Sunday, May 19, 2024

သျှမ်းပြည် တဝှမ်း ကိုဗစ်-၁၉ အတည်ပြုလူနာ (၁၆၁) ဦး ဆေးကုသခံနေဆဲ

Must read

သျှမ်းပြည် တဝှမ်း တွင် ယမန်နေ့ ( ဒီဇင်ဘာ ၂၀) နေ့ထိ ကိုဗစ်- ၁၉ အတည်ပြုလူနာ ၁၆၁ ဦးဆေးကုသခံနေဆဲ ဟု စုံစမ်းသိရှိရသည်။

Photo Credit to Mong Ywang Youth

ထို ကိုဗစ်-၁၉ လူနာ (၁၆၁) ဦးသည် ဆေးရုံတက်လူနာများဖြစ်ပြီး၊ သျှမ်းပြည်တောင်ပိုင်းတွင် ကိုဗစ် ၁၉ အတည်ပြုလူနာ (၅၄) ရှိပြီး၊ သျှမ်းမြောက်တွင် ဆေးရုံတက်နေသူ (၇၇)ဦး နှင့် သျှမ်းရှေ့တွင် လူနာ (၃၀)ဦးတို့ရှိကြောင်း သိရသည်။

ယနေ့ အချိန်ထိ သျှမ်းပြည်တဝှမ်းတွင် ကိုဗစ် ၁၉ လူနာ စုစုပေါင်း ၇၄၉ ဦးရှိကြောင်း နှင့် ဆေးရုံမှ ဆင်းခွင့်ရသူ ၅၈၅ ဦးနှင့် သေဆုံးသူ ၃ ဦးရှိပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ သျှမ်းပြည်တွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာများလာသောကြောင့် ပြည်သူများအနေဖြင့် ကျန်းမားရေးနှင့် အားကစားဝန်းကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို ပိုပြီးလိုက်နာစေလိုကြောင်း ဆရာဝန်များက ပြောသည်။

Leave a Comments

- Advertisement -spot_img

Latest article