Wednesday, January 28, 2026

နမ့်စန် ဆန္ဒထုတ်ဖော်သူ ဖမ်းဆီးရန် စောင့်ဆိုင်းသည့်ရဲတဦး သေနတ်ကျည်ထွက်မိမိကိုယ်ကိုထိမှန်

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ တွင် ယနေ့(မတ် ၉ )ရက် မနက်ပိုင်းတွင် ဆန္ဒထုတ်ဖော်မည့် ပြည်သူကို ဖမ်းဆီးရန် စောင့်ဆိုင်နေသည့် ရဲတဦး သေနတ်ကျည်ထွက်ပြီး မိမိကိုယ်ကို ထိမှန်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ မနက် ၉ နာရီဝန်းကျင် တွင် နမ့်စန်မြို့ မြို့တော်ခန်းမရှေ့ စစ်အာဏာဆန့်ကျင်ဆန္ဒထုတ်ဖော်ရန် ပြည်သူများစုရပ်နေရာတွင် ရဲ၊စစ်တပ်မှ ဆန္ဒထုတ်ဖော်သူများကို ဖမ်းဆီးရန် စောင့်ဆိုင်းနေစဉ် ရဲကားပေါ်တွင် သေနတ်ကျည်ထွက်ပြီး မိမိကိုယ်ကို ထိမှန်မှု ဖြစ်ပွားခဲ့ကြောင်း နမ့်စန်မြို့ ဖြစ်စဉ်ကို မြင်တွေ့ခဲ့သည့် အမျိုးသား တဦးက ပြောသည်။

“ ဆန္ဒထုတ်ဖော်မယ့်သူတွေကို ဖမ်းဖို့သူတို့တွေ အစောကြီးကတည်းက ရောက်နေကြပြီ၊ ၉ နာရီဝန်းကျင်မှာ သေနတ်သံ တချက်ကြားလိုက်တယ်။ ရှေ့ဆုံးကားပေါ်က ရဲတဦးက ပြောင်းလွယ်လိုက်ရင်း ကျည်ထွက်သွားတာပါ။ မေ့စေ့ ကျည်ထိသွားတယ်လို့ ကြားရတယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။

သျှမ်းတောင် နမ့်စန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒထုတ်ဖော်မှုကို ယနေ့ နားလိုက်ရကြောင်း၊ ဖမ်းဆီးခံရသည့် ပြည်သူမရှိကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Namsang_Polling_Station

နမ့်စန်နှင့် လင်း‌ခေးမြို့နယ်တို့တွင် ရွေးကောက်ပွဲနေ့ စစ်တပ် လုံခြုံရေးတင်းကြပ်

0
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်နှင့် လင်းခေးမြို့နယ်ရှိ မဲရုံများတွင် စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ်များ လုံခြုံရေး တင်းကြပ်ထားကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စစ်ကော်မရှင်ဘက်မှ ရွေးကောက်ပွဲ ပထမပိုင်းကို နမ့်စန်မြို့နယ်နှင့် လင်းခေးမြို့နယ် အပါအဝင် သျှမ်းပြည်မှ မြို့နယ် ၁၂ ခုတွင်...

နမ့်စန်မြို့ ဖမ်းဆီးခံကျားဖြန့်များအတွက် အခမဲ့ ဝေပေးသည့်ထမင်းထုပ်ကို လဝကရုံးဝန်ထမ်းများ ပြန်ရောင်းစား

0
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့တွင် ထိန်းသိမ်းခံထားရသည့် အွန်လိုင်းကျားဖြန့် ငွေလိမ်ဂိုဏ်းများအတွက် ပြည်သူမှ အခမဲ့ ဝေပေးသည့် ထမင်းထုပ်များကို လူဝင်မှုကြီးကြပ်ရေး လဝကရုံး ဝန်ထမ်းများက ပြန်ရောင်းစားနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ၂၂ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ကျေးသီး၊ နမ့်စန်၊ ခိုလမ်နှင့် လဲချားမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့သည့် ကျားဖြန့်လုပ်ကိုင်သူ...

ရန်ဖြစ်ရာမှ သေဆုံးသွားရသည့် နမ့်စန် ကျောင်းသားအတွက် ကျောင်းမှ ငွေကြေး ၁၁ သိန်းထောက်ပံ့

0
သျှမ်းပြည် တောင်ပိုင်း နမ့်စန်မြို့  အမှတ်(၁) အထက်တန်းကျောင်းသား အချင်းချင်း ခိုက်ရန် ဖြစ်ပွားရာမှ သေဆုံးသွားသည့် ကျောင်းသား မောင်အောင်မော်ဟိန်းအတွက် ကျောင်းနှင့် ကျောင်းအကျိုးတော်ဆောင်များမှ ငွေကြေး ၁၁ သိန်းခွဲကျော် ကူညီထောက်ပံ့ခဲ့ကြောင်း သတင်းသိရသည်။  ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်တွင် နမ့်စန် အမှတ်(၁) အထက်တန်းကျောင်းမှ ကျောင်းသား အချင်းချင်း ခိုက်ရန်ဖြစ်ပွား ပြီး...

ဟိုမိန်းကာကွယ်ရေး ပြည်သူ့ စစ်ခေါင်းဆောင် ကိုဗစ် – ၁၉ ရောဂါ ကူးစက်ခံရ

0
သျှမ်းပြည် တောင်ပိုင်းအတွင်း အခြေစိုက်လှုပ်ရှားသော ဟိုမိန်းနယ်ခြား ကာကွယ်ရေးပြည်သူ့ စစ်ခေါင်းဆောင် ကိုဗစ် - ၁၉ ကူးစက်ခံရကြောင်း သတင်းသိရသည်။ ဟိုမိန်းနယ်ခြားကာကွယ်ရေးတပ် ပြည်သူ့စစ်ခေါင်းဆောင် ဟု လူသိများကြသည့် ဟိုမိန်း ဒေသ ဖွံ့ဖြိုးတိုးတက်ရေး နှင့် သက်သာချောင်ချိရေးအဖွဲ့ (လက်နက်ချ MTA အဖွဲ့/SSS ပြည်သူ့ စစ်)...

နမ့်စန် စကစ တပ် SSSG – PDF မှ တိုက်ခိုက်သည့်သတင်း ဌာနေ ပြည်သူ့စစ် မသိရှိ

0
နမ့်စန်မြို့ စစ်ကောင်စီတပ်ကို သျှမ်းတောင် SSSG – PDF မှဝင်ရောက်တိုက်ခိုက်သည့် သတင်း နှင့် ပက်သက်ပြီး နမ့်စန် အခြေစိုက် ပြည်သူ့စစ်များနှင့် ပြည်သူများက သိရှိခြင်း မရှိကြောင်း ၊ သေနတ်သံများလည်း မကြားရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ( သြဂုတ် ၁၅) ရက်တွင်...