မူဆယ်ကိုဗစ် ၁၉ ပိုးတွေ့လူနာ အမျိုးသမီး စိုးရိမ်နေရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ကိုဗစ်-၁၉ လူနာ ၃၀ဦးရှိပြီး ရန်ကုန်ပြန်လာသည့် အမျိုးသမီးတစ်ဦးသည် စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။ ထိုရန်ကုန်မှာ ပြန်လာသည့် ပိုးတွေ့ အမျိုးသမီးသည် မူဆယ်မြို့ တည်းခိုခန်း ၂ခု တွင် တည်းခိုခဲ့ပြီး၊ ခရီးပြန်ထွက်မည်ဟုဆိုသဖြင့် ဆေးစစ်လိုက်သည့်အခါ ကိုဗစ်-၁၉ တွေ့ရှိခဲ့ကြောင်း၊ လက်ရှိမှာ မူဆယ်မြို့ ပြည်သူ့ဆေးရုံတွင်...
သျှမ်းတောင် တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၀ဦးခန့် ရှိ
SHAN -
သျှမ်းပြည်တောင်ပိုင်းတွင် ကိုဗစ် အတည်ပြုလူနာ (၅၀) ဦး ဆေးကုသမှု ခံယူနေကြောင်း သျှမ်းပြည် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ထံမှ စုံစမ်းသိရှိရသည်။ နိုဝင်ဘာ (၁၇) ရက်နေ့ထိ သျှမ်းပြည်တောင်ပိုင်းတွင် ကိုဗစ်-၁၉ အတည်ပြု လူနာ (၁၈၁) ဦး ရှိပြီး (၁၃၁) ဦးမှာ...
မူဆယ်မြို့နယ် စယ်လန့် ပတ်ဝန်းကျင်တွင် သေနတ်ပစ်ခတ်သံကြားရ ဟုဆို
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအုပ်စုတွင် ယနေ့ နိုဝင်ဘာ (၁၇) ရက် မနက်ပိုင်းအချိန်၌ ပစ်ခတ်သံကြားရကြောင်း ဒေသခံများ ထံ စုံစမ်းသိရသည်။ အဆိုပါ ပစ်ခတ်သံကြားသည့် ဒေသသည် တအောင်း(ပလောင်) အမျိုးသားလွှတ်မြောက်ရေး တပ်မတော် (TNLA) လှုပ်ရှားရာ ဒေသဖြစ်ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။ “ပစ်ခတ်သံကြားရတာ ဟုတ်ပါတယ်။...
တန့်ယန်းမြို့ ကိုဗစ်-၁၉ လူနာနှင့်ထိတွေ့သူ အများစု ကျန်းမာရေးဝန်ထမ်းများဖြစ်
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးဆေးရုံသို့ ဆေးကုသ လာသည့် တန့်ယန်းဒေသခံ အမျိုးသား တဦးထံ ကိုဗစ်-၁၉ တွေ့ရှိပြီး ၎င်းအမျိုးသားနှင့်ထိတွေ့သည့်သူ အများစုသည် ကျန်းမာရေးဝန်ထမ်းများဖြစ်နေကြောင်း စုံစမ်းသိရသည်။ အဆိုပါ အမျိုးသားသည် လားရှိုးပြည်သူ့ဆေးရုံကြီးရှိ နား၊ နှာခေါင်း၊ လည်ချောင်း ဌာနသို့ (နိုဝင်ဘာ ၁၆)ရက်တွင် လာရောက်ပြသစဉ် ကိုဗစ်-၁၉ ရှိ၊မရှိ...
UEC အယုံအကြည်မရှိ ဟု အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ် (DNP) ပါတီ ဆန္ဒပြ
SHAN -
“ မှန်ကန်မျှတမှု မရှိသည့် ရွေးကောက်ပွဲ ကော်မရှင် အလိုမရှိ အလိုမရှိ” ဆိုသည့် ဆိုင်းဘုတ်ကို ကိုင်ဆောင်ကာ သျှမ်းတောင် တောင်ကြီးမြို့ တွင် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့သည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC)၏ မှားယွင်းသည့် ဆောင်ရွက်မှုကြောင့် အယုံအကြည်မရှိကြောင်း...
နယ်မြေမအေးချမ်းမှုအတွက် ကြိုးစားစွမ်းဆောင်ပေးမယ်လို့ နမ္မတူ လူငယ် လွှတ်တော်ကိုယ်စားလှယ်သစ် ပြော
SHAN -
လာမည့် လွှတ်တော်သက်တမ်းအသစ်မှာ သျှမ်းပြည်လွှတ်တော်မှာ စိန်ခေါ်မှုတွေ၊ ဒေသရဲ့ နယ်မြေ မအေးချမ်းမှုတွေ၊ တန်းတူအခွင့်အရေး အားနည်းမှုတွေကို ဦးစားပေးဆောင်ရွက်သွားချင်တယ်လို့ နမ္မတူ ပြည်နယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် စိုင်းကျော်ညွန့်ကပြောပါတယ်။ စိုင်းကျော်ညွန့် ဟာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ တက်သစ်စ လူငယ် နိုင်ငံရေးတဦးဖြစ်ပါတယ်။ သူအနေနဲ့...
ဆိုင်ထိုင်စနစ်သည် အန္တရာယ်ရှိသေး ဟု ဆရာဝန်ပြော
SHAN -
လက်ရှိအချိန်ထိ ကိုဗစ်-၁၉ မြင့်တက်မှု နှှုန်းရှိနေသေးသဖြင့် ဆိုင်ထိုင်စား ပြန်လည်ရောင်းချမည့်ဆိုပါက အန္တရာယ်ရှိနိုင်ကြောင်း ဒေါက်တာ ဇဝနကို က ပြောဆိုလိုက်သည်။ “ ကျန်းမားရေးနဲ့ အားကစားဝန်ကြီးဌာန ရဲဆုံးဖြတ်ချက်ကပိုအရေးကြီးပါတယ်။ လူတွေရဲ့စည်းကမ်း ပြန်လည်အားနည်းလာတယ်။ ကျနော်အမြင်ကတော့ အခုချိန်ဖွင့်သေးမယ်ဆိုရင် အန္တရာယ်ရှိသေးတယ် လို့မြင်ပါတယ်” ဟု သျှမ်းပြည်ကုသရေး နှင့် ပြည်သူ့...
မိုင်းဖြတ် SNLD အမတ်လောင်းကို ပြည်သူ့စစ်ကအမှုဖွင့်
SHAN -
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ၏ မိုင်းဖြတ်မြို့နယ်ပြည်နယ်လွတ်တော် အမှတ်( ၂ ) တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ် စားလှယ်လောင်း ဦးကျဖေ့ကို နမ့်ယွန်းပြည်သူ့စစ်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ မိုင်းဖြတ်ရဲစခန်းက အမည်မဖော်လိုသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးက “ နမ့်ယွန်းပြည်သူ့စစ်က တာဝန်ရှိသူတစ်ယောက်က...
ကိုဗစ်-၁၉ ကြောင့် Lockdown ခံရသည့် ရွာငံ ပြည်သူများအတွက် အလှူငွေကောက်ခံ
SHAN -
တောင်ကြီးမြို့ Ocean ရှေ့တွင် ယနေ့ (နိုဝင်ဘာ ၁၆)ရက် မနက်ပိုင်းတွင် ကိုဗစ်-၁၉ ကြောင့် lockdown ချခံပြည်သူများအတွက် အလှုငွေကောက်ခံသည့် ကမ်းပိန်တစ်ခုပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ထို့သို့အလှူငွေကောက်ခံရာတွင် ကိုဗစ် ၁၉ ကြောင့် ရွာငံမြို့ နယ် အတွင်းရှိ မြို့ကြီးကျေးရွာတွင် ရောဂါကူးစက် ပြန့်ပွားမှူကြောင့် lockdown...
ကျောက်မဲမြို့နယ် ရွေး/ကော် ဥက္ကဌ နေအိမ် သေနတ်ပစ်ခံရ
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ နေအိမ်ကို ယမန်နေ့ (နိုဝင်ဘာ ၁၄)ရက် ည၁၁နာရီကျော်တွင်း သေနတ် ၂ချက်ပစ်ခံရကြောင်းစုံစမ်းသိရသည်။ ကျောက်မဲမြို့နယ် ရွးကောက်ပွဲ ကော်မရှင် ဥက္ကဌ နေအိမ်ကို အမည်မသိလက်နက်ကိုင် အဖွဲ့က ယမန် ည အိပ်ပျော်နချိန်တွင် သေနတ်ဖြင့် ၂ချက် လာပစ်ခဲ့ကြောင်း၊ ထိုသေနတ်ပစ်ခတ်မှုကြောင့်...





