စစ်ရှောင်စခန်းအနီး လက်နက်ကြီးသံကြား၊ စစ်ရှောင်များ ထပ်ကွမ်းထွက်ပြေးနေရ
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်ရှိ ဟိုခဲကျေးရွာအုပ်စု နောင်လျှော်ကျေးရွာရှိ စစ်ရှောင်စခန်းအနီး သျှမ်းတပ်(၂)တပ် လက်နက်ကြီးသံကြောင့် စစ်ရှောင်များထပ်မံ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ ယနေ့ စက်တင်ဘာ (၁၉) ရက် နေ့လည် (၁၂) နာရီခွဲချိန်မှစတင်ပြီး သျှမ်းတပ် (၂) တပ် တိုက်ပွဲပြင်းထန်သဖြင့် နောင်လျှော်ရွာ တွင် တိမ်းရှောင်နေသည့် စစ်ရှောင်များ...
တန့်ယန်းမြို့ဒေသခံများ သူခိုး ဓားပြဒဏ်ပိုခံနေရ
SHAN -
သျှမ်းပြည် မြောက်ပိုင်း လားရှိုးခရိုင် တန်းယန်းမြို့တွင် သူခိုးဓားပြများ ပေါများလာသည့်အတွက် ဒေသခံများက စိုးရိမ်ထိတ်လန့်နေကြောင်း သတင်းသိရသည်။ စက်တင်ဘာလ ၁၈ ရက်နေ့ ညသန်းခေါင်ဝန်းကျင်အချိန်တွင် တန့်ယန်းမြို့ မြို့မဈေးရှိ ဆိုင်ခန်း ၂ခန်းသည် ဖော်ထွင်းခံရပြီး ဆိုင်ထဲသိုလှောင်ထားသည့် ပစ္စည်းများနှင့် ငွေကြေးတချို့ ဆုံးရှုံးလိုက်ရကြောင်း တန့်ယန်းမြို့ ရပ်ကွက် ၅...
အောင်ပန်းမြို့ ဒေသခံများကို စစ်ကောင်စီမှ ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်အသုံးပြု
SHAN -
သျှမ်းပြည်တောင်ပိုင်းအောင်ပန်းမြို့တွင် စစ်ကောင်စီတို့သည် အရပ်သားများကို ဖမ်းဆီးခေါ်ဆောင်ပြီး လူသားဒိုင်းအဖြစ်အသုံးပြုမှုရှိနေကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။ အောင်ပန်းမြို့ နောင်ရဲကျေးရွာ တွင် အောင်ပန်း ပြည်သူ့ကာကွယ်ရေးတပ် ( ASDF) နှင့် စစ်ကောင်စီ တပ်ဖွဲ့ နှင့် ၎င်းတို့၏ လက်အောက်ခံ တပ်ဖွဲ့ဖြစ်သည့် အသွင်းပြောင်း ပအိုဝ်းပြည်သူ့စစ်(PNO)တို့ ယနေ့ (စက်တင်ဘာ...
ကိုဗစ် ကာကွယ်ဆေးထိုးတဲ့ နမ့်ခမ်း စေတနာ့ဝန်ထမ်း (၇)ဦး ကိုဗစ် ကူး
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ စေတနာ့ဝန်ထမ်း (၃) လခန့် နေအိမ်သို့ မပြန်ဘဲ ကိုဗစ်-၁၉ တတိယလှိုင်း ကို လုပ်ဆောင်ရာမှာ အဖွဲ့ဝင် (၇) ဦး ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ ထို ကူးစက်ခံရသည့် သူများသည် နမ့်ခမ်းပရဟိတ လူမှုကူညီရေးအသင်း နှင့် နမ့်ခမ်း ကြက်ခြေနီ...
ကာလိမြို့ မီတာခများ ပိုကောက်ခံနေ
SHAN -
သျှမ်းပြည်တောင်ပိုင်း ကာလိမြို့တွင် ဇူလိုင်လက စတင်ပြီး မီတာခ ယခင်ထက်ပိုကောက်ခံမှု နှုန်း ပိုများပြားလာကြောင်း စုံစမ်းသိရှိရသည်။ လက်ရှိ မီတာခသည် ယခင်ကထက် တဝက်ကျော် ကုန်ကျကြောင်း၊ ယခင်တွင် အိမ်သုံးမီတာခ ၄ထောင်ခန့်သာ ကုန်ကျရာ ဇူလိုင်လမှ စပြီး ၈ထောင်ကျော် ကုန်ကျနေကြောင်း တဖက်မှာလည်း စီးပွားရေး ရှာဖွေစားသောက်ရန်...
မုံးကိုးဘက် စစ်ကောင်စီ ထိုးစစ်ဆင်မှု ပြင်းထန် စစ်ရှောင်များ စားနပ် ရိက္ခာ ခက်ခဲနေ
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်ရှိ မုံးကိုးမြို့နယ်တွင် စစ်ကောင်စီတို့၏ အင်အားတိုးချဲ့ ထိုးစစ်ဆင်မှု ဆက်လက်ပြင်းထန်နေသည့် အတွက် စစ်ဘေးရှောင်နေသည့် ဒေသခံများသည် စားနပ်ရိက္ခာအတွက် ခက်ခဲနေကြောင်း သတင်းသိရသည်။ ယမန်နေ့ ၁၆ ရက်နေ့ ညအချိန်တွင် မုံးကိုးမြို့သို့ စစ်ကူရန်အတွက် လာသည့် စစ်ယာဉ်တန်းမှ စစ်ကောင်စီ တပ်သားတို့သည် ဘောလုံးကွင်းအတွင်းသို့ စခန်းချနားနေပြီး...
ကျောက်မဲ မိုင်းတင်းအုပ်စု စစ်ရှောင် (၃၄) ဦး ကိုဗစ် ထပ်မံကူးခံရ
SHAN -
သျှမ်းမြောက် ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာအုပ်စုအတွင်းရှိ စစ်ရှောင် (၃၄)ဦးထံမှ ယနေ့ (စက်တင်ဘာလ ၁၇ရက်)တွင် ကိုဗစ်ပိုး ထပ်မံတွေ့ရှိခဲ့ရကြောင်း သတင်းရရှိသည်။ ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာအုပ်စု ပြိန်းခါးနှင့် နားမွန်းစစ်ရှောင်စခန်းတွင် လာရောက်ခိုလှုံ နေသည့် စစ်ရှောင်များထံမှ ကိုဗစ်ပိုးတွေ့ရှိခဲ့ရတာဖြစ်ကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။ “ပြိန်းခါးစစ်ရှောင်စခန်းကနေ (၂၉)ယောက် ပိုးတွေ့တယ်၊ နားမွန်းကတော့ (၅)ယောက်ပါ၊...
ကျိုင်းတုံမြို့နယ် တာပင်း စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီမှ ပြန်ဖွင့်ပေး
SHAN -
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် နှင့် မိုင်းလားမြို့နယ်အစပ်ရှိ တာပင်းစစ်ဆေးရေးဂိတ်ကို စစ်ကောင်စီဘက်မှ ပြန်လည်ဖွင့်ပေးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ထိုစစ်ဆေးရေးဂိတ်ကို စစ်ကောင်စီဖက်မှ (၄) နှစ်ကြာပိတ်ထားခဲ့ပြီး အာဏာသိမ်းပြီး (၇) လအကြာ ယမန့်နေ စက်တင်ဘာ (၁၆) ရက်တွင် ပြန်လည်ဖွင့်ပေးခဲ့ကြောင်း ကျိုင်းတုံမြို့ ဒေသခံ ပြည်သူတဦးက ပြောသည်။ “ ဟုတ်ပါတယ်။...
မိုင်းထိလူနာကို ဆေးရုံပို့ ပြန်လာတဲ့ လူမှုရေးအသင်းကား ပစ်ခတ်ခံရ
SHAN -
သျှမ်းမြောက် ကျောက်မဲမြို့နယ် ဟူးကွက်ကျေးရွာတွင် ယမန်နေ့ (စက်တင်ဘာလ (၁၆)ရက်) မွန်းလွဲ(၃)နာရီခွဲဝန်းကျင်က မိုင်းထိလူနာကို ဆေးရုံပို့ပြီး ဟူကျေးရွာသို့ ပြန်လာသည့် လူမှုရေးအသင်းကား ပစ်ခတ်ခံရကြောင်း သတင်းရရှိသည်။ မိုင်းထိဒဏ်ရာရရှိခဲ့သည့် ဟူးကွက်ဒေသခံ(၂)ဦးအား ဂရုဏာလူမှုကူညီရေးအသင်းကားဖြင့် ကျောက်မဲဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီးနောက် စက်တင်ဘာ (၁၆)ရက်နေ့ မွန်းလွဲပိုင်းက ဟူးကွက်ကျေးရွာသို့ ပြန်လာစဉ် ရွာအဝင်တွင်...
တာချီလိတ်မြေကိစ္စ ပစ်ခတ်မှုဖြစ် (၂)ဦးသေ တစ်ဦးဒဏ်ရာရ
SHAN -
သျှမ်းရှေ့ တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက် အာခါဈေးလမ်းတွင် ယနေ့(စက်တင်ဘာ ၁၆)ရက် မွန်းလွဲ (၁)နာရီ၌ သေနတ်ပစ်ခတ်မှုကြောင့် (၂)ဦးသေဆုံး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ တာချီလိတ်တွင် စက်တင်ဘာလ (၁၆)ရက်နေ့ မွန်းလွဲ (၁)နာရီခွဲဝန်းကျင်အချိန်က မြေယာကိစ္စကြောင့် သေနတ်ဖြင့်လာရောက်ပစ်ခတ်တာဖြစ်ပြီး အလုပ်သမား (၂)ဦး သေဆုံးကာ တစ်ဦးက ခြေထောက်တွင် ဒဏ်ရာရရှိခဲ့တာဖြစ်ကြောင်း...





