Tuesday, January 27, 2026

မိုင်းပန်တွင် ညသန်းခေါင်ယံ ချောင်းရေတက်လာခြင်းကြောင့် ညတွင်းချင်း ဘေးလွတ်ရာပြောင်းရွှေ့ရ

သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့တွင် ညသန်းခေါင်အချိန် နမ့်ပန်ချောင်းရေ ရုတ်တရက် တက်လာသောကြောင့် ညတွင်းချင်း ဘေးလွတ်ရာ ပြောင်းရွှေ့လိုက်ရကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဇူလိုင် ၁၆ ရက်)တွင် မိုင်းပန်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နမ့်ပန်ချောင်းရေ ရုတ်တရက် တက်လာပြီး ညသန်းခေါင်ယံအချိန်တွင် ရေများ နေအိမ်အတွင်းသို့ ဝင်ရောက်လာသည်။

ထိုသို့ နမ့်ပန်ချောင်းရေ မြင့်တက်မှုကြောင့် နေအိမ်နှင့် လယ်ထဲသို့ ရေဝင်သည့် ကျေးရွာများမှာ ပါခါးကျေးရွာ၊ ဟိုဖိုင်လုံကျေးရွာ၊ ဝမ်မိုင်ကျေးရွာတို့ဖြစ်ပြီး ရေရုတ်တရက် မြင့်တက်လာမှုကြောင့် ပြည်သူများဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီမနက် ရေက ရုတ်တရက်ကြီး တက်လာတယ်၊ အိမ်ထဲထိ ရေတွေဝင်လာတယ်။ ရေမတက်ခင်က ဖုန်းလိုင်းတွေ ပြတ်သွားတယ်။ ပစ္စည်းတွေကို အပေါ်ထပ် အမြန်ရွှေ့ရတယ်။ လယ်ကွင်းတွေထဲလည်း ရေတွေအပြည့်ပဲ။ ကားတွေ ဆိုင်ကယ်တွေကိုတော့ မြင့်တဲ့ နေရာတွေကို ရွှေ့ရတာ”ဟု မိုင်းပန်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် မိုင်းပန်မြို့တွင် မိုးအဆက်မပြတ် ရွာသွန်းလျှင် ရုတ်တရက်ရေကြီးလာမှုကို ကြုံနေရသဖြင့် ဒေသခံများအနေဖြင့် သတိဝိရိယထား သွားလာရန်လည်း ၎င်းက ဆက်ပြောသည်။

“မိုးအရမ်းမရွာလည်း ရေတက်တာက သံလွင်မြစ်တို့ နမ့်ပန်ချောင်းတို့ကနေ မြစ်ရေကြီးပြီး ရေလျှံတာမျိုးဖြစ်တယ်။ နှစ်တိုင်းတော့ ရေတက်တယ်၊ ဒီနှစ်ကတော့ အဆိုးဆုံးပဲ။ တစ်နှစ်ထက် တစ်နှစ် ပိုဆိုးလာမှာလည်း ကြောက်တယ်” ဟု မိုင်းပန်ဒေသခံ အမျိုးသမီးတစ်ဦး သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းပန်ရေကြီးမှု

အလားတူ ယမန်နေ့ ဇူလိုင်လ (၁၆)ရက်တွင် ကျိုင်းတောင်းမြို့တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နမ့်တိန်းချောင်းမှ ရေလျှံပြီး ကျိုင်းတောင်းမြို့အတွင်း ဝင်ရောက်လာခြင်းကြောင့် ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ဆက်လက်ပြီး သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျချောင်းရေ တက်လာသောကြောင့် မိုင်းဆတ်-တာချီလိတ် သွားသည့် နမ့်ကျန်းတံတားကို ယာယီပိတ်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင်လည်း သျှမ်းပြည်အပါအဝင် မြန်မာတစ်နိုင်ငံလုံး၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှု များခဲ့ကာ လူဦးရေထောင်နှင့်ချီ ရေဘေးသင့်ခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းပန်-မိုင်းတုံကြား သံလွင်တံတားသစ်(တာဆန်း)ကို စစ်ခေါင်းဆောင် လာရောက်ဖွင့်လှစ်

0
သျှမ်းပြည် မိုင်းပန်မြို့နှင့် မိုင်းတုံမြို့ကြား အသစ်တည်ဆောက် ပြီးစီးခဲ့သည့် သံလွင်မြစ်ကူးတံတား(တာဆန်း) ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၀ ရက်) နံနက် ၁၁ နာရီခွဲတွင် မိုင်းပန်မြို့နှင့် မိုင်းတုံမြို့ကြားရှိ သံလွင်မြစ်ပေါ်တွင် အသစ်တည်ဆောက် ပြီးစီးခဲ့သည့် သံလွင်မြစ်ကူးတံတား(တာဆန်း) ကို...

မယ်ဆိုင်ချောင်း စိုးရိမ်ရေမှတ် ၂ လက်မခန့် ကျော်လွန်နေ၊ ရေထပ်တက်လာနိုင်ကြောင်း မိုးဇလအသိပေး

0
ထိုင်း-မြန်မာနယ်စပ်ဒေသ မယ်ဆိုင်ချောင်းရေသည် ယနေ့ သြဂုတ် ၂၈ ရက်နေ့တွင် စိုးရိမ်ရေမှတ်အထက် ၂ လက်မခန့် ကျော်လွန်နေပြီး နောက် ၁ ရက်အတွင်း ပေဝက်ခန့် မြင်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။ ထိုကြောင့် တာချီလိတ်မြို့နယ်အတွင်းရှိ ချောင်းကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာ...

ကျောက်မဲမြို့နယ် နောင်ပိန်ရွာတွင် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်၊ ကားတစ်စီး မျှောပါပြီး လူနှစ်ဦး ရှာမတွေ့သေး

0
သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ပွား၍ ကားတစ်စီး ရေထဲမျှောပါသွားပြီး လူနှစ်ဦး ပျောက်ဆုံးနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၆ ရက်) နေ့လယ်ပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး နောင်ပိန်ကျေးရွာအနီး လုပ်ပါရေကန် ကျိုးပေါက်ခြင်းကြောင့် (၅) ရပ်ကွက်ရှိ...

ချင်းမိုင်ခရိုင် မြို့နယ် ၁၄ ခုတွင် မြေပြိုမှုနှင့် ရေကြီးမှု သတိပေးချက်ထုတ်ပြန်

0
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်ရှိ မြို့နယ် ၁၄ ခုတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုခြင်းနှင့် တောင်ကျရေများ ရုတ်တရက် စီးဝင်နိုင်ခြင်း ဖြစ်ပေါ်လာနိုင်သဖြင့် အထူးသတိထားရန် ထိုင်းနိုင်ငံ မိုးလေဝသဌာနက အသိပေးချက်ထုတ်ပြန်ထားသည်။ မြောက်ပိုင်းဒေသကို ဖြတ်ကျော်နေသော မုတ်သုံလေကြောင့် သြဂုတ်လ ၆ ရက်မှ ၈ ရက်နေ့အတွင်း ချင်းမိုင်ခရိုင်ရှိ...

ပင်းတယ ရေကြီးမှုတွင် အသေပျောက်များ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စု ကုန်းစောင်းရွာနှင့် အုံအက် ကျေးရွာတွင် တောင်ကျရေကြောင့် အသေအပျောက်ရှိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက်နေ့ နံနက် ၃နာရီအချိန်တွင် ပင်းတယမြို့နယ် ကုန်းစောင်းရွာ၌ တောင်ကျရေ ရုတ်တရက်ဆင်းလာကာ ချောင်းနှင့် လမ်းသင့်သည့် နေအိမ်များ ကျောက်တုံး၊ မြေခဲ များ...