Friday, April 26, 2024

မိုင်းကိုင် မှာ အစိုးရဝန်ထမ်းနဲ့ ပြည်သူအင်အား ၁သောင်းကျော် စစ်အာဏာရှင် ဆန့်ကျင်မှုကို ဆက်လက် ပြုလုပ်

Must read

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့မှာ စစ်အာဏာရှင်အစိုးရကို ဆန့်ကျင်တဲ့အနေဖြင့် အစိုးရဝန်ထမ်နဲ့ ပြည်သူအင်အား ၁ သောင်းကျော် တို့ ဆက်လက်ပြီး ဆန္ဒပြထုတ်ဖော်ခဲ့ကြပါတယ်။

ယနေ့ ဖေဖော်ဝါရီ ၁၁ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ မိုင်းကိုင်မွေတော်ဘုရား မှ စတင်ပြီး မိုင်းကိုင်မြို့အဝင် ဆိုင်းဘုတ်ထိ လမ်းမ တစ်လျှောက် ဆန့်ကျင်ဆန္ဒပြခဲ့ခြင်း ဖြစ်ပါတယ်။

“ဒီနေ့တော့ မိုင်းကိုင်ပြည်သူတွေ အားလုံးပါဝင်တယ်။ ၄ ရက်မြောက်နေ့ဖြစ်ပါတယ်။ ဒါမယ့် အရင်နေ့တုန်းကတော့ လူတွေ သိပ်များဘူး။ ဒီနေ့တော့ အားလုံးပါဝင်လာကြတယ်။” လို့ ဆန္ဒပြသူ တစ်ဦးက ပြောပါတယ်။

အဆိုပါ ဆန္ဒပြရာတွင် မိုင်းကိုင်မြို့ရှိ အစိုးရဝန်ထမ်း အများစုလည်း ပါဝင်လာတာ တွေ့ရပါတယ်။

“ဒီနေ့မှာတော့ ပညာရေး ကျန်းမာရေးတွေ ဝတ်စုံအပြည့်နဲ့ လာရောက် ဆန့်ကျင်ဆန္ဒပြခဲ့ပါတယ်။”

ယနေ့မှာ စစ်အာဏာရှင်အစိုးရ မှ အာဏာသိမ်းယူသည့် ၁၁ ရက်မြောက်နေ့ဖြစ်ပြီး မြန်မာနိုင်ငံရှိ ပြည်နယ် နှင့် တိုင်းအသီးသီးတွေလည်း စစ်အာဏာရှင်ကို ဆောင်ပုဒ်အမျိုးမျိုးဖြင့် ဆန္ဒပြ ဆန့်ကျင်ခဲ့ပါတယ်။

Leave a Comments

- Advertisement -spot_img

Latest article