Wednesday, January 28, 2026

မိုင်းကိုင် တပေါင်းပွဲတော် အပြီး အမှိုက်များသာကျန်

သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်မြို့ တပေါင်းပွဲ အပြီး ဘုရားပရဝုဏ်အတွင်း အမှိုက်များစွာ ကျန်ရှိနေကြောင်း ဒေသခံများကပြောသည်။

Photo by Pagoda MoungKung/ Facebook

တပေါင်းလ ရောက်တိုင်း သျှမ်းပြည် အတွင်းရှိ မြတ်စွာဘုရား ဓာတ်တော် မွေတော်အစစ်အမှန်တည်ရှိရာ ဒေသများတွင် ခေတ်အဆက်ဆက် ရိုးရာ တပေါင်းပွဲ ကျင်းပရာ သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့တပေါင်းပွဲတော်တွင်လည်း ရပ်နီးရပ်ဝေးမှ ပွဲလာသည့်လူထု စည်ကားလျှက်ရှိကြောင်းသိရသည်။

Photo by Pagoda MongKaung/ Facebook

ပွဲတော်ရောက် ပရိသတ်များသည် အမှိုက်ကို စနစ်တကျ စွန့်ပစ်ခြင်းမရှိသဖြင့် ပွဲဈေးတန်းများ၊ ဘုရားရင်ပြင်ပေါ်များတွင် အမှိုက်များဖြင့်ပြည့်နှက်နေကြောင်း ပွဲကျင်းပရေးကော်မတီဝင်များက သျှမ်းသံတော်ဆင့်သို့ပြောသည်။

“ ဒီနှစ် ပွဲလာတဲ့သူ နည်းတယ်။ ဒါပေမယ့် အမှိုက်တွေက အရမ်းများတယ်။ အမှိုက်တွေကို သေချာမပစ်ကြဘူး။ အမှိုက်အိတ်လည်း ထားပေးတယ်။ ပွဲဈေးထဲ စားပြီး ပစ်ကြတယ်” ဟု မိုင်းကိုင်မြို့နယ် အမှတ်(၂) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် အမတ် ဦးစိုင်းလုံ က သျှမ်းသံတော်ဆင့်သို့ပြောသည်။

Photo by Pagoda MongKung/ Facebook

ပွဲတော်နေ့ ပြီးစီးကာ ပွဲဈေးခင်းသူများ မိမိနေရပ်သို့အသီးသီး ပြန်သွားကြပြီဖြစ်သော်လည်း လက်ရှိအချိန်အထိ ဘုရားပွဲ ကျင်းပသည့်နေရာတွင် အမှိုက်များ ကျန်နေခဲ့ကြောင်း၊ သန့်ရှင်းရေး ပြုလုပ်ဖို့ လူငှားခေါ်ထားရကြောင်း လည်း ဦးစိုင်းလုံ က ပြောသည်။

“ အခု ပွဲကွင်းထဲ သန့်ရှင်းရေးလုပ်မယ့်သူကို ၄သိန်း ၅ သောင်းပေးပြီးခေါ်ခိုင်းထားရတယ်။ ဒီနှစ်က အမှိုက်တွေ ပိုများတယ်။ အမှိုက်အိတ်တွေလည်း ပြည့်လျှံနေတယ်” ဟု ဦးစိုင်းလုံ က ဆိုသည်။

Photo by Pagoda MaungKung/ Facebook

လက်ရှိ ကမ္ဘာတဝှမ်းလုံး Novel Corona Virus (ခိုရိုနာ ဗိုင်းရပ်စ်) ကို စိုးရိမ်ထိတ်လန့်ပြီး လူစုလူဝေးများရှိသည့်နေရာတွင် မသွားလာကြရန် သက်ဆိုင်ရာ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ကထုတ်ပြန်ထားသည်။

သို့သော် သျှမ်းပြည်အတွင်း ရိုးရာပွဲတချို့ ဆိုင်းငံ့ခြင်း ရပ်ရွှေ့ဆိုင်းခြင်းမပြုဘဲ ကျင်းပနေပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းကိုင်မြို့တွင် အမျိုးသားတစ်ဦး မူးယစ်ဆေးကြောင်ပြီး ဓားဖြင့်လိုက်ခုတ်၊ ဆွေမျိုး ၄ ဦး ဒဏ်ရာရ

0
သျှမ်းပြည် မိုင်းကိုင်မြို့တွင် မူးယစ်ဆေးဝါးသုံးစွဲပြီး ဆေးကြောင်နေသော အမျိုးသားတစ်ဉီး ဓားကိုင်ရမ်းကားမှုကြောင့် ဆွေမျိုးဖြစ်သူ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦး ဓားခုတ်ခံရပြီး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် သြဂုတ်လ ၁ ရက် ည ၆ နာရီဝန်းကျင်တွင် မိုင်းကိုင်မြို့...

မိုင်းကိုင် စစ်ကောင်စီဂိတ်မှ ဆန်နှင့် စက်သုံးဆီကို သျှမ်းမြောက်သယ်ယူခွင့် တားမြစ်ပိတ်ပင်

0
သျှမ်းပြည်မြောက်ပိုင်းသို့ သယ်ယူမည့် ဆန်နှင့် စက်သုံးဆီ အပါအဝင် စားနပ်ရိက္ခာတင် ကုန်ကားများကို မိုင်းကိုင်မြို့နယ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှ တားမြစ်ပိတ်ပင်လိုက်ကြောင်း စုံစမ်းသိရသည်။ နိုဝင်ဘာလ (၁၅) ရက်မှ စတင်ပြီး မိုင်းကိုင်မြို့ မွေတော်ဘုရားမြောက်ဘက်ရှိ လွယ်မော်ကျေးရွာအနီး တည်ရှိသည့် စစ်ကောင်စီ စစ်ဆေးရေးဂိတ်သည် သျှမ်းပြည်မြောက်ပိုင်း နမ့်လန်၊ မိုင်းရယ်ဘက်သို့...

မိုင်းကိုင်မြို့ ကိုဗစ် – ၁၉ ပိုးတွေ့လူနာ တစ်ဦးသေဆုံး

0
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာမှ ဒေသခံ အမျိုးသား တစ်ဦး ကိုဗစ်-၁၉ ဖြင့် သေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ အမျိုးသားသည် အောက်တိုဘာ (၂၄) ရက်နေ့ ည အချိန်တွင် သေဆုံးသွားကြောင်း သိရှိရသည်။ “ သူက ပန်ကေတု ကနေလာတာ။ နေမကောင်းလို့...

မိုင်းကိုင်မြို့နယ် လယ်ယာအတွင်း လက်နက်ကြီး ကျပေါက်ကွဲ

0
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု ပန်ပွဲကျေးရွာရှိ မြေပဲစိုက်ခင်းအတွင်း လက်နက်ကြီး တစ်လုံးကျရောက် ပေါက်ကွဲသဖြင့် ပြည်သူများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရှိရသည်။ ယနေ့(အောက်တိုဘာ ၁၁) ရက် နံနက် ၄ နာရီကျော်ဝန်းကျင်တွင် စိုင်းတိ၏ မြေပဲစိုက်ခင်းအတွင်း RPG 2 လက်နက်ကြီး အမျိုးအစား ကျပြီး...

လွိုင်လင်ခရိုင်အတွင်း စစ်ကောင်စီမှ စစ်ဆေး ပိုက်ဆံတောင်းမှုပြုလုပ်နေ

0
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့မှ ကားလမ်းမကြီးတစ်လျောက် ရှောင်တခင် စစ်ဆေးပြုလုပ်ပြီး ပြည်သူများထံ ပိုက်ဆံတောင်းယူမှုများ ပြုလုပ်နေကြောင်း သတင်းသိရသည်။ ယခုလ ဒုတိယပတ်အတွင်း ကျေးသီး နှင့် မိုင်းနောင်ကြား ကားလမ်းမ ဘေးတစ်နေရာတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့မှ လမ်းသွားလာသည့် မော်တော်ယာဥ်များကို တားမြစ်စစ်ဆေးပြီး ပိုက်ဆံတောင်းမှု...