Tuesday, January 27, 2026

မိုင်းဖုန်းဆရာတော်မိန့်မှာသည့် လွိုင်လင်မြို့ကစေတီတော် တည်ဆောက်မှု တပ်ပိုင်မြေဆိုပြီး ရလခတိုင်းတားမြစ်

သျှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့နယ်၊ လွိုင်ဝိန်း သာသနာတောင်တွင် မိုင်းဖုန်းဆရာတော်   ခူးဝါးဝန်းစုမ့် မိန့်မှာထားသည့် စေတီတော်တည်ဆောက်ရေး တာ၀န်ယူသည့်သံဃာတော်များအား ရလခတိုင်းက လာရောက်တားမြစ်ကြောင်းသိရသည်။

Photo Screen Shot from Hsur Heng Mai VDO- ဒုတိုင်းမှူးနှင့်အဖွဲ့ လွိုင်၀ိန်းစေတီတော်တည်ဆောက်မှုအားလာရောက်တားမြစ်စဉ်

ဒီဇင်ဘာ ၁၇ ရက်နေ့က အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဉီးဆောင်သည့်အဖွဲ့က လွိုင်ဝိန်းသို့ရောက်လာပြီး တပ်ပိုင်မြေဖြစ်သောကြောင့် စေတီတော်ဆက်တည်ဆောက်ခွင့်မပြုကြောင်း ပြောဆိုခဲ့သည်ဟုဆိုပါသည်။

လွိုင်လင်ဓါတ်တော်ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဒေါက်တာပညာနန္ဒက – “ဒုတိုင်းမှူး ကိုယ်တိုင် ရောက်လာပြီး စေတီတော်ဆက်မတည်ဖို့ပြောတယ်။ ဒီမြေက တပ်မြေထဲပါတဲ့ အတွက် ခွင့်မပြုနိုင်ဘူးလို့ပြောတယ်။ ဆောက်လက်စ စေတီနဲ့ရှိထားတဲ့ကျောင်းဆောင်တွေကိုတော့ တပ်စေတီ  အဖြစ်ထားရှိသွားမယ်လို့ပြောတယ်။ ဒါပေမယ့် စာနဲ့ပေတဲ့တရား၀င်ရေးလာတာတော့မဟုတ်ဘူး။” – ဟု သျှမ်းသံတော်ဆင့်အားမိန့်တော်မူသည်။

လွိုင်ဝိန်းတောင်စေတီတော် တည်ဆောက်ရေးတွင်တာ၀န်ကျသည့် သံဃာတော်များ နေထိုင်နေပြီး  တပ်မှ ထွက်ခွာခိုင်းပါက၊ ဉီးစီးဆရာတော်များမိန့်လာပါက သံဃာတော်များ ကြွရမည်ဖြစ်ကြောင်း  ကျောင်းထိုင် ဆရာတော် အရှင်စန္ဒာဝရ ကပြောသည်။

 ယနေ့ ဒီဇင်ဘာ ၁၈ ရက်နေ့ စစ်ဖက်မှလာရောက်ကြည့်ရှုရာတွင် “ သူတို့ဖက်ကတော့ လာဖျက်ဆီးတာ တော့ မရှိဘူး။ ဒါပေ့မဲ  ဆောက်လက်စတွေတော့ ဆက်မဆောက်ဖို့လာပြောတာ” ဟု အရှင် စန္ဒာဝရက ပြောသည်။

Photo Credit to Hu Man Hu- ဆောက်လက်စ လွိုင်၀ိန်းသာသနာ့မြေရှိ စေတီတော်နှင့်ကျောင်းဆောင်တချို့

 အဆိုပါနေရာတွင် မိုင်းဖုန်းဆရာတော် လက်ရှိတရားဘာ၀နာကျင့်ကြံရာမိုင်းကျက်ဂူမှ ထွက်လာပါက လာရောက်တည်းခို၊ တရားကျင့်ကြံ၊ တရားဟောကြားရန်အတွက် ကျောင်းဆောင်များပါ ဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း လည်း လွိုင်လင်ဒေသခံများကပြောသည်။

“ဒီနေရာကို ဘုန်းဘုန်းတို့က တရား၀င် အကြိမ်ကြိမ် စာရေးသားတင်ပြထားပြီးပြီး။ နောက်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျိုင်းတုံရောက်တုန်းက ၀စီပိတ်ဆရာတော်ကနေတဆင့် ပြောထားတာလည်းရှိတယ်။ အဲဒီတုန်းက ဗိုလ်ချုပ်မှူးကြီးက အကျိုးအကြောင်းမေးပြီးတော့ – တိုင်းမှူးတွေကိုသွားကြည့်ခိုင်းလိုက်မယ်။ သူတို့စီစဉ်ဆောင်ရွက်ပေးလိမ့်မယ် လို့တောင်ပြောတယ်။”- ဟု ဆရာတော်က ဒေါက်တာပညာနန္ဒက သျှမ်းသံတော်ဆင့်အားထပ်မံမိန့်တော်မူသည်။

လွိုင်ဝိန်းတောင်ရှိသာသနာမြေနေရာသည် နောင်တောင်းနှင့်နောင်ဟူး ရွာသားများက လွိုင်လင်မြို့ ဓါတ်တော်ကျောင်းတိုက်က ကျောင်းထိုင်ဆရာတော်ထံ လှူဒါန်းထားခြင်းဖြစ်ကြောင်းသိရသည်။

“ ရွာ ၂ ရွာက ရွာသားတွေက သူတို့ယာမြေတွေကို ဘုန်းဘုန်းတို့ကိုလှူထားတာ။  ဘုန်းဘုန်းတို့လည်း သွားကြည့်တယ် တိုင်းတာတယ်။ မိုင်းဖုန်းဆရာတော်လည်းကြိုက်တယ်ဒီနေရာ ။ ဆရာတော်တောင် ၂ ခါ ကြွလာပြီးပြီ။” ဟု လွိုင်လင်မြို့ ဓာတ်တော်ကျောင်းတိုက်ဆရာတော် ဒေါက်တာပညာနန္ဒကပြောသည်။

Photo Credit to Hu Man Hu-လွိုင်၀ိန်းတောင်သာသနာ့မြေရှိ မိုင်းဖုန်းဆရာတော်ခူး၀ါး၀န်းစုမ့်စံမြန်းရန်ဆောက်ထားသည့်ကျောင်းဆောင်

လွိုင်ဝိန်းတောင်နေရာကို သာသနာမြေအဖြစ်   ၂၀၁၈ ခုနှစ်က သတ်မှတ်ကာကျောင်း ဆောင်များ ဆွမ်းဆောင်များ တည်ဆောက်လာခဲ့ကြောင်းသိရသည်။   

မိုင်းဖုန်းဆရာတော်မိုင်းကျက်ဂူအောင်းတရားကျင့်ခဲ့သည့် ၂ နှစ်တာကာလအတွင်း လွိုင်ဝိန်းတောင်တွင် စေတီတော်နှင့် ကျောင်းဆောင်များဆောက်လုပ်မှုတွင် စုပေါင်းကာ အပြီးဆောက်လုပ်သွားရန် ၃ ကြိမ်ထက်မနည်း စာရေးသားပေးပို့လာခဲ့ပြီဖြစ်ကြောင်း၊ ၃ နှစ်ပြည့်ပြီး ဆရာတော်ဂူမှထွက်လာပါက စေတီတော်အားထီးလာတင်ပေးမည်ဖြစ်ကြောင်းလည်း ဆရာတော်က စာတွင်ထည့်သွင်းရေးသား ထားသည်ဟုလည်း ဒေါက်တာပညာနန္ဒက မိန့်တော်မူပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးနဲမြို့ဒေသခံများစုပေါင်းကာ ဓမ္မဗိမာန်နှင့်ပြတိုက်တည်ဆောက်မည်

0
သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ်အတွင်း သက်တမ်း ၂၀၀ ကျော်ရှိ ကောင်းမူးမန်းဆားမောင်စံ (ဗိုလ်မှူးမင်းသားမောင်စံစေတီတော်ကြီး) အနီးတွင် ဓမ္မဗိမာန်တည်ဆောက်ရန်မိုးနဲမြို့ခံများစီစဉ်နေကြောင်းသိရသည်။ “အခု ဓမ္မဗိမာန်တည်ဆောက်ဖို့အတွက် အလှူငွေကျပ်သိန်း ၁၀၀ လောက်ဘဲရှိပါသေးတယ်။ ဆရာတော်တွေနဲ့ရပ်မိရပ်ဖ တွေစုပေါင်းဆွေးနွေးပြီးတော့မှ ရေရှည်စီမံကိန်းပေါ့နာ် Long Plan နဲ့လုပ်သွားမယ်လို့ စီစဉ်ထားပါတယ်။ ကော်မတီတော်မဖွဲ့ ရသေးပါဘူး။ ကျနော်တို့ ဟော်လုံကျိုင်းတုံတုန်းကလိုမျိုးပေါ့...

မိုးနဲမြို့ ရှေးဟောင်းစေတီတော်များအား လွှတ်တော်ကိုယ်စားလှယ်နှင့် ရှေး/သု ၊ ပညာရှင်များ စုပေါင်း ထိန်းသိမ်းပြုပြင်

0
သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ်ရှိရှေးဟောင်းစေတီတော်များ ရေရှည်တည်တံ့ရေးအတွက် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်နှင့် ရှေးဟောင်းသုတေသနအဖွဲ့တို့ပူးပေါင်းကာ ပြုပြင်နေကြကြောင်းသိရသည်။ “မိုးနဲမြို့နယ် ပြည်နယ်လွှတ်တော်အမတ် စိုင်းမွမ်းလိန် က- ကျနော် နဲ့ ၀ိဇ္ဇရီယ်ကျောင်းတိုက်က ဆရာတော် ဦးမာဃိန္ဒ နဲ့ ဒေသခံလူထုတို့ဆွေးနွေးပြီး မိုးနဲမြို့ မွေတော် ဟောင် ရှေးဟောင်းစေတီကို ပြုပြင်ထိန်းသိမ်းမှု လုပ်ချင်တယ်။ ကျနော်...