Tuesday, January 27, 2026

နောင်ချိုမြို့နယ် ထွေအုပ် စစ်အာဏာရှင်ဆန့်ကျင်သည့် CDM လှုပ်ရှားမှု ပါဝင်လာ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး အဖွဲ့ဝင်များသည် ယနေ့ (ဖေဖော်ဝါရီ ၁၁)ရက် တွင် စစ်အာဏာရှင်ကို ဆန့်ကျင်သည့် (Civil Disobedience Movement) လှုပ်ရှားမှု ပါဝင်လာကြကြောင်း စုံစမ်းသိရသည်။

နောင်ချိုမြို့နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ဦးဌေးလင်းဦး အပါဝင် အဖွဲ့ဝင် (၅)ဦးသည် အုပ်ချုပ်ရေးမှူးအဖွဲ့တွင် ပထမဆုံး CDMပါဝင်လာသည့် သူများဖြစ်ကြောင်းသိရသည်။

“ အစိုးရ ဝန်ထမ်းတွေ CDM ပါဝင်လာဖို့ လိုအပ်ပါတယ်။ ဒီနေ့ နောင်ချို ထွေအုပ် အဖွဲ့တွေကတော့ CDM လှုပ်ရှားမှုပါဝင်ပြီး။ ပြည်သူတွေနဲ့အတူ ရပ်တည်သွားမယ်လို့ တရားဝင်ထုတ်ပြန်ထားပါတယ်” ဟု နောင်ချိုက ဒေသခံ တဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

စစ်အာဏာကို ဆန့်ကျင်ရာတွင် အနယ်နယ် အရပ်ရပ်မှ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး CDMပါဝင်လာဖို့ လိုအပ်ကြောင်း၊ အစိုးရဝန်ထမ်းများလည်း အားလုံးပါဝင်လာရန် တိုက်တွန်းလို ကြောင်း နောင်ချို ဒေသခံ က ပြောသည်။

“ နောင်ချို ထွေအုပ်တွေ CDMပါဝင်လာပေးတဲ့အတွက် ဝမ်းသာကြိုဆိုပါတယ်။ ဆက်လက်ပြီးတော့လည်း ပါဝင်လာဖို့ မျှော်လင့်ပါတယ်။ အာဏာရှင် စနစ်ကိုတိုက်ဖို့က အားလုံးပါဝင်မှ ရမှာပါ” ဟု ၎င်းဒေသခံ က ဆိုသည်။

လက်ရှိမှာ အစိုးရဝန်ထမ်း၊ ပုဂ္ဂလိက ဝန်ထမ်းများ CDMပါဝင်လာသည့်အတွက် အစိုးရ လုပ်ငန်းတချို့ ရပ်ဆိုင်းထားရသလို ဘဏ်တချို့လည်း ပိတ်ထားရကြောင်း စုံစမ်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နောင်ချိုမြို့နယ် လေကြောင်းဗုံးထပ်ကြဲ အမျိုးသား ၃ ဦးသေဆုံး၊၁ ဦးဒဏ်ရာရ

0
သျှမ်းပြည် နောင်ချိုမြို့နယ်ကို စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အမျိုးသား ၃ ဦးသေဆုံးပြီး၊ ၁ ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇူလိုင်လ ၁ ရက်) ညနေ ၃ နာရီဝန်းကျင်တွင် နောင်ချိုမြို့နယ် သုံးဆယ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးအလုံးရေ ၁၁...

နောင်ချိုမြို့နယ် စစ်ဘေးရှောင်တစ်ဦး ထပ်မံပစ်ခတ်ခံရပြီး ပြင်းထန်ဒဏ်ရာရ

0
သျှမ်းပြည် နောင်ချိုမြို့နယ်ရှိ ချိုခမ်းဘုန်းကြီးကျောင်းအနီး လယ်ထဲတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်များသည် ဘေးလွတ်ရာသို့ ထပ်မံတိမ်းရှောင်ရန် ထွက်ခွာနေစဉ် သေနတ်ပစ်ခတ်ခံရပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၇ ရက်) နံနက် ၉ နာရီခန့်တွင် နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲကျေးရွာ လယ်ထဲရှိ တဲများတွင် ခိုလှုံနေသည့်...

လားရှိုးမြို့လို ထပ်အဖြစ်မခံလောက်တော့ဘူး။ အကယ်လို့ ထပ်လက်လွှတ်ခဲ့ရတယ်ဆိုရင်တောင် DPLA ပြန်တိုက်ထုတ်မယ်။

0
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) သည် စစ်အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒများကို ဆန့်ကျင်တိုက်ဖျက်သွားရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၂၂ ခုနှစ် သြဂုတ်လ ၇ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ လက်ရှိတွင် DPLA အဖွဲ့ဝင် စစ်အင်အား တစ်ထောင်ကျော်ရှိပြီး ဓနုလူမျိုးများနေထိုင်သည့် သျှမ်းပြည်မြောက်ပိုင်းနှင့် သျှမ်းပြည်တောင်ပိုင်း ရွာငံ၊...

နောင်ချိုမြို့နယ် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် သုံးဆယ်နှင့် ဆမ္မဆယ် ကျေးရွာများကို စစ်ကောင်စီမှ အပြင်းအထန် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၄ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ (၂၆) ရက် ညနေပိုင်းအချိန်တွင် စစ်ကောင်စီတပ်မှ နောင်ချိုမြို့နယ်အတွင်းရှိ သုံးဆယ်ရွာ၊ ရွှေညောင်ပင်ရွာနှင့် အုမ္မခါးကျေးရွာများကို လေကြောင်းဖြင့်...

စစ်အာဏာရှင် အသက်ဆက်ရေးအတွက် အသက်ကယ်ဆေး အဖြစ်မခံဖို့လိုအပ်

0
၁၉၆၂ မတ်လ ၂ ရက်က မြန်မာ့တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်နေဝင်း က ဝန်ကြီးချုပ် ဉီးနု၏ အရပ်သားအစိုးရအာဏာကို သိမ်းပိုက်လိုက်သည်။ မြန်မာနိုင်ငံ ပထမ ဆုံး သမ္မတကြီး ဖြစ်သူ သျှမ်းစော်ဘွားကြီး စဝ်ရွှေသိုက် ၏ ရန်ကုန်မြို့ရှိ ကုက္ကိုင်းအိမ်တော်ကို ဝင်စီးပြီး အသက် ၁၅...