သျှမ်း (၂)တပ် တိုက်ပွဲကြောင့် စစ်ရှောင် (၃၀၀)ကျော်ရှိ၊ ကိုယ်ဝန်ဆောင်နှင့် ကလေးများပါ

သျှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် အတွင်း သျှမ်းတပ် ၂ တပ် ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင် ၃၀၀ ကျော် ထွက်ပြေးနေရပြီး ထိုသူထဲတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေး အများဆုံးဖြစ်ကြောင် သတင်းရရှိသည်။

ထိုစစ်ဘေးရှောင်ပြည်သူများသည် အောင်မင်္ဂလာ ဘုန်းကြီးကျောင်းတွင် (၁၀၇) ဦးရှိပြီး၊ စဉ့်အင်ဘုန်းကြီးကျောင်းတွင် (၂၀၈) ဦး ရှိကြောင်း သိရသည်။

” ဆွန်လုံးကျေးရွာ အုပ်စုထဲ (၃၀၀) ကျော်ရှိတယ်။ ကျေးရွာက ၅ ရွာလောက်ပြေးလာခဲ့ကြတယ်။ မတ်လ ၁၈ နေ့ကတည်းက ရှောင်းပြေးလာကြတယ်။” စစ်ရှောင်ကူညီပေးသူများက ပြောသည်။

အဆိုပါ စစ်ဘေးရှောင်လာသည့်သူများသည် ကလေး၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ကျန်းမားရေး မကောင်းသူများ၊ လေဖြတ်နေသူ များပါဝင်ကြောင်း ကူညီနေသည့်သူက ဆိုသည်။

လက်ရှိအချိန်ထိ သီပေါမြို့နယ် အတွင်း တွင် သျှမ်းပြည်တပ်မတော် (၂)တပ်ဖြစ်သည့် SSPP/SSA နှင့် RCSS/SSAတို့ စစ်ရေး တင်းမာနေဆဲဖြစ်သဖြင့် စစ်ရှောင်များ နေရပ်ပြန်ရန် ခက်ခဲနေကြောင်း၊ စစ်ရှောင်များအတွက် စားဝတ်နေရး လိုအပ်နေကြောင်းလည်း ကူညီသူများက ပြောကြသည်။

” သူတို့တွေပြန်ရင်လဲ စစ်ရေးတင်မာနေမှာကိူ စိတ်ပူစိုးရိမ်နေကြတယ်။ တိုက်ပွဲထက်ဖြစ်မှာကြောက်လို့ ဘယ်သူမှ မပြန်ရဲသေးဘူး။ ဒီနေ့တော ပစ်ခတ်တာ မကြားရသေးဘူး။ ” စစ်ရှောင်များကို ကူညီနေသည့်သူတဦး ကထပ်လောင်းပြောသည်။

ယမန်နေ့ တွင်လည်း SSPP/SSAနှင့် RCSS/SSAတို့ သည် သီပေါမြို့နယ် နားမခေါ်ကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်သဖြင့် အရပ်သားနေအိမ် ၂လုံးပေါ် လက်နက်ကြီး ကျကာ နေအိမ်ပျက်စီးခဲ့ပြီး၊ နားမခေါ်ဒေသခံများ သီပေါမြို့ ပေါ် ဆွေမျိုးအိမ်သို့ထွက်ပြေးတိမ်းရှောင်နရကြောင်း သိရသည်။

ထို့ပြင် မတ် (၂၃)ရက်တွင်လည်း သျှမ်းတပ် (၂)တပ်ကြောင့် ကျောက်မဲမြို့နယ် ညောင်မောင်းကျေးရွာ လက်နက်ကြီးကျကာ အမျိုးသား တဦး ပွဲချင်းပြီး သေဆုံးကာ၊ အမျိုးသမီး ၂ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများကို စစ်တပ်ဖမ်းဆီးရိုက်နှက်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို စစ်ကော်မရှင်တပ်ဘက်မှ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၀) ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

RCSS ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ် ပြန်ရွေးချယ်ခံရ

0
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး ယွက်စစ်အား ပြန်လည်ရွေးချယ်လိုက်ပြီး နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းမှတစ်ဆင့် ဆက်လက်အဖြေရှာသွားမည်ဟု RCSS ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) တွင် ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည့် RCSS ၏...