြို့ရှိ သျှမ်းပြည်နယ် လွှတ်တော်ရုံး အစည်းအဝေးခန်းမတွင် တတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော်ကို စတင်ခေါ်ယူ ကျင်းပခဲ့သည်။ အဆိုပါ...
After Election_China

တရုတ်အလိုကျ အစိုးရသစ်ဆီသို့ စစ်အာဏာရှင်အရွေ့က လူထုအတွက် ဗလာနတ္ထိ

0
အာဏာသိမ်းစစ်တပ် ဉီးစီးကျင်းပပြီးသည့် ရွေးကောက်ပွဲရလဒ်များကို အခြေခံ၍ လာမည့်လပိုင်းအတွင်း စစ်ကောင်စီ အသွင်ပြောင်း "အစိုးရသစ်" တစ်ရပ်ကို ဖွဲ့စည်းရန် ပြင်ဆင်နေသည်။ သို့သော်လည်း ဖြစ်စဉ်တစ်ခုလုံးမှာ တရုတ်နိုင်ငံ အလိုကျ ဖန်တီးထားသည့် စစ်အာဏာရှင် သက်တမ်းတိုး အရွေ့တစ်ခုသာဖြစ်ပြီး ပြည်သူလူထုအတွက်မူ အနှစ်သာရ ကင်းမဲ့သော "ဗလာနတ္ထိ" အချိုးအကွေ့တစ်ခုသာ ဖြစ်နေသည်ကို...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...

သီပေါဒေသခံများကို ဆန်၊ ဆီ၊ ငါးခြောက်ပေးပြီး USDP စည်းရုံးရေးဆင်းသော်လည်း လူထုစိတ်မဝင်စား

0
သျှမ်းပြည် သီပေါမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP မှ ဒေသခံများကို ဆန်၊ ဆီ၊ ငါးပိ ငါးခြောက်များ ပေး၍ စည်းရုံးရေးဆင်းနေသော်လည်း လူထုစိတ်ဝင်စားမှု မရှိကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၇) ရက်တွင် သီပေါမြို့နယ် မိုးတေကျေးရွာအုပ်စုရှိ ကွန်စံလိတ် မူလတန်းကျောင်းတွင် ပြည်ခိုင်ဖြိုးပါတီ USDP...