ပထမဆုံးပွဲဦးထွက် ခိုလမ်မြို့က CDM လူငယ်သုံးဉီး ခေါ်ဆောင်ထိန်းသိမ်းခံရ
သျှမ်းပြည်တောင်ပိုင်းလွိုင်လင်ခရိုင် နမ့်စန်မြို့နယ် ခိုလမ်မြို့နယ် ခွဲတွင် ယနေ့ CDM ဆန္ဒ ဖေါ်ထုတ် ပွဲ မှာ ပါဝင်သည့် လူငယ် သုံးဉီးအား ရဲတပ်ဖွဲ့မှ လာရောက်ဖမ်းဆီးခေါ်ဆောင် သွားကြောင်းကြား သိရသည်။ “စစ်သားတွေက အရပ်ဝတ်နဲ့လာတယ်။ ရဲတွေနဲ့ ရပ်ကွက်ထဲကိုလှည့်ပြီး ဉီးဆောင်သူဘယ်သူတွေလဲ ဆိုပြီး လိုက်ဖမ်းတာ” ဟု...
မိုင်းပန် ဆေးရုံဝန်ထမ်း တဦး ကို စစ်အာဏာရှင် အစိုးရ ကဖမ်းဆီးထား
စစ်အာဏာရှင်ကို ဆန့်ကျင်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် သျှမ်းတောင် မိုင်းပန်မြို့နယ် ဆေးရုံမှ ဝန်ထမ်း တဦးကို တပ်မှ လာရောက်ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။ ယနေ့ (ဖေဖော်ဝါရီ ၁၁)ရက်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွင်ဦးဆောင်သူခေါင်းစဉ်ဖြင့် မိုင်းပန်ဆေးရုံဝန်ထမ်း (၁)ဦးကို ညနေ၃နာရီဝန်းကျင်တွင်လာရောက်ဖမ်းဆီးပြီး၊ နောက် တဦးထပ်ဖမ်းရန်လည်းတပ်က ကြိုးစားခဲ့ကြောင်းသိရသည်။ “ ကျနော်တို့...
မိုင်းရှူးမြို့ CDM ပါဝင်သော ဆရာဝန်များကို ဖမ်းဆီးရန်ကြိုးပမ်နေ
SHAN -
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့နယ်တွင် CDM ကမ်းပိန်းတွင် ပါဝင်သည့် ဆရာဝန်များကို ဖမ်းဆီးရန်အတွက် ရဲ နှင့် စစ်တပ်များ ဆေးရုံတွင် လာရောက်စောင့်ဆိုင်းနေကြောင်းသိရသည်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် CDM (Civil Disobedience Movement) လှုပ်ရှားမှု တွင် ပါဝင်သည့် မိုင်းရှူး ဆရာဝန်များကို ဖမ်းဆီးရန်...
ကွန်ဟိန်းမြို့နယ် စစ်အာဏာရှင်ကို ဆန္ဒပြသူ ၃ ဦး ဖမ်းဆီးခံရ
SHAN -
သျှမ်းပြည် တောင်ပိုင်း ကွန်ဟိန်းမြို့နယ် အတွင်း ယနေ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြသူ ၃ ဦးကို လာရောက်ဖမ်းဆီးထိန်းသိမ်း ထားလိုက်ကြောင်းစုံစမ်းသိရှိရသည်။ ထိုဖမ်းဆီးခံရသူ (၃)ဦးသည် ကွန်ဟိန်းမြို့တွင် စိုင်းလင်းခမ်း တဦး နှင့် ကာလိမြို့တွင် စိုင်းမိုးဇော် နှင့် စိုင်းချစ်ငွေ(ခ)စိုင်းဟန်မိုင်း တို့ဖြစ်ကြောင်းသိရသည်။ “ ဒီနေ့က ကွန်ဟိန်က...
SSPP/SSA နှင့် တပ်မတော် ကွတ်ခိုင်မြို့နယ်တွင် တိုက်ပွဲပြင်းထန်နေ
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် မြန်မာ့တပ်မတော်တို့သည် ယနေ့ (ဖေဖော်ဝါရီ ၁၁)ရက် မနက်ပိုင်းတွင် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကြောင်းစုံစမ်းသိရသည်။ SSPP/SSA နှင့် မြန်မာ့တပ်မတော်သည် ကွတ်ခိုင်-နမ့်ဖက်ကာကြား နမ့်အုမ်ကျေးရွာ အနီးတဝှိက်တွင် ယနေ့ မနက် ၈နာရီ မှ စတင်ဖြစ်ပွားခဲ့ကြောင်း၊ တပ်မတော်...
စစ်အာဏာရှင်ကို ခိုလမ်ပြည်သူများ စတင် ဆန္ဒပြ
SHAN -
ယနေ့ ဖေဖော်ဝါရီ (၁၁) ရက် မနက် ၁၀ နာရီဝန်းကျင်က ခိုလမ်ပြည်သူတွေအစိုးရ ဝန်ထမ်းတွေ စုစုပေါင်း လူအင်အား ၂၀၀ ဝန်းကျင် က စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ပါတယ်။ “ကျနော်တို့ ဒီနေ့မှစပြီး ဆန္ဒပြတဲ့အတွက်ကြောင့် လူအင်အားနည်းနေသေးတယ်” ဟု ခိုလမ်မှာ ဆန္ဒပြသူ တစ်ဦး ကပြောပါတယ်။ အဆိုပါ...
မိုင်းကိုင် မှာ အစိုးရဝန်ထမ်းနဲ့ ပြည်သူအင်အား ၁သောင်းကျော် စစ်အာဏာရှင် ဆန့်ကျင်မှုကို ဆက်လက် ပြုလုပ်
SHAN -
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့မှာ စစ်အာဏာရှင်အစိုးရကို ဆန့်ကျင်တဲ့အနေဖြင့် အစိုးရဝန်ထမ်နဲ့ ပြည်သူအင်အား ၁ သောင်းကျော် တို့ ဆက်လက်ပြီး ဆန္ဒပြထုတ်ဖော်ခဲ့ကြပါတယ်။ ယနေ့ ဖေဖော်ဝါရီ ၁၁ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ မိုင်းကိုင်မွေတော်ဘုရား မှ စတင်ပြီး မိုင်းကိုင်မြို့အဝင် ဆိုင်းဘုတ်ထိ လမ်းမ...
နောင်ချိုမြို့နယ် ထွေအုပ် စစ်အာဏာရှင်ဆန့်ကျင်သည့် CDM လှုပ်ရှားမှု ပါဝင်လာ
SHAN -
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး အဖွဲ့ဝင်များသည် ယနေ့ (ဖေဖော်ဝါရီ ၁၁)ရက် တွင် စစ်အာဏာရှင်ကို ဆန့်ကျင်သည့် (Civil Disobedience Movement) လှုပ်ရှားမှု ပါဝင်လာကြကြောင်း စုံစမ်းသိရသည်။ နောင်ချိုမြို့နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ဦးဌေးလင်းဦး အပါဝင် အဖွဲ့ဝင် (၅)ဦးသည် အုပ်ချုပ်ရေးမှူးအဖွဲ့တွင် ပထမဆုံး...
သျှမ်းပြည်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ဒုတိယအကြိမ် ထပ်မံ ဖမ်းဆီးခံရ
SHAN -
သျှမ်းပြည်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်သည် စစ်အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ် အဖြစ် ထပ်မံ အဖမ်းခံရကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီ (၁)ရက် တွင်တပ်မတော်မှ နိုင်ငံတော်၏ အာဏာကို သိမ်းယူပြီးနောက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ သမ္မတ ဦးဝင်းမြင့်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်/ တိုင်း ဝန်ကြီးချုပ် နှင့်...
RCSS/SSA နှင့် တပ်မတော် သီပေါမြို့နယ် တွင် ၂ရက် တိုက်ပွဲဖြစ်
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS/SSA)နှင့် တပ်မတော်တို့သည် ၂ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ RCSS/SSA နှင့် တပ်မတော်သည် ဖေဖော်ဝါရီ (၉ )ရက် နေ့လည်ပိုင်း တွင် သီပေါမြို့နယ် မိုင်းတုံကျေးရွာ အုပ်စု ခိုင်းဆင်ကျေးရွာ တွင် တကြိမ်၊ ယနေ့ ဖေဖော်ဝါရီ (၁၀)ရက်...





