Thursday, December 1, 2022

မိုင်းကိုင် တပေါင်းပွဲ ကို အကျဉ်းချုပ်သာ ကျင်းပမည်

Must read

သျှမ်းပြည် တောင်ပိုင်း မိုင်ကိုင်မြို့တွင် နှစ်စဉ် စည်ကားစွာ ကျင်းပသည့် တပေါင်းပွဲကို အကျဉ်းချုပ်သဘောဖြင့်သာ ပြုလုပ်သွားမည် ဟု စုံစမ်းသိရသည်။

မိုင်ကိုင်မြို တပေါင်းပွဲကို နှစ်စဉ်ကျင်းပကာ သျှမ်းပြည်တစ်ဝှမ်းပြည်သူလူထူများက သွားရောက်ပြီး ဆွမ်းတော်တင် ဘုရားပူဇော်လေ့ရှိကြသည်။

သို့သော် ယခု နှစ်တွင် ကိုဗစ်ကာလကြောင့် နှင် စစ်အာဏာသိမ်းမှုကြောင့် တပေါင်းပွဲတော်ကို အကြီးကျယ် ပြုလုပ် သွားမည် မဟုတ်ကြောင်း မိုင်းကိုင်မြို့ ဘုန်းကြီးကျောင်းမှ ဂေါပက တဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

” ဒီနှစ်တော့ အကြီးကျယ်မလုပ်ဘူး။ တပေါင်းပွဲနေ့မှာ ဆွမ်းတော် ပစ္စည်းကလွှဲပြီး ကျန်ပစ္စည်းတွေပေး မရောင်းတော့ဘူး” ဟု ၎င်း က ဆိုသည်။

အလားတူ ယခု နှစ် တပေါင်းပွဲကို လာရောက်ပူဇော်ခွင့်သာရှိပြီး ရောင်းရန် ကုန်ပစ္စည်းမယူဆောင်လာခွင့်ပြုမည် မဟုတ်ကြောင်းသိရသည်။

“ ဘုရားဆွမ်းတော်တင်မယ့်သူတွေကိုတော့ လက်ခံပါတယ်။ ဆွမ်းတော်ကပ်ပြီးပြန်ရမှာပါ” ဟုလည်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

မိုင်ကိုင်မြို့ တပေါင်းပွဲသည် နှစ်စဉ်အလား ရပ်နီးရပ်ဝေး ပြည်သူများ လာရောက်ပူဇော်လေ့ရှိကြောင်း သိရသည်။

သျှမ်းပြည် သီပေါမြို့ တွင် နှစ်စဉ်ကျင်းပသည့် ဘော်ကြို တပေါင်းပွဲကိုလည်း ယခုနှစ်တွင် ကျင်းပသွားမည်မဟုတ်ကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article