CSSU ရဲ့ ထိပ်သီး ခေါင်းဆောင်တွေ ပါ၀င်ဆွေးနွေးတော့ ကောင်းတဲ့အခင်းအကျင်းဖြစ်တယ်

(CSSU ရဲ့ပြောရေးဆိုခွင့်ရှိသူ စိုင်းကျော်ညွန့်နှင့်ဆက်သွယ်မေးမြန်းခန်း)

ဒီဇင်ဘာလ ၁၇ ရက်ကနေ ၁၉ ရက်နေ့အထိ ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) အထူးအစည်းအဝေးကို အွန်လိုင်းကနေ ပြုလုပ်ကျင်းပခဲ့ပါတယ်။ ဒီအွန်လိုင်းအစည်းအ၀ေးမှာ CSSU အဖွဲ့အစည်းအသီးသီးက ထိပ်သီးခေါင်းဆောင်တွေအပြင် အလုပ်အမှုဆောင်အဖွဲ့တွေ စုစုပေါင်း ၅၆ ယောက်တက်ရောက်ခဲ့တယ်လို့သိရပါတယ်။ အခုလို စုံစုံညီညီမကျင်းပ ရတာကြာပြီဖြစ်တဲ့ ဒီ CSSU အစည်းအ၀ေး  ၃ ရက်တာ ကျင်းပနေချိန်မှာ  သျှမ်းပြည်မြောက်ပိုင်းမှာလည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေဖြစ်ပွါးနေတာကြောင့် သျှမ်းပြည်သားတွေ အထူးစိတ်၀င်စားနေပါတယ်။   ဒီအစည်းအ၀ေးကနေ ဘယ်လိုထူးခြားတဲ့ သသောတူညီချက်တွေရရှိခဲ့ပါသလဲ ။  CSSU ရဲ့ ပြောရေးဆိုခွင့် ရှိသူ စိုင်းကျော်ညွှန့်  ကို သျှမ်းသံတော်ဆင့်သတင်းထောက် ယိင်းတိုင်းက တွေ့ဆုံမေး မြန်းထားပါတယ်။

Photo: SSPP Info – ၂၀၁၇ ခုနှစ်အတွင်းက ထိုင်းနိုင်ငံ ချင်းမိုင်တွင် ပြုလုပ်ခဲ့သည့် CSSU အစည်းအဝေးအား တွေ့ရစဉ်

မေး ။                ။ ဒီတစ်ခေါက် CSSU အစည်းအဝေး ရဲ့ထူးခြားချက်ကဘာဖြစ်မလဲ ။

ဖြေ ။                ။ မတွေ့တာကြာတဲ့ သျှမ်းထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံတာပေါ့ ။ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခင်းအကျင်း အပြောင်းအလဲ အခြေအနေတွေ အစိုးရအပြောင်းအလဲဖြစ် မယ် ၊ တပ်မတော်ထဲမှာတောင်မှ ကာချုပ်တွေ အပြောင်းအလဲဖြစ်နိုင်တဲ့ ဒီလို အချိန်မှာ တွေ့ဆုံကြတာဆိုတော့ ကောင်းတဲ့ ထူးခြားချက် လို့ပြောလို့ရပါတယ် ။

မေး ။                ။  အရင်က လုပ်ခဲ့တဲ့ အစည်းအဝေးနဲ့ ဒီတစ်ခေါက်လုပ်တဲ့ အစည်း အဝေး ဘာတွေကွာခြားသွားလဲ ။

ဖြေ ။                ။           ဒီတစ်ခေါက်ကတော့ online ပေါ်မှာတွေ့ကြတော့ သူတို့တားလို့မ ရဘူးပေါ့ ။ ခါတိုင်းကတော့ ၂၀၁၆ လောက်ကတည်းက လုပ်ဖြစ်တယ် ရန်ကုန်မှာ တွေ့တယ် အစိုးရပေးမလုပ်တာပေါ့။ တိုက်ရိုက် ပြောတာတော့ မဟုတ်ပေမဲ့  လုပ်မယ့် ဟိုတယ်ကို သွားပြီးဖိအား ပေးတာပေါ့ ။ နောက်ပိုင်းတောင်ကြီးမှာ လုပ်မယ်ဆိုရင်လဲ ဟိုတယ်တွေကိုလက်မခံဖို့ပြောထားတာ တွေရှိတယ် အစိုးရက ။ ထိုင်းအထိသွားလုပ် တာတောင် ထိုင်းအစိုးရကို ဖိအားပေးတာတို့ရှိတယ်။ အခုက လိုင်းပေါ်မှာလုပ်တော့   သူတို့တားလို့မရပါဘူး ။ ကျနော်တို့စီမံခဲ့နိုင်တယ်ပေါ့ လူကြီးတွေ တွေ့ဆုံရဖို့ ။ ဒီနှစ် ၂၀၂၀ ထဲမှာ အစည်းဝေးကြီးဆိုတော့ ဒါဒုတိယ အကြိမ်ရှိပြီပေါ့။ မတ်လ မှာတုန်းက တစ်ကြိမ်လုပ်နိုင်ခဲ့တယ် ။ ဒါပေမဲ့ အဲ့ဒီတုန်းက တကယ့် ထိပ်သီးခေါင်းဆောင်တွေမပါဘူးပေါ့လေ  ။ ဒီတစ်ခေါက်က အထူးအစည်းအဝေးမှာ အွန်လိုင်း ကနေဆိုပေမဲ့ SSJAC ရဲ့ ဥက္ကဌ စဝ်ခွန်ထွန်းဦး   နဲ့ ဒုဥက္ကဌ စဝ်ဆေထင် တို့တက်ကြတယ် ။ RCSS ဖက်မှာလဲ ဗိုလ်ချုပ်ကြီးယွက်ဆစ် ကိုယ်တိုင်တက်တယ်လေ ။ ဆိုတော့ ထိပ်သီး ခေါင်းဆောင်တွေက စကားပြောလို့ရတယ်ဆိုတော့ ကောင်းတဲ့ အခင်းအကျင်း လို့ပြောလို့ရတယ် ။

မေး ။                ။ အစည်းဝေးက သျှမ်းထိပ်သီးခေါင်းဆောင်တွေလဲ စုံညီစွာ ပါဝင်တယ် ဆိုတော့ ဘာတွေ အဓိကထားဆွေးနွေးဖြစ်ကြလဲ ။

ဖြေ ။                ။ CSSU မှာ က နိုင်ငံရေးပါတီပါတယ် CSO တွေပါတယ် တော်လှန်ရေး လက်နက်ကိုင်အင်အားစုတွေပါတယ် ဆိုတော့   ကျနော်တို့သွားချင်တဲ့ ခရီးလမ်းမှာ အားလုံးပါဝင်အောင် အားလုံးအတူတကွ ဘယ်လိုလျှောက်မလဲဆိုတဲ့ အပေါ်မှာ စုပေါင်းခေါင်းဆောင်မှု ပုံစံကို ကျနော်တို့ ပိုပြီး တော့ ဦးစားပေးပြီး ဘယ်လိုပူးပေါင်းအကောင်အထည်ဖော်မယ်ဆိုတဲ့ အပိုင်း ပိုဆွေးနွေးတာ များပါတယ် ။

မေး ။                ။ လက်ရှိအာဏာရအစိုးရနဲ့ ပတ်သက်ပြီး ဆွေးနွေးတဲ့ အချက်တွေရှိလား ။ အစိုးရနဲ့ဘယ်လို ကိစ္စကိုတော့ ပူးပေါင်းသွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေ ချဖြစ်လား ။

ဖြေ ။                ။ အဲ့ဒီအပေါ်မှာ အဓိက ဆွေးနွေးတဲ့ အစည်းအဝေး မဟုတ်ဘူး။ နောက်ပြီး ပူးပေါင်းခြင်းမပူးပေါင်းခြင်းက အစိုးရနဲ့ပိုသက်ဆိုင်ပါတယ်။ သူတို့ဘယ်လို ကမ်းလှမ်းလာ မလဲ ဘယ်လိုစဉ်းစား စီစဉ်မလဲဆိုတာ ကျနော်တို့ ဘာမှမသိရသေးဘူး ။ မသိရသေးတဲ့ အတွက် ကျနော်တို့ဆွေးနွေးစရာမရှိပါဘူး ။

မေး ။                ။ ဒီအစည်းအဝေးမှာ သျှမ်းခေါင်းဆောင်တွေ ရဲ့ ဘုံ သဘော တူညီချက်တွေ ထွက်လာလား  ။

ဖြေ ။                ။ သဘောတူညီချက်ကြီးကြီးမားမား ချမှတ်တာတော့ မရှိပါဘူး ။ ခေါင်းဆောင်တွေ တွေ့ဆုံပြီး အချင်းချင်းတွေ သုံးသပ်နိုင်တယ် စစ်ရေး ၊ နိုင်ငံရေး တွေ အကုန်လုံးပေါ့ ဗျာ စီးပွားရေးပိုင်းဆိုင်ရာ စီမံကိန်းတွေ အကုန်လုံးပေါ့ ။ အနိမ့် ဆုံးအဆင့် အားဖြင့်တော့ ကိုယ့် အချင်းချင်းကြားထဲမှာ ပဋိပက္ခတွေ လျော့ချနိုင်ရေး အဲ့ဒီအပိုင်းကို ဆွေးနွေး ဖြစ်ပါတယ် ။

မေး ။                ။ CSSU ရဲ့ရှေ့လုပ်ငန်းစဉ်တွေ နဲ့ သဘောထားက ဘာတွေ ရှိမလဲ ။

ဖြေ ။                ။ အစကတည်းက ကျနော်တို့ ဒီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ဖို့ မူ ရှိတယ် ။ ပြည်နယ်ဖွဲ့စည်းပုံအခြေခံ မူရေးဆွဲဖို့ အဲ့တာတွေ တော့  ရှိပါတယ် ။ အဲ့ဒီလုပ် ငန်းတွေတော့ ဆက်လုပ်ရ မယ်ပေါ့ဗျာ ၊ နောက်ပြီးတော့ ညီညွှတ်ရေးဆိုတဲ့ အတွက်ကြောင့်မို့လို့ ကျနော်တို့သျှမ်း အမျိုးသား အင်အားစု တစ်စုတည်းတင် မကဘူး တစ်ခြားသျှမ်းပြည်မှာ ရှိတဲ့ တိုင်းရင်းသား အင်အားစုတွေ ပြည်ထောင်စုတစ်ခုလုံးမှာရှိတဲ့ အဖွဲ့အစည်းတွေ တိုင်းရင်းသားအင်အားစုတွေ တစ်ဆင့် ပြီး တစ်ဆင့်တော့ လုပ်ရမယ်ပေါ့  ။ CSO တွေ နိုင်ငံရေးပါတီတွေ တိုင်းရင်းသား လက်နက် ကိုင် တွေတစ်ဆင့်ပြီး တစ်ဆင့် လုပ်ဆောင်သွားဖို့ရှိပါတယ် ။

ဟုတ်ကဲ့ – ကျေးဇူးတင်ပါတယ်။

အဲဒီအစည်းအ၀ေးပြီးတဲ့နေ့မှာဘဲ –   လက်ရှိဆက်လက်ဖြစ်ပွားနေ သည့် တိုက်ပွဲများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုဆိုင်ရာ စီမံကိန်းများကြောင့် ဖြစ်ပေါ်လာ သည့် ပဋိပက္ခများ၊ သျှမ်းပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများအားလုံး ရင်ဆိုင်ကြုံတွေ့ နေရသည့် အခက်အခဲများ၊ မလုံခြုံမှုများနှင့် ပတ်သက်သည်များကို ဆွေးနွေးခဲ့ကြပြီး CSSU အနေဖြင့် ပြည်သူများ လတ်တလော ရင်ဆိုင်နေရသည့် အခက်အခဲများကို ကူညီ ဖြေရှင်းနိုင်ရေး ဆွေး နွေးခဲ့ကြောင်း ၊

ဦးတည်ချက်များ၊ ရည်မှန်းချက်များ ရောက်ရှိအောင်မြင်နိုင်ရေးလုပ်ငန်းကိစ္စ များ ဆောင်ရွက်ရာတွင် သျှမ်းအမျိုးသားအင်အားစုများအကြား စည်းလုံးညီညွတ်ရေး၊ သျှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားအင် အားစု များအကြား စည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားများ အကြား စည်းလုံးညွတ်ညွတ်ရေးတို့ကို အဓိ ကထား ဦးတည်ဆောင်ရွက်သွားကြရမည့် အပြင် စုပေါင်းအင်အား၊ စုပေါင်းဦးဆောင် မှု၊ စုပေါင်း အကောင်အထည်ဖော်ခြင်းတို့ဖြင့် ဆောင်ရွက်သွားရန် CSSU ခေါင်းဆောင် များက လမ်းညွှန်မှုပေးခဲ့ကြောင်း-  CSSU က ကြေညာချက်တစောင်ထုတ်ပြန်လိုက်ပါတယ်။ 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးမိတ်မြို့အနီး ၂ ရက်ဆက် တိုက်ပွဲပြန်ဖြစ်၊ စစ်ရေးဆက်လက်တင်းမာနေ

0
သျှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နင့် စစ်ကော်မရှင်တပ် တို့ အကြား တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး စစ်ရေး ဆက်လက်တင်းမာနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (ဩဂုတ်လ ၁၁ ရက်) မွန်းလွဲ ၁ နာရီခန့်မှစတင်ကာ မိုးမိတ်မြို့နှင့် ၂ မိုင်ခန့်အကွာရှိ ညောင်နီကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ယမန်နေ့(...

တောင်ကြီး လမ်းဘေးစျေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ မြို့မဈေးအနီးရှိ လမ်းဘေးဈေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်းသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်တွင် တောင်ကြီးမြို့ နံနက်ခင်းဈေးတခုတွင် လမ်းဘေးဈေးသည်များကို “ဈေးမသိမ်း”ဟူသော အကြောင်းပြချက်ဖြင့် စည်ပင်များကို ဝင်ရောက်ရိုက်နှက်ကာ ပစ္စည်းများကို သိမ်းဆည်းကာ ကားပေါ်တင်သွားကြောင်း သိရသည်။ အဆိုပါ...

ရယောင်းရှိ တရုတ်ဒေတာစင်တာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ထိုင်းရဲတပ်ဖွဲ့ဝင်စီးနင်း၊ မြန်မာ ၂၀ ဦးဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ ရယောင်းခရိုင်အတွင်း တရုတ်ရင်းနှီးမြှုပ်နှံသူများ ဦးစီးလုပ်ကိုင်နေသည့် ဒေတာစင်တာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကို ထိုင်း အာဏာပိုင်များက ဝင်ရောက်စီးနင်းခဲ့ပြီး တရားမဝင် မြန်မာနိုင်ငံရွှေ့ပြောင်းအလုပ်သမား ၂၀ ဦးနှင့် တရုတ်နိုင်ငံသား ၄ ဦး၊ စုစုပေါင်း ၂၄ ဦး ဖမ်းဆီးရမိခဲ့ကြောင်း ဘန်ကောက်ပို့စ်တွင်ဖော်ပြသည်။ ပြီးခဲ့သည့် သြဂုတ် ၁၁...

၁၀၅မိုင် ကုန်သွယ်ရေးနေရာ ပြန်ပြင်ဆင်ရန် စစ်တပ်က ကားသမားများထံ ငွေကြေးကောက်ခံနေ

0
အာဏာသိမ်းသမ္မတ ဉီးမင်းအောင်လှိုင်သည် ဇွန်လလယ်တွင် တရုတ်နိုင်ငံခရီးစဉ်ကိုထွက်ခွာခဲ့ပြီး တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် နှင့်တွေ့ဆုံးခဲ့ကာ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးကိစ္စကို ဆွေးနွေးခဲ့သည်။ အာဏာသိမ်းသမ္မတဉီးမင်းအောင်လှိုင် တရုတ်ခရီးစဉ်အပြီး သျှမ်းပြည်မြောက်ပိုင်း “၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်ရာတွင် ပါဝင်ခဲ့သည့် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် ( TNLA) ကလည်း နေပြည်တော်သို့ချီတက်ခဲ့ပြီး စစ်ကော်မရှင်၏ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး...

ဖယ်ခုံမြို့နယ် ဒေသခံများနှင့် စစ်ဘေးရှောင်များ ရာသီတုတ်ကွေးဖြစ်၊ ဆေးဝါးအကူအညီလိုအပ်နေ

0
သျှမ်းပြည်တောင်ပိုင်း စစ်ရေးပဋိပက္ခ ဖြစ်ပွားနေသည့် ဖယ်ခုံမြို့နယ် မယ်စုံတောင်ကျေးရွာ ဒေသခံများနှင့် စစ်ဘေးလာရောက်ရှောင်သူများသည် ရာသီတုတ်ကွေးဖြစ်ပွားနေကြပြီး ဆေးဝါးအကူအညီလိုအပ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းမှ စတင်ကာ ဖယ်ခုံမြို့နယ် မယ်စုံတောင်ကျေးရွာ ဒေသခံများ နှင့် ၎င်းကျေးရွာသို့ လာရောက်စစ်ဘေးရှောင်ကြသူ (၁၆၀)ကျော်သည် ရာသီတုတ်ကွေးဖြစ်ပွားကာ ဖျားနာနေကြပြီး ဆေးဝါးကုသ ပေးမည့်သူ နှင့်...