RCSSနှင့် CRPH တွေ့ဆုံမှုအပြီး မိုင်းနောင်မြို့နယ် RCSS နှင့် တပ်မတော်တိုက်ပွဲဖြစ်
SHAN -
RCSS/SSA နှင့် CRPH အလွတ်သဘောတွေ့ဆုံပြီးနောက် ယမန်နေ့ (မတ် ၉ )ရက် ညနေ ၄နာရီကျော်မှာ RCSS/SSAနှင့် မြန်မာ့တပ်မတော်တို့ သည် သျှမ်းတောင် မိုင်းနောင်မြို့နယ် အတွင်း တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ မတ် (၉ )ရက်တွင် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော် (RCSS/SSA)...
သီပေါမြို့ လူထုသပိတ် သေနတ်ပစ်ဖောက် စတင်ဖြိုခွင်းခံရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့တွင် ယနေ့ (မတ်လ ၁၀ ရက်) စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒထုတ်ဖော်သည့် လူထုသပိတ်ကို ရဲ၊စစ်တပ်မှ သေနတ်ပစ်ဖောက်ကာ ဖြိုခွင်းမှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒထုတ်ဖော်လာခဲ့သည်မှာ တလနီးပါးကြာလာခဲ့ပြီး၊ တကြိမ်တခါမျှ လူထုသပိတ်ဖြိုခွင်းမခံရဘဲ ယနေ့မှ စတင်ဖြိုခွင်းခံရကြောင်း သီပေါမြို့မှဆန္ဒထုတ်ဖော်သူများက ပြောဆိုလိုက်သည်။ “ ဒီနေ့ကတော့ သူတို့လာဖြိုခွင်းမယ်။ လုံးဝ ဆန္ဒသွားပြလို့မရအောင်လုပ်နေတာပါ၊။...
တောင်ကြီးတွင် ဆန္ဒပြ အမျိုးသမီးတဦး ရာဘာကျည်ထိ လူငယ်တချို့ဖမ်းဆီးခံရ
SHAN -
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် ယနေ့(မတ် ၉ )ရက်၌ စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒထုတ်ဖော်သည့် လူထုသပိတ်ကို စစ်တပ်နှင့် ရဲများက အကြမ်းဖက်ဖြိုခွင်းရာ အမျိုးသမီးတဦး ရာဘာကျည် ထိမှန်ကြောင်း စုံစမ်းသိရှိရသည်။ ရဲနှင့် စစ်တပ်သည် တောင်ကြီးမြို့ ကူညီကုန်းရပ်ကွက်တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသည့် လူထုသပိတ်ကို မျက်ရည်ယိုဗုံး၊ အသံဗုံး နှင့်...
မူဆယ်မြို့လမ်းသွားလမ်းလာပြည်သူများ၏ ဖုန်းကို လိုက်လံစစ်ဆေးနေ
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ တွင် စစ်ကောင်စီ၏ လက်နက်ကိုင် တပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာများကို တင်းကြပ်စွာ စစ်ဆေးမှုပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ် ၉ )ရက်တွင် မူဆယ်မြို့ ဒေသခံများကို စစ်ကောင်စီ၏ လက်နက်ကိုင် တပ်ဖွဲ့ဝင်များက နေ့ရာတိုင်းနီးပါး လမ်းသွားလမ်းလာ ပြည်သူများကိုင်ဆောင်သည့် ဖုန်းများ ကို စစ်ဆေးမှု...
နမ့်စန် ဆန္ဒထုတ်ဖော်သူ ဖမ်းဆီးရန် စောင့်ဆိုင်းသည့်ရဲတဦး သေနတ်ကျည်ထွက်မိမိကိုယ်ကိုထိမှန်
SHAN -
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ တွင် ယနေ့(မတ် ၉ )ရက် မနက်ပိုင်းတွင် ဆန္ဒထုတ်ဖော်မည့် ပြည်သူကို ဖမ်းဆီးရန် စောင့်ဆိုင်နေသည့် ရဲတဦး သေနတ်ကျည်ထွက်ပြီး မိမိကိုယ်ကို ထိမှန်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ မနက် ၉ နာရီဝန်းကျင် တွင် နမ့်စန်မြို့ မြို့တော်ခန်းမရှေ့ စစ်အာဏာဆန့်ကျင်ဆန္ဒထုတ်ဖော်ရန် ပြည်သူများစုရပ်နေရာတွင်...
ဘာသာရေး အဆောက်အဦး ပြန်ဖွင့်ခွင့်ပေးသော်လည်း အလှူငွေကိစ္စ စိုးရိမ်နေရ ဟုဆို
SHAN -
ဘာသာရေး အဆောက်အဦး များကို ပြန်ဖွင့်ခွင့်ပေးသော်လည်း တောင်ကြီးခရိုင်အတွင်းရှိ စေတီပုထိုးများရှိ အလှူငွေကိစ္စ နှင့် ပတ်သက်ပြီး စိုးရိမ်နေရကြောင်း ဂေါပကများကပြောဆိုလိုက်သည်။ ကမ္ဘာတဝှမ်း ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါကြောင့် လူသွားလာမှုများသည့်နေရာများကို ပိတ်ဆိုင်းခဲ့ရပြီး၊ ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းပြီးနောက် မှာ စစ်အစိုးရ က စေတီဘုရားကျောင်းများအပါဝဝင် ဘာသာရေး ကျောင်းအဆောက်အဦးများ၊...
လွိုင်လင်ခရိုင်အတွင်း ဖမ်းခံရသည့်လူငယ်များ ပြန်လွှတ်လာ
SHAN -
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် လွိုင်လင်မြို့ နှင့် ပင်လုံမြို့ရှိ ဆန္ဒဖော်ထုတ်သည့် ပြည်သူများကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့က အကြမ်းဖက် ဖမ်းဆီးခဲ့ပြီး ညတွင်းချင်း ပြန်လည်လွှတ်ပေးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ မတ်လ (၈) ရက်တွင် ပင်လုံမြို့လယ်ရှိ ရေကန်အနီးတွင် အချုပ်ကားများ ရဲကားများ ရပ်ထားပြီး ဖြတ်သွားသည့် သူများကို...
တောင်ကြီးမြို့ နိုင်ငံတကာအမျိုးသမီးနေ့ ထဘီသပိတ်စစ်ကြောင်း ချီတက်ခွင့်မရ
SHAN -
မတ်(၈)ရက် နိုင်ငံတကာ အမျိုးသမီးများနေ့ တွင် တောင်ကြီးမြို့ အမျိုးသမီး ထဘီသပိတ်စစ်ကြောင်း ထွက်ရန် ကြိုးစားကြသော်လည်း စစ်ကောင်စီ၏ လက်နက်ကိုင် အဖွဲ့က တားဆီးပိတ်ပင်သဖြင့် ချီတက်ခွင့် မရခဲ့ကြကြောင်း သတင်းရရှိသည်။ ယမန်နေ့ တွင် နိုင်ငံတကာ အမျိုးသမီးများနေ့ အနေဖြင့် မြန်မာတဝှမ်းတွင် “ ငါတို့ထဘီ ငါတို့အလံ...
ပင်လုံမြို့ နှင့် လွိုင်လင်မြို့ဆန္ဒထုတ်ဖော်သူ ၁၃ ဦးထက် မနည်း ဖမ်းဆီးခံရ
SHAN -
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် လွိုင်လင်မြို့ နှင့် ပင်လုံမြို့ အတွင်း ဆန္ဒထုတ်ဖော်သည့် ပြည်သူ (၁၃)ဦးထက်မနည်း စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ က အကြမ်းဖက်ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။ ယနေ့ မတ်လ (၈) ရက်တွင် ပင်လုံမြို့လယ်ရှိ ရေကန်အနီးတွင် အချုပ်ကားများ ရဲကားများ လာရပ်ထားပြီး ဖြတ်သွားသည့် သူများကို...
မူဆယ် လူထုသပိတ် ဖြိုခွင်းခံရ နှစ်ဦး ကျည်အစစ် ထိမှန်၊ နှစ်ဦး ရာဘာကျည်ထိ
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် လူထုသပိတ်စစ်ကြောင်း ကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့သည် ကျည်အစစ် အသုံးပြုပြီး အကြမ်းဖက်ဖြိုခွင်းခဲ့သဖြင့် အမျိုးသား နှစ်ဦး ကျည်ထိမှန်ခံရပြီး၊ နှစ်ဦးမှာ ရာဘာကျည်ထိမှန်ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ မူဆယ်မြို့ ဟိုနားရပ်ကွက် မြို့ရှောင်လမ်းတွင် ပြုလုပ်သည့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒထုတ်ဖော်သည့် လူထုသပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်...





