လွိုင်လင်ခရိုင်အတွင်း ဖမ်းခံရသည့်လူငယ်များ ပြန်လွှတ်လာ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် လွိုင်လင်မြို့ နှင့် ပင်လုံမြို့ရှိ ဆန္ဒဖော်ထုတ်သည့် ပြည်သူများကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့က အကြမ်းဖက် ဖမ်းဆီးခဲ့ပြီး ညတွင်းချင်း ပြန်လည်လွှတ်ပေးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ မတ်လ (၈) ရက်တွင် ပင်လုံမြို့လယ်ရှိ ရေကန်အနီးတွင် အချုပ်ကားများ ရဲကားများ ရပ်ထားပြီး ဖြတ်သွားသည့် သူများကို စစ်ဆေးမေးမြန်းပြီး အချုပ်ကားပေါ် ဖမ်းဆီးဖထားသည့် ပင်လုံမြို့တွင်း ဖမ်းခံရသူ (၆) ဦး နှင့် လွိုင်လင်မြို့တွင်း ဖမ်းခံရသူ (၃) ဦး စုစုပေါင်း (၉ ) ဦး ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထိုဖမ်းခံရသူ (၉ )ဦးကို လွိုင်လင်၊ ပင်လုံ ပရဟိတအဖွဲ့၊ မြို့မိမြို့ဖ တို့ ပူးပေါင်းကာ အုပ်ချုပ်ရေးမှူးရုံး၊ ရဲမှူး၊ စစ်ဗိုလ်များနှင့်သွားရောက်ညှိနှိုင်းပြီး၊ အာမခံ လက်မှတ်ရေးထိုးပေးခဲ့ရကြောင်း သက်သေ အဖြစ်သွားရောက် ကူညီပေးသည့် အမျိုးသားတဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့ကတော့ ကျနော်တို့ တွေ သွားညှိနှိုင်းပေးတယ်။ ဖမ်းခံရတဲ့ကလေးတွေကို အာမခံချက် ရေးပြီး သက်သေအဖြစ် လက်မှတ်ထိုးပေးခဲ့ရတယ်” ဟု ၎င်း အမျိုးသား က ဆိုသည်။

ယမန်နေ့ တွင် ဖမ်းဆီးခံရသူများကို အကြောင်း မရှိဘဲ ရဲအချုပ်ကားပေါ် ဆွဲတင်သွားကြောင်း ဖမ်းဆီးခံရသည့် (၉ )ဦးကို လွိုင်လင်မြို့ရှိ တပ်တွင် ထိန်းသိမ်းထားပြီး၊ ထိုနေ့ ည (၈)နာရီတွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရသည်။

“မနေ့က ကျနော်တို့ကို နေ့လည် ၁၂ နာရီခွဲလောက်မှာ ပင်လုံ ရေကန်နားမှာ ဖမ်းတယ်။ ဘာကြောင့် ကျနော်တို့ကို ဖမ်းလဲဆိုတာ မေးတော့ သူတို့ဘာမှ ပြန်မပြောဘူး။ ကားပေါ်ပဲ တက်ခိုင်းတယ်။ ဆိုင်ကယ်သော့လည်း ချက်ချင်းယူထားတယ်။ ဘာဖြေရှင်းချက်မှလည်း မပေးဘူး” လို့ ပင်လုံမြို့ မှ ဖမ်းဆီးခံရသူ တဦးကပြောသည်။

လွိုင်လင်မြို့ နှင့် ပင်လုံမြို့မှ လူငယ်များ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒထုတ်ဖော်မှု ပြုလုပ်မည်ကို ကြောက်သဖြင့် စစ်တပ်မှ ခေါ်ထားခြင်းဖြစ်ကြောင်း လည်း ဖမ်းခံရသည့် လူငယ်များက ပြောသည်။

အလားတူ မတ်လ (၈) ရက်နေ့တွင်လည်း တောင်ကြီးမြို့ရှိ ဆန္ဒဖော်ထုတ်ပွဲမှာ သတင်းရယူနေသည့် သတင်းသမားတဦးကိုလည်း ဖမ်းဆီးပြီး နေ့ချင်း ပြန်လည် လွှတ်မြောက်ပေးခဲ့ကြောင်း သိရသည်။

မတ်လ (၈) ရက်တွင် တနိုင်ငံလုံးရှိ သပိတ်စစ်ကြောင်းများကို စစ်တပ် နှင့် ရဲများက လိုက်လံ ပိတ်ပင်တားဆီးခြင်းများ ပြုလုပ်ပြီး အကြမ်းဖက် ဖြိုခွင်းမှုများလည်း ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...