Wednesday, January 28, 2026

တောင်ကြီးမြို့နယ် တွင် ကိုဗစ်-၁၉ ဆေးကုသခံနေသူ ၉ ဦးရှိ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြု လူနာ ဆေးကုသမှု ခံယူထားသူ (၉) ဦး ကျန်ရှိကြောင်း စုံစမ်းသိရှိရသည်။

ဒီဇင်ဘာ (၂၁) ရက်နေ့ထိ တောင်ကြီးမြို့နယ်ရှိ ကိုဗစ်-၁၉ အတည်ပြု လူနာ စုစုပေါင်း (၁၃၈) ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၁၂၈) ဦး ၊ ဆေးကုသမှု ခံယူသူ (၉) ဦး နှင့် သေဆုံးသူ (၁) ဦးရှိကြောင်း တောင်ကြီးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမိုးထွန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

တောင်ကြီးမြို့နယ်ရှိ Quarantine Center တွင်းဝင်ရောက်သူ စုစုပေါင်း (၉၇၀) ဦးရှိပြီး Hotel Quarantine ဝင်ထားသူ (၂၂) ဦးရှိကြောင်း ဒေါက်တာမိုးထွန်း ကပြောသည်။

“လေကြောင်းလိုင်းနဲ့ ပြန်လာတဲ့သူတွေကို Hotel Quarantine (၂) ခု ထပ်တိုးထားပါတယ်” ဟု ဒေါက်တာမိုးထွန်း ကပြောသည်။

တောင်ကြီးမြို့ပေါ်ရှိ မင်္ဂလာဦးရပ်ကွက်သည် ပိုးတွေ့လူနာ အများဆုံး ရှိသည့်အတွက် ထိုရပ်ကွက်ကို Stay at Home အဖြစ် ဒီဇင်ဘာ (၂၅) ရက်နေ့အထိ သက်တမ်းတိုးထားကြောင်း လည်းသိရသည်။

“ ဒီလ ၁၁ရက် မှာ ပိုးတွေ့လူနာ (၅) ဦးရှိတဲ့အတွက်ကြောင့် မင်္ဂလာဦး ရပ်ကွက်အနေနဲ့ ဖြစ်ပွားမှုများတယ်ပေါ့နော်။ အဲ့ဒီနောက်ဆုံးတွေ့ရှိတဲ့ရက်ကနေ ၂ ပတ်အထိ ရောဂါကူးစက်မှု ဖြတ်တောက်နိုင်ရန်အတွက် ကျနော်တို့ သက်တမ်းတိုးလိုက်တာဖြစ်တယ်။ အဲ့ဒီအတွက်ကြောင့်မလို့ ၂၅ ရက်နေ့ထိ သက်တမ်းတိုးထားတာပဲ ဖြစ်ပါတယ်” ဒေါက်တာမိုးထွန်း ကပြောသည်။

ဒီဇင်ဘာ (၂၀)ရက်နေ့ ည(၈) နာရီ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ အတည်ပြု လူနာအသစ် (၉၄၇) ဦး ၊ ဆေးရုံဆင်းခွင့်ရသူ ( ၁၂၆၉ ) ဦး နှင့် သေဆုံးသူ (၁၉ ) ဦးရှိကြောင်း အားကစားနှင့် ကျန်းမာရေး ဝန်ကြီးထုတ်ပြန်ချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးနှင့် ကလောမြို့နယ် ကြိုတင်မဲ ကြံ့ခိုင်ရေးပါတီ အပြတ်အသတ် အနိုင်ရ

0
သျှမ်းတောင်၊ တောင်ကြီးမြို့နယ်နှင့် ကလောမြို့နယ်တို့တွင် ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့က ကြိုတင်မဲများ ရေတွက်ရာ ကြံ့ခိုင်ရေးပါတီက မဲထောင်ချီ အပြတ်အသတ် အနိုင်ရရှိကြောင်း သတင်းရင်းမြစ်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။ စစ်တပ် ပြုလုပ်သည့် ရွေးကောက်ပွဲ ကြိုတင်မဲများကို ရေတွက်ရာ တောင်ကြီးမြို့နယ်တွင် ပြည်သူ့လွှတ်တော် နေရာ အတွက်...

တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာ မကြုံစဖူး တောင်ကျရေကြောင့်နေအိမ်ထဲထိ ရေဝင်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာတွင် မကြုံစဖူး တောင်ကျရေကြောင့် နေအိမ်ထဲထိ ရေများဝင်ရောက်ပြီး ပျက်စီးမှုများစွာ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်တွင် တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေများသည် မကြုံစဖူး နေအိမ်ထဲထိ ရုတ်တရက်ဝင်ရောက်ပြီး လမ်းများတွင် ကျောက်တုံး၊ သစ်တုံးနှင့်...

အေးသာယာ ရပ်ကွက် အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းမဲပေါက်သူထံ ပိုက်ဆံယူပြီး မဲမပေါက် လူငယ်ကို အစားထိုးခေါ်ထည့်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အေးသာယာမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ စစ်မှုထမ်းမဲပေါက်သူထံ ပိုက်ဆံယူပြီး မဲမပေါက်သည့် လူငယ်ကို လူစားထိုးခေါ်ထည့် နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်မှ စပြီး စစ်မှုထမ်း အမှတ်စဉ် (၁၅)အတွက် အေးသာယာတွင် မဲနှိုက် နယ်မြေ (၈) (က) ရပ်ကွက်တွင် သုံးဦးမဲပေါက်ပြီး...

တောင်ကြီးမြို့နယ် ကျောက်နီအုပ်စုတွင် ကျေးရွာပိုင်စားကျက်မြေများကို စစ်တပ်သိမ်းဆည်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာအုပ်စုရှိ ကျေးရွာပိုင် စားကျက်မြေများကို စစ်ကောင်စီတပ်မှ သိမ်းဆည်းလိုက်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ အဆိုပါ သိမ်းဆည်းခံရသည့် စားကျက်မြေများသည် တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာ၊ ရေပူကျေးရွာနှင့် သရက်ပင်လှကျေးရွာ စသည့် ကျေးရွာများမှ ပိုင်ဆိုင်သည့် စားကျက်မြေများ ဖြစ်ခဲ့သည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကောင်စီတပ်မှ သိမ်းဆည်းလိုက်ခြင်းကြောင့်...

တောင်ကြီးခရိုင် စစ်ကောင်စီမှခေါ်ဆောင်ခံရသည့် စစ်မှုထမ်းလူငယ်များ ရှေ့တန်းတွင်သေဆုံး

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်း စစ်ကောင်စီမှ စစ်မှုထမ်းရန် အတွက် ခေါ်ဆောင်ခံရသည့် လူငယ်များ ရှေ့တန်းတွင် သေဆုံးမှုများရှိနေကြောင်း ဒေသခံများထံ စုံစမ်းသိရသည်။ ထိုသူများသည် တောင်ကြီးမြို့နယ်နှင့် ညောင်ရွှေမြို့နယ်များမှ စစ်မှုထမ်း အပတ်စဉ် (၅) နှင့် (၆) အတွက် စစ်မှုထမ်းခေါ်ဆောင်ခံသွားရသည့် လူငယ်များဖြစ်ကြသည်။ ဇန်နဝါရီလ (၅) ရက်မှ (၁၀)...