Wednesday, January 28, 2026

မူဆယ်မြို့လမ်းသွားလမ်းလာပြည်သူများ၏ ဖုန်းကို လိုက်လံစစ်ဆေးနေ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ တွင် စစ်ကောင်စီ၏ လက်နက်ကိုင် တပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာများကို တင်းကြပ်စွာ စစ်ဆေးမှုပြုလုပ်နေကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ မူဆယ်မြို့ တွင် ဆန္ဒထုတ်ဖော်နေသည့် ပြည်သူများပုံ

ယနေ့ (မတ် ၉ )ရက်တွင် မူဆယ်မြို့ ဒေသခံများကို စစ်ကောင်စီ၏ လက်နက်ကိုင် တပ်ဖွဲ့ဝင်များက နေ့ရာတိုင်းနီးပါး လမ်းသွားလမ်းလာ ပြည်သူများကိုင်ဆောင်သည့် ဖုန်းများ ကို စစ်ဆေးမှု ပြုလုပ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသည့် မူဆယ်ဒေသခံ စိုင်းဖ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကျနော် ကို စစ်တာက နာရီစင်နားပါ။ ဆိုင်ကယ်ကိုရပ်ခိုင်းတယ်။ ပြီးတော့ ဖုန်းကို ဖွင့်ခိုင်းပြီး ဖေ့ဘွတ်( လူမှုကွန်ရက်) ကိုဖွင့်တယ်။ ဘာမှ သိပ်မတင်တော့ ကျနော်လွှတ်လာတယ်။ ဆိုင်ကယ်ကိုလည်း စစ်သေးတယ် ” ဟု စိုင်းဖ က ပြောသည်။

အဆိုပါ စစ်ဆေးမှုသည် မူဆယ်ဒေသခံ လမ်းသွားလမ်းလာ အားလုံးကို စစ်ဆေးခြင်းမဟုတ်ဘဲ ရဲ၊စစ်တပ်မှ ခေါ်ယူစစ်ဆေးခြင်သူများကိုသာ ခေါ်ယူစစ်ဆေးနေကြောင်း၊ နေရာတိုင်းနီးပါး စစ်ဆေးနေကြောင်းလည်း မူဆယ် မှ အသက် ၂၈နှစ်အရွယ် အမျိုးသား တဦးက ပြောသည်။

ယမန်နေ့ မူဆယ်မြို့ တွင် ဆန္ဒထုတ်ဖော်နေသည့် ပြည်သူများပုံ

“ သူတို့ စစ်ချင်တဲ့နေရာစစ်နေတာ။ တနေရာနဲ့ တနေရာ မတူဘူး။ ရဲရော စစ်သားတွေရောပါတယ်။ ဒါတမြင်သက်သက် လုပ်နေတာ။ပြည်သူကို ကြောက်အောင် ခြောက်နေတာပဲ”လို ၎င်း အမျိုးသားက ပြောသည်။


ယမန်နေ့ (မတ်၈)ရက်တွင် မူဆယ်မြို့ ဟိုနားရပ်ကွက် မြို့ရှောင်လမ်းတွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒထုတ်ဖော်သည့် ပြည်သူလူထု သပိတ်စစ်ကြောင်းကို စစ်ကောင်စီ ၏ လက်နက်ကိုင် တပ်ဖွဲ့က ကျည်အစစ်နှင့် ရာဘာကျည်ကို အသုံးပြုပြီး ဖြိုခွင်းခဲ့ရာ ပြည်သူ ၂ဦး ကျည်အစစ်ထိမှန်ကာ တဦး ဒဏ်ရာပြင်းထန်းခဲ့ပြီး ၂ဦးမှာ ရာဘာကျည်ထိမှန်ခဲ့ကြောင်းသိရသည်။


ထို့အပြင် ဆန္ဒထုတ်ဖော်သူ တချို့လည်း ဖမ်းဆီးခံရကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...