Wednesday, January 28, 2026

သျှမ်းပြည်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ဒုတိယအကြိမ် ထပ်မံ ဖမ်းဆီးခံရ

သျှမ်းပြည်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်သည် စစ်အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ် အဖြစ် ထပ်မံ အဖမ်းခံရကြောင်း စုံစမ်းသိရသည်။

ဖေဖော်ဝါရီ (၁)ရက် တွင်တပ်မတော်မှ နိုင်ငံတော်၏ အာဏာကို သိမ်းယူပြီးနောက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ သမ္မတ ဦးဝင်းမြင့်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်/ တိုင်း ဝန်ကြီးချုပ် နှင့် အစိုးရ အဖွဲ့ဝင်များကို တပ်မတော်က ဖမ်းဆီးထိမ်းသိမ်းခဲ့ရာ ဖေဖော်ဝါရီ (၂)ရက်တွင် ဒေါက်တာလင်းထွဋ် ကို ပြန်လွှတ်ပေးခဲ့သည်။

သို့သော် ယနေ့(ဖေဖော်ဝါရီ ၁၀)ရက်မှာ သျှမ်းပြည်ဝန်ကြီးချုပ်ကို ပြန်လည်ဖမ်းဆီးသွားကြောင်း နီးစပ်သည့် အသိုင်းအဝန်းမှ စုံစမ်းသိရသည်။

“ ဒီည လာခေါ်သွားတယ်။ ဘယ်ခေါ်သွားလဲဆိုတာတော့ မသိသေးဘူး။ စုံစမ်းနေဆဲပါ” ဟု သျှမ်းပြည်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် နှင့်နီးစပ်သည့် သူ တဦးကပြောသည်။

ထို့အပြင် လက်ရှိမှာလည်း သျှမ်းပြည်စီမံ၊ဘဏ္ဍာရေးရာ ဝန်ကြီး ဦးစိုးညွန့်လွင်ကိုလည်း ဖမ်းဆီးရန် ရှာဖွေနေဆဲ ဟု သိရသည်။
တပ်မတော်မှ နိုင်ငံတော်၏ အာဏာကို သိမ်းယူခြင်းကြောင့် သျှမ်းပြည်အပါအဝင် မြန်မာပြည်တဝှမ်းရှိ ပြည်သူများက မိမိသဘောဆန္ဒအလျောက် စစ်အာဏာရှင်ကျရှုံးရေးအတွက် တနေ့ထက်တနေ့ အရှိန်မြင့်လာသည်။

စစ်အာဏာအစိုးရ ဖြုတ်ချရေးအတွက် အရှိန်မြင့်ဆန့်ကျင်လာသည့်အလျောက် စစ်တပ်ဘက်မှလည်း ဆန္ဒပြသူများကို ဖမ်းဆီးအရေးယူမှုများလာကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းလားရောက် စစ်ကောင်စီခန့် သျှမ်းပြည်ဝန်ကြီးချုပ် တရုတ်နယ်ခြားမှတ်တိုင် သွားစစ်ဆေး

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့သို့ ကွင်းဆင်းလေ့လာရေး ရောက်ရှိခဲ့သည့် စစ်ကောင်စီခန့် သျှမ်းပြည်ဝန်ကြီးချုပ်သည် တရုတ်-မြန်မာ နယ်ခြားမှတ်တိုင်သို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၇ ရက်နှင့် ၈ ရက်) တွင် စစ်ကောင်စီလက်အောက်ခံ သျှမ်းပြည်နယ်အစိုးရ ကိုယ်စားလှယ်အဖွဲ့များသည် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ ထိန်းချုပ်ထားသည့် မိုင်းလားမြို့သို့ သွားရောက်ပြီး NDAA...

စစ်ကောင်စီခန့် သျှမ်းပြည်ဝန်ကြီးချုပ် ‘ဝ’ဒေသသွားရောက်၊ UWSA ခေါင်းဆောင်များနှင့်တွေ့

0
စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်လက်အောက်ခံ သျှမ်းပြည်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ‘ဝ’ဒေသ ပန်ဆန်းမြို့သို့ သွားရောက်ပြီး UWSA ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ဩဂုတ်လ ၆-၇ ရက်တို့တွင် စစ်ကောင်စီလက်အောက်ခံ သျှမ်းပြည်နယ်အစိုးရ ကိုယ်စားလှယ်အဖွဲ့များသည် UWSA ထိန်းချုပ် မိုင်းပေါက်မြို့နှင့် ပန်ဆန်းမြို့သို့ သွားရောက်ခဲ့ပြီး ‘ဝ’တပ်ဖွဲ့ ထိပ်ပိုင်းခေါင်းဆောင်များနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ...

လားရှိုးမြို့လို ထပ်အဖြစ်မခံလောက်တော့ဘူး။ အကယ်လို့ ထပ်လက်လွှတ်ခဲ့ရတယ်ဆိုရင်တောင် DPLA ပြန်တိုက်ထုတ်မယ်။

0
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) သည် စစ်အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒများကို ဆန့်ကျင်တိုက်ဖျက်သွားရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၂၂ ခုနှစ် သြဂုတ်လ ၇ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ လက်ရှိတွင် DPLA အဖွဲ့ဝင် စစ်အင်အား တစ်ထောင်ကျော်ရှိပြီး ဓနုလူမျိုးများနေထိုင်သည့် သျှမ်းပြည်မြောက်ပိုင်းနှင့် သျှမ်းပြည်တောင်ပိုင်း ရွာငံ၊...

စစ်အာဏာရှင် အသက်ဆက်ရေးအတွက် အသက်ကယ်ဆေး အဖြစ်မခံဖို့လိုအပ်

0
၁၉၆၂ မတ်လ ၂ ရက်က မြန်မာ့တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်နေဝင်း က ဝန်ကြီးချုပ် ဉီးနု၏ အရပ်သားအစိုးရအာဏာကို သိမ်းပိုက်လိုက်သည်။ မြန်မာနိုင်ငံ ပထမ ဆုံး သမ္မတကြီး ဖြစ်သူ သျှမ်းစော်ဘွားကြီး စဝ်ရွှေသိုက် ၏ ရန်ကုန်မြို့ရှိ ကုက္ကိုင်းအိမ်တော်ကို ဝင်စီးပြီး အသက် ၁၅...

ကျားဖြန့်နှင့် စစ်အာဏာရှင် အမြစ်ပြတ်ရေး တိုက်ပွဲဝင်ခဲ့သည့် MNDAA လားရှိုးမြို့က တပ်ဆုတ်မည်

0
ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီအကြား တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ဇန်နဝါရီလ ၁၈ ရက်နေ့မှ စတင်အသက်ဝင်ခဲ့သည့် အပစ်ရပ်သဘောတူညီချက်ကြောင့် MNDAA ထိန်းချုပ်နယ်မြေရှိ မြို့ကြီးများတွင် တရုတ်နှစ်သစ်ကူးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နေသည်။ “နွေဦးပွဲတော်”ဟု အမည်ပေးထားသည့် တရုတ်နှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီလ ၂၈ ရက်နေ့မှ စတင်ပြီး ဖေဖော်ဝါရီလကုန်အထိ...