Tuesday, January 27, 2026

သျှမ်းပြည်ညီညွှတ်ရေးကော်မတီ CSSU အစည်းအဝေး ကျားဖြူပါတီ ဥက္ကဌ မတက်ရောက်

၂၀၂၀ ခုနှစ် သျှမ်းပြည်ညီညွှတ်ရေးကော်မတီ CSSU အစည်းအဝေးအား လက်ရှိကျင်းပနေရာမှာ အဖွဲ့ဝင်အသီးသီးမှ ခေါင်းဆောင်များအားလုံးတက်ရောက်နိုင်သော်လည်း ကျားဖြူပါတီ ဥက္ကဌ က ကျန်းမာရေးကြောင့် တက်ရောက်နိုင်ခြင်းမရှိကြောင်းကြားသိရသည်။

မတ်လ ၅ ရက်နဲ့ ၆ ရက်နေ့မှာ ကျားဖြူပါတီရုံးခန်းမှာပြုလုပ်ကျင်းပတဲ့ CSSU ရဲ့ နှစ်ပတ်လည်ညီလာခံ

ကိုဗစ်ကာလ သွားလာမှုခက်ခဲသောကြောင့် CSSU အစည်းအဝေးကို ဒီဇင်ဘာ ၁၇ မှ ၁၈ ရက်နေ့ အထိ အွန်လိုင်းဖြင့်သာ ကျင်းပပြု နေခြင်းဖြစ်ပြီး လက်ရှိ ရွေးကောက်ပွဲအပြီး ပြည်ထောင်စုမြန်မာ နိုင်ငံအရေး၊ သျှမ်းပြည်နယ်အရေး၊ NCA ငြိမ်းချမ်းရေး ကိစ္စအပါအဝင် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမှုအရေး စသည့်ကိစ္စရပ်များပါ ဆွေးနွေး ကြသည်ဟု သိရှိရသည်။

၄င်းနှင့်ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း က “ကျန်းမာရေးသိပ်မကောင်းလို့ မတက်ဖြစ်ဘူး။ သွေးတိုး နေလို့ပါ။ ကျားဖြူ ပါတီ ကိုယ်စားပြု အနေနဲ့ ကျနော်တို့ အတွင်းရေးမှူး စိုင်းဖိုးအောင် သွားတက်ပါတယ်။ ဘာတွေဆွေးနွေးလည်းတော့ ကျနော် လည်း မသိရသေးဘူး။” ဟု သျှမ်းသံတော်ဆင့် ကိုပြောသည်။

အဆိုပါ ဆွေးနွေးပွဲတွင် (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွတ်စစ် ၊ (SSPP/SSA ) နာယက ဗိုလ်ချုပ် ကြီးဆေထင်၊ တပ်မဟာ ရ ကာလိပြည်သူ့စစ်ခေါင်းဆောင် စဝ်ကိုင်ဖ ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုက ရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ခွန်ထွန်းဦး ၊ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ(SNDP) ပါတီ အတွင်းရေးမှူး ဦးစိုင်းဖိုးအောင် နှင့် သျှမ်းလူမှု အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သျှမ်းပြည်ညီညွှတ်ရေးကော်မတီ(CSSU) တွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ်မတော် (RCSS/SSA) ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP)၊ (ရှမ်းပြည်တိုးတက် ရေးပါတီ၊ရှမ်းပြည်တပ်မတော်(SSPP/SSA)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) နှင့် စိန်ကျော့ပြည်သူ့စစ် တို့ပါဝင်သော ) SSJAC ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ တို့က ၂၀၁၃ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် သျှမ်းပြည်တွင်း နိုင်ငံရေးပါတီ နှင့် အရပ်ဘက် အဖွဲ့အစည်းများ ပူးပေါင်းပါဝင်လာခဲ့ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါ ကျားဖြူပါတီကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲမှ နုတ်ထွက်ရန် ဆုံးဖြတ်

0
သျှမ်းပြည် သီပေါမြို့နယ် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP ကျားဖြူပါတီ) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းသည် ရွေးကောက်ပွဲမှ နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ကြောင်း ကိုယ်ပိုင်လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားသည်။ ယနေ့ (ဇန်နဝါရီလ ၁၀ ရက်) တွင် သီပေါမြို့နယ် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ရှမ်းနှင့်...

“၂၀၂၅ ရွေးကောက်ပွဲလာရင် ဝင်ပြိုင်ဖို့ အဆင်သင့်ဖြစ်နေပြီ”

0
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အရ ဖွဲ့စည်းထားသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)၏ နိုင်ငံရေးပါတီ အစုအဖွဲ့ကို စစ်ကောင်စီ ခွင့်ပြုထားသည့် နိုင်ငံရေးပါတီ ၄ ခုတို့မှ ပူးတွဲခေါင်းဆောင်သွားရန် ရွေးချယ်လိုက်သည်။ မေလ ၂၅ နှင့် ၂၆ ရက်များတွင်...

ကျားဖြူပါတီ အပါအဝင် ပါတီ ၄ ခုက UPDJC နိုင်ငံရေးပါတီအစုအဖွဲ့ကို ဦးဆောင်

0
ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP အပါအဝင် စစ်ကောင်စီထံ မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၄ ခုတို့က အသစ်ဖွဲ့မည့် UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့ကို ဦးဆောင်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ မေလ ၂၅ နှင့် ၂၆ ရက်များတွင် စစ်ကောင်စီ၏ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က...

သျှမ်းအချင်းချင်းကြား လူ့အခွင့်အရေးချိုးဖောက်မှုကို လျစ်လျူရှုတော့မှာလား

0
သျှမ်းတောင်တန်းပေါ်မှာ ယမ်းငွေ့တွေ သေနတ်သံတွေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ အရင်နှစ်ပေါင်းများစွာမှာတော့ ဗမာစစ်တပ်လို့ခေါ်တဲ့ လက်ရှိ စစ်အာဏာရှင် ကပဲ လူ့အခွင့်အရေး ချိုးဖောက်ခဲ့ကြပေမယ့် အခုနောက်ပိုင်းမှာတော့ သျှမ်းပြည်မြောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းကြား တိုက်ပွဲတွေ ဖြစ်ပွားလာခဲ့ ကြပါတယ်။ သျှမ်းပြည်မြောက်ပိုင်းမှာဆိုရင် တရုတ် - မြန်မာ...

ကျားဖြူပါတီ နာမည်ပြောင်းလဲပြီး နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်

0
ကျားဖြူပါတီသည် မူရင်း “ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ” မှ “ ရှမ်း နှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ” ဟု နာမည် ပြောင်းလဲကာ နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ထားကြောင်း သတင်းသိရသည်။ ယင်းကဲ့သို့ နာမည်ပြောင်းလဲခြင်း နှင့် ပတ်သက်ပြီး ကျားဖြူပါတီသည် ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲ ပါဝင်...