CATEGORY

သတင်း

သျှမ်းပြည် တဝှမ်း ကိုဗစ်-၁၉ အတည်ပြုလူနာ (၁၆၁) ဦး ဆေးကုသခံနေဆဲ

သျှမ်းပြည် တဝှမ်း တွင် ယမန်နေ့ ( ဒီဇင်ဘာ ၂၀) နေ့ထိ ကိုဗစ်- ၁၉ အတည်ပြုလူနာ ၁၆၁ ဦးဆေးကုသခံနေဆဲ ဟု စုံစမ်းသိရှိရသည်။ ထို ကိုဗစ်-၁၉ လူနာ (၁၆၁) ဦးသည် ဆေးရုံတက်လူနာများဖြစ်ပြီး၊ သျှမ်းပြည်တောင်ပိုင်းတွင် ကိုဗစ် ၁၉ အတည်ပြုလူနာ...

နမ္မတူမြို့နယ်ရှိ စစ်ရှောင်များ နေရပ်မပြန်နိုင်သေး

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း တိုက်ပွဲများ ငြိမ်သက်နေသော်လည်း စစ်ဘေးရှောင် (၁၀၀)ကျော်ကျန်ရှိနေသေးကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ (၁၇) ရက် နေ့လည်ပိုင်းက ပစ်ခတ်မှု ငြိမ်နေသဖြင့် စစ်ဘေးရှောင်များ နေရပ်ကို ပြန်သွားကာ နာရီပိုင်းအကြာတွင် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည် တပ်မတော်(RCSS/SSA)နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တို့ တိုက်ပွဲပြန်ဖြစ်ပွားမှုကြောင့်...

မိုင်းဖုန်းဆရာတော်၏ သက်တော် (၅၇)နှစ်ပြည့် ဝိဇာတ မွေးနေ့ပွဲကို စည်းကားစွာ ပြုလုပ်မည်မဟုတ်

လာမည့် ဇန်နဝါရီလ ၅ရက် တွင် ကျရောက်မည့် မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တ ဉာဏသံဝရ ၏ သက်တော် (၅၇)နှစ်မြောက် ဝိဇာတ မွေးနေ့ပွဲကို စည်းကားစွာပြုလုပ်မည်မဟုတ်ဘဲ ကိုယ့်ဒေသ အစီစဉ်ဖြင့် ပြုလုပ်သွားမည် ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ သျှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ် မိုင်းဖုန်းကျောင်း တွင် နှစ်စဉ်နှစ်တိုင်း...

တောင်ကြီးမြို့နယ် တွင် ကိုဗစ်-၁၉ ဆေးကုသခံနေသူ ၉ ဦးရှိ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြု လူနာ ဆေးကုသမှု ခံယူထားသူ (၉) ဦး ကျန်ရှိကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ (၂၁) ရက်နေ့ထိ တောင်ကြီးမြို့နယ်ရှိ ကိုဗစ်-၁၉ အတည်ပြု လူနာ စုစုပေါင်း (၁၃၈) ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၁၂၈) ဦး ၊...

CSSU ရဲ့ ထိပ်သီး ခေါင်းဆောင်တွေ ပါ၀င်ဆွေးနွေးတော့ ကောင်းတဲ့အခင်းအကျင်းဖြစ်တယ်

(CSSU ရဲ့ပြောရေးဆိုခွင့်ရှိသူ စိုင်းကျော်ညွန့်နှင့်ဆက်သွယ်မေးမြန်းခန်း) ဒီဇင်ဘာလ ၁၇ ရက်ကနေ ၁၉ ရက်နေ့အထိ ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) အထူးအစည်းအဝေးကို အွန်လိုင်းကနေ ပြုလုပ်ကျင်းပခဲ့ပါတယ်။ ဒီအွန်လိုင်းအစည်းအ၀ေးမှာ CSSU အဖွဲ့အစည်းအသီးသီးက ထိပ်သီးခေါင်းဆောင်တွေအပြင် အလုပ်အမှုဆောင်အဖွဲ့တွေ စုစုပေါင်း ၅၆ ယောက်တက်ရောက်ခဲ့တယ်လို့သိရပါတယ်။ အခုလို စုံစုံညီညီမကျင်းပ ရတာကြာပြီဖြစ်တဲ့ ဒီ...

လာမယ့်လွှတ်တော်မှာအမျိုးသမီးအမတ်တွေ ဆုံးဖြတ်ချက်ချနိုင်တဲ့ ကဏ္ဍတွေမှာ ပါဝင်လာစေလို

လက်ရှိ နိုင်ငံရေးတွင် အမျိုးသမီးများပါတီဝင်မှု အခြေအနေများ၊ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ၏ ဆောင်ရွက်ချက်များနှင့် အမျိုးသမီး၏အခန်းကဏ္ဍများအတွက် အစိုးရ၏ဆောင်ရွက်ချက်များ အားရကျေနပ်ဖွယ်ရှိ/မရှိနှင့်စပ်လျဉ်း၍ ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း (SWAN) မှ ဒါရိုက်တာ နန်းမွန်းကိန်အား သျှမ်းသံတော်ဆင့်သတင်းထောက် ယိင်းတိုင်းက မေးမြန်းထားပါသည်။ မေး - ရှမ်းပြည်နယ်က အမျိုးသမီးတွေနိုင်ငံရေးရေချိန်တက်လာပြီလို့ပြောလို့ရလား။ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်လာမှုနှုန်းကရော...

နမ့်စန်မြို့နယ်တွင် မူးယစ်ဆေးဝါး တန်ဖိုးငွေ ကျပ် သိန်း ၆ ရာဖိုးဖမ်းဆီးရမိ

ဒီဇင်ဘာ ၁၇ နေ့လည် ၁နာရီအချိန်တွင် နမ့်စန်မြို့နယ်၊ ခိုလမ်မြို့၊ ခိုအွတ်ကျေးရွာအုပ်စု၊ ကောင်းဟောင်းကျေးရွာနေ စံဒေဝါ ၃၅ နှစ်၏ နေအိမ်ကို ခိုလမ်နယ်မြေရဲ  တပ်ဖွဲ့ဝင်များမှ  ဝင်ရောက်စစ်ဆေးရာ မူးယစ်ဆေးဝါး များကိုဖမ်းဆီး တွေ့ရှိရကြောင်းသိရသည်။ အိမ်ရှင်စံဒေဝါ  အိမ်တွင်ရှိနေပြီး ၎င်း အိပ်ခန်းတွင် ပလတ်စတစ်ကပ်ခွာအိတ်ဖြင့်ထည့်ထားသည် စိတ်ကြွရူးသွပ်ဆေးပြား ၁၃၅၀...

မိုင်းဖုန်းဆရာတော်မိန့်မှာသည့် လွိုင်လင်မြို့ကစေတီတော် တည်ဆောက်မှု တပ်ပိုင်မြေဆိုပြီး ရလခတိုင်းတားမြစ်

သျှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့နယ်၊ လွိုင်ဝိန်း သာသနာတောင်တွင် မိုင်းဖုန်းဆရာတော်   ခူးဝါးဝန်းစုမ့် မိန့်မှာထားသည့် စေတီတော်တည်ဆောက်ရေး တာ၀န်ယူသည့်သံဃာတော်များအား ရလခတိုင်းက လာရောက်တားမြစ်ကြောင်းသိရသည်။ ဒီဇင်ဘာ ၁၇ ရက်နေ့က အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဉီးဆောင်သည့်အဖွဲ့က လွိုင်ဝိန်းသို့ရောက်လာပြီး တပ်ပိုင်မြေဖြစ်သောကြောင့် စေတီတော်ဆက်တည်ဆောက်ခွင့်မပြုကြောင်း ပြောဆိုခဲ့သည်ဟုဆိုပါသည်။ လွိုင်လင်ဓါတ်တော်ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဒေါက်တာပညာနန္ဒက - “ဒုတိုင်းမှူး...

တာချီလိတ်မြို့နယ်တွင် အိုက်စ်မူးယစ်ဆေး ကျပ် ၁ ဘီလီယံ စာဖမ်းမိ

သျှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၁ ဘီလီယံတန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးများကို ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။   ဒီဇင်ဘာ ၁၆ ရက် က   တာချီလိတ်မြို့နယ်၊ လွယ်ဆထုံကျေးရွာ၊ လောကဓမ္မဘုန်းကြီးကျောင်းလမ်းတွင် မူးယစ်ဆေး၀ါးတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့က စောင့်ကြပ်စစ်ဆေးရာ မော်တော်ယာဉ် ၂ စီးထံမှ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်းသိရသည်။ ယန်းခေါင်းကျေးရွာ မှ လောကဓမ္မဘုန်းကြီးကျောင်းဘက်သို့ အားဝေ မောင်းနှင်လာသည့်...

သျှမ်းပြည်ညီညွှတ်ရေးကော်မတီ CSSU အစည်းအဝေး ကျားဖြူပါတီ ဥက္ကဌ မတက်ရောက်

၂၀၂၀ ခုနှစ် သျှမ်းပြည်ညီညွှတ်ရေးကော်မတီ CSSU အစည်းအဝေးအား လက်ရှိကျင်းပနေရာမှာ အဖွဲ့ဝင်အသီးသီးမှ ခေါင်းဆောင်များအားလုံးတက်ရောက်နိုင်သော်လည်း ကျားဖြူပါတီ ဥက္ကဌ က ကျန်းမာရေးကြောင့် တက်ရောက်နိုင်ခြင်းမရှိကြောင်းကြားသိရသည်။ ကိုဗစ်ကာလ သွားလာမှုခက်ခဲသောကြောင့် CSSU အစည်းအဝေးကို ဒီဇင်ဘာ ၁၇ မှ ၁၈ ရက်နေ့ အထိ အွန်လိုင်းဖြင့်သာ ကျင်းပပြု...

Latest news