Tuesday, January 27, 2026

မိုင်းပန် ဆေးရုံဝန်ထမ်း တဦး ကို စစ်အာဏာရှင် အစိုးရ ကဖမ်းဆီးထား

စစ်အာဏာရှင်ကို ဆန့်ကျင်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် သျှမ်းတောင် မိုင်းပန်မြို့နယ် ဆေးရုံမှ ဝန်ထမ်း တဦးကို တပ်မှ လာရောက်ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

ယနေ့ (ဖေဖော်ဝါရီ ၁၁)ရက်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွင်ဦးဆောင်သူခေါင်းစဉ်ဖြင့် မိုင်းပန်ဆေးရုံဝန်ထမ်း (၁)ဦးကို ညနေ၃နာရီဝန်းကျင်တွင်လာရောက်ဖမ်းဆီးပြီး၊ နောက် တဦးထပ်ဖမ်းရန်လည်းတပ်က ကြိုးစားခဲ့ကြောင်းသိရသည်။

“ ကျနော်တို့ ဝန်ထမ်းတွေ ဆန္ဒပြတာကို ဦးဆောင်တယ်ဆိုတဲ့ခေါင်းစဉ်တပ်တယ်။ လောဆယ်တော့ ကျနော်တို့ဆီက ဆေးမှတ်တမ်း တယောက်ရယ်၊ ကြီးကြပ်(၂)တယောက်ရယ် နာမည်တပ်ပြီး လာတာ။ ဆေးမှတ်တမ်း တယောက်ကပါသွားပြီ။ စကခ(၁၇)ကဖမ်းမိန့်ပေးပြီး မြို့နယ်ရဲတပ်ဖွဲ့ကလာဖမ်းတာပါ” ဟု မိုင်းပန်မြို့နယ် ဆေးရုံ မှ လက်ထောက်ဆရာဝန် ဒေါက်တာ စိုင်းစောထွန်းအောင် က ပြောသည်။

လက်ရှိ လာရာက်ဖမ်းဆီးသည့် အကြောင်းရင်းမှာ သေချာမသိကြောင်း၊ သဘာဝဘေးအန္တရာယ် ပုဒ်မဖြင့် အမှုဖွင့်ကာ ဖမ်းဆီးကြောင်းသိရသည်။

“ ကျနော်ဘာကြောင့်ဖမ်းလဲမေးတော့ သေချာမဖြေဘူး။ သဘာဝဘေးအန္တရာယ်နဲ့ ဖမ်းတယ်လို့ပြောတယ်။ ရဲရော တပ်ရော အများကြီးလာတယ်” ဟု ဒေါက်တာ စိုင်းစောထွန်းအောင်က ပြောသည်။

မိုင်းပန် ဆေးရုံမှ ဝန်ထမ်းများကို လာရောက်ဖမ်းဆီးချိန်တွင် ကျန်းမာရေးဝန်ထမ်းများသည် OPT ဆေးကုသဆောင်ထဲတွင် ရှိနေကြပြီး၊ တပ်သို့လိုက်ရန်ခေါ်သော်လည်း တဦးတယောက်မှ မလိုက်သွားကြောင်း သိရသည်။

ထို့ပြင် မိုင်းပန် ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများသည် တပ်မှ လာရောက်ခေါ်သည့်အချိန်တွင် လူမှုကွန်ရက် ဖေ့ဘွတ် တွင်အစမှ အဆုံးအထိ LIVE လွှင့်ထားသဖြင့် မိုင်းပန် ပြည်သူများကလည်း ဆေးရုံသို့ လာရောက်ဝန်းရံခဲ့ကြကြောင်းသိရသည်။

“ ကျမတို့ ဆေးရုံက ဝန်ထမ်းတယောက်ကို ခေါ်သွားတယ်။ ဒါက မဖြစ်သင့်ဘူး။ ဆန္ဒပြတာဟာ တဦးတယောက်တည်းပြတာမဟုတ်ဘူး။ ပြည်သူတွေ အများကြီး ပြတာပဲ။ ဖမ်းရင်အားလုံးဖမ်းရမှာလေ။ ဒါက တမင်ကြောက်အောင်ခြောက်နေတာ” ဟု သူနာပြု ဆရာမက ပြောသည်။

မိုင်းပန်ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်း အားလုံး CDMပါဝင်ထားခြင်းမဟုတ်ကြောင်း၊ တချို့သာပါဝင်ကြောင်း၊ ထိုပါဝင်သောသူများလည်း မိမိသဘောဆန္ဒအရ ပါဝင်ကြခြင်းဖြစ်ကြောင်း သူနာပြု ဆရာမက ပြောပြသည်။

ဆက်လက်ပြီး လက်ထောက်ဆရာဝန် ဒေါက်တာ စိုင်းစောထွန်းအောင် က “ လူတယောက်ကို ပုဒ်မ တွေ ရေရာမရှိဘဲ ဖမ်းချင်သလို ဖမ်းတာ မကြိုက်ဘူး ကျနော်တို့ နယ်မြို့ဆိုရင် အရင်က အကြောက်တရားနဲ့ နေရတယ်” ဟု ထပ်လောင်းပြောသည်။

အထက်အမိန့်အရ အဖြစ် ဖမ်းဆီးနေသည့် ကိစ္စသည် မဖြစ်သင့်တော့ကြောင်း၊ ထိုအကြောင်းအရာကို ကာကွယ်သွားရမည်ဖြစ်ကြောင်း လည်း ဒေါက်တာ စိုင်းစောထွန်းအောင်က ဖြည့်စွက်ပြောသည်။

ထိုနည်းတူ သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့ ဆေးရုံတွင်လည်း ဆရာဝန်ကြီးအား မေးမြန်းရန်ရှိသဖြင့်ဟုဝင်ရောက်ဖမ်းဆီးရာတွင် ဆေးရုံဝန်ထမ်းများ ဒေသခံပြည်သူများနှင့် ပဋိပက္ခ အော်ဟစ်ပြောဆိုမှုများရှိသည့် ဖေ့စ်ဘု Live များ လိုင်းပေါ်တွင်တွေ့ရသည်။ ထိုနောက်ပိုင်း ဆရာဝန်အားဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု သတင်းများထွက်လာပါသည်။ သို့သော်သျှမ်းသံတော်ဆင့်အနေဖြင့် သီးခြားအတည်ပြုချက်မရခဲ့ပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းပန်-မိုင်းတုံကြား သံလွင်တံတားသစ်(တာဆန်း)ကို စစ်ခေါင်းဆောင် လာရောက်ဖွင့်လှစ်

0
သျှမ်းပြည် မိုင်းပန်မြို့နှင့် မိုင်းတုံမြို့ကြား အသစ်တည်ဆောက် ပြီးစီးခဲ့သည့် သံလွင်မြစ်ကူးတံတား(တာဆန်း) ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၀ ရက်) နံနက် ၁၁ နာရီခွဲတွင် မိုင်းပန်မြို့နှင့် မိုင်းတုံမြို့ကြားရှိ သံလွင်မြစ်ပေါ်တွင် အသစ်တည်ဆောက် ပြီးစီးခဲ့သည့် သံလွင်မြစ်ကူးတံတား(တာဆန်း) ကို...

မိုင်းပန်တွင် ညသန်းခေါင်ယံ ချောင်းရေတက်လာခြင်းကြောင့် ညတွင်းချင်း ဘေးလွတ်ရာပြောင်းရွှေ့ရ

0
သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့တွင် ညသန်းခေါင်အချိန် နမ့်ပန်ချောင်းရေ ရုတ်တရက် တက်လာသောကြောင့် ညတွင်းချင်း ဘေးလွတ်ရာ ပြောင်းရွှေ့လိုက်ရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင် ၁၆ ရက်)တွင် မိုင်းပန်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နမ့်ပန်ချောင်းရေ ရုတ်တရက် တက်လာပြီး ညသန်းခေါင်ယံအချိန်တွင် ရေများ နေအိမ်အတွင်းသို့ ဝင်ရောက်လာသည်။ ထိုသို့ နမ့်ပန်ချောင်းရေ...

လားရှိုးမြို့လို ထပ်အဖြစ်မခံလောက်တော့ဘူး။ အကယ်လို့ ထပ်လက်လွှတ်ခဲ့ရတယ်ဆိုရင်တောင် DPLA ပြန်တိုက်ထုတ်မယ်။

0
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) သည် စစ်အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒများကို ဆန့်ကျင်တိုက်ဖျက်သွားရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၂၂ ခုနှစ် သြဂုတ်လ ၇ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ လက်ရှိတွင် DPLA အဖွဲ့ဝင် စစ်အင်အား တစ်ထောင်ကျော်ရှိပြီး ဓနုလူမျိုးများနေထိုင်သည့် သျှမ်းပြည်မြောက်ပိုင်းနှင့် သျှမ်းပြည်တောင်ပိုင်း ရွာငံ၊...

စစ်အာဏာရှင် အသက်ဆက်ရေးအတွက် အသက်ကယ်ဆေး အဖြစ်မခံဖို့လိုအပ်

0
၁၉၆၂ မတ်လ ၂ ရက်က မြန်မာ့တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်နေဝင်း က ဝန်ကြီးချုပ် ဉီးနု၏ အရပ်သားအစိုးရအာဏာကို သိမ်းပိုက်လိုက်သည်။ မြန်မာနိုင်ငံ ပထမ ဆုံး သမ္မတကြီး ဖြစ်သူ သျှမ်းစော်ဘွားကြီး စဝ်ရွှေသိုက် ၏ ရန်ကုန်မြို့ရှိ ကုက္ကိုင်းအိမ်တော်ကို ဝင်စီးပြီး အသက် ၁၅...

ဟိုပန်မြို့အတွင်း ကျားဖြန့်လုပ်ကိုင်သူ (၁၀၀)ကျော်ကို UWSA မှ ဝင်ရောက်ဖမ်းဆီး

0
သျှမ်းပြည်မြောက်ပိုင်း ‘ဝ’ပြည် သွေးစည်းညီညွတ်‌ရေး တပ်မတော် (UWSA) ထိန်းချုပ်ထားသည့် ဟိုပန်မြို့တွင် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူ (၁၀၀)ကျော်ကို UWSA မှ ဝင်ရောက်ဖမ်းဆီးထားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၂၀ ရက်) ညသန်းခေါင် လူအိပ်မောကျသည့်အချိန် ဟိုပန်မြို့အတွင်း မိန်းပန်း(ရှမ်း) ရပ်ကွက်ရှိ ကျားဖြန့်လုပ်ငန်းတစ်ခုကို UWSA...