မူဆယ်၊နမ့်ခမ်း ကိုဗစ်- ၁၉ လူနာများထားရန် ဆေးရုံနေရာ လုံလောက်မှု မရှိ
SHAN -
သျှမ်းပြည်မြောက်ပိုင်းတွင် ကိုဗစ်- ၁၉ ပိုးတွေ့လူနာ များလာသဖြင့် ဆေးရုံတွင် လူနာထားရန်နေရ လုံလောက်မှု မရှိကြောင်း စုံစမ်းသိရှိရသည်။ မူဆယ်မြို့တွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာ စုစုပေါင်း (၂၀၀) ကျော်ထိရှိလာပြီး ဆေးရုံးတွင် ထားရှိရန် မလုံလောက်သောကြောင့် တချို့လူနာများကို နေအိမ်တွင်ထားရှိနေရကြောင်း မူဆယ်မြို့ ဂရုဏာ လူမှုကူညီရေးအသင်းမှ...
တောင်ကြီး ကားဂိတ်များဖွင့်ထားသည့် နေရာ ကိုဗစ် (၃)ဦး တွေ့
SHAN -
သျှမ်းပြည် တောင်ကြီးမြို့၊ မင်းလမ်းရှိ နေအိမ် နှင့် ကားဂိတ်တွဲဖွင့်ထားသည့် အိမ်တလုံးတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိကြောင်း စုံစမ်းသိရသည်။ အဆိုပါ နေအိမ်အာက်ထပ်ကို ကားဂိတ်များကို ငှားရမ်းဖွင့်လှစ်ထားပြီး အပေါ်ထပ်တွင် အိမ်ရှင်မိသားစုဝင်များနေထိုင်သည့်အိမ်ဖြစ်ကြောင်းသိရသည်။ ” ကားဂိတ်တွေ အပေါ်မှာနေတဲ့ အသက် ၆၀ အရွယ် အိမ်ရှင် အမျိုးသားက အအေးမိ စဖျားခဲ့တာ၊...
အင်းလေးဒေသတွင် Q Center ထပ်ဖွင့်လှစ်ရန် လိုအပ်နေ
SHAN -
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ခံရသူ ပိုမိုများပြားလာပြီး Quarantine Center ထပ်မံဖွင့်လှစ်ရန် လိုအပ်နေကြောင်း စုံစမ်းသိရသည်။ “ကိုဗစ်အတည်ပြုလူနာတွေကို ညောင်ရွှေပြည်သူ့ဆေးရုံ၊ စံကားပြည်သူ့ဆေးရုံ၊ နန်းပန်ပြည်သူ့ဆေးရုံနဲ့ ဟဲယာရွာမတိုက်နယ်ပြည်သူ့ဆေးရုံတွေမှာ ဆေးကုသပေးနေတယ်၊ ထိတွေ့တဲ့သူတွေအတွက် Q Center ထပ်လိုနေသေးတယ်” လို့...
RCSS နှင့် SSPP တိုက်ပွဲကြောင့် အရပ်သား (၁)ဦး ကျည်ထိမှန်
SHAN -
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် မိုင်ကောင်ကျေးရွာအုပ်စု နားထွန်ကျေးရွာ အနီး RCSS/SSAနှင့် SSPP/SSA တိုက်ပွဲဖြစ်ပွားမှုကြောင့် လယ်ယာလုပ်ကိုင်သည့် အရပ်သား (၁)ဦး ကျည်ထိမှန်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ဇူလိုင် ၄ ရက် မနက် ၈ နာရီအချိန်တွင် အသက် (၃၀)အရွယ်ရှိ စိုင်းစံအောင် လယ်ယာသွားကြည့်ချိန်တွင် RCSS/SSAနှင့်...
ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာ လက်ဖက်ခြံသွားလမ်းပေါ် ဆူးထောင်ချောက်များရှိ
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စုအတွင်းရှိ လက်ဖက်ခြံနှင့် လမ်းမကြီးလမ်းဘေးတွင် ဝါးဖြင့်ပြုလုပ်ထားသည့် ဆူးထောင်ချောက်များတွေ့ရှိရကြောင်း စုံစမ်းသိရှိရသည်။ ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာဘက်တွင် RCSS နှင့် TNLA ၊ SSPP တို့ ပူပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နေရာဖြစ်ပြီး၊ လက်ရှိ ဝါးဖြင့် ပြုလုပ်ထားသည့် ဆူးထောင်ချောက်တွေ့ရှိသည့်နေရာသည် RCSS တပ်စခန်းအနီးဖြစ်ကြောင်း...
တောင်ကြီးမြို့ လူငယ်(၂)ဦးကို စစ်ကောင်စီက ရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင်သွား
SHAN -
တောင်ကြီးမြို့ တွင် ယမန်နေ့ (ဇူလိုင် ၅)ရက် ည (၈)နာရီဝန်းကျင်တွင် စစ်ကောင်စီ အုပ်စုမှ လူငယ် (၂)ဦးကို စစ်ဆေးမှုပြုလုပ်ကာ ရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ည (၈)နာရီကျော်တွင် တွင် တောင်ကြီးမြို့ ကံသာရပ် နိဗ္ဗာန်လမ်းဆုံအနီးတွင် စစ်ကောင်စီ မှ ဆိုင်ကယ်စီးလာသည့်...
မူဆယ်မြို့တွင် ၅ ရက်အတွင်း ပိုင်ရှင်မဲ့အလောင်း (၁၀) လောင်းတွေ့
SHAN -
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့မှာ ဇူလိုင်လဆန်း( ၅)ရက်သာ ကာလအတွင်း ပိုင်ရှင်မဲ့ အလောင်းကို (၁၀) လောင်း တွေ့ရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့က ဇူလိုင်လ ၅ ရက်နေ့ မနက်ပိုင်းတွင် ကားလေးကွင်းအနောက်လမ်းကြား၌ သေဆုံးနေသည့် အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့ရပြီး ၅ ရက်အတွင်း ပိုင်ရှင်မဲ့ အလောင်း...
မီတာခ မဆောင်သည့် ဟိုပုံးမြို့နယ်မှ အိမ်ခြေ (၁၅) အိမ်မီးကြိုးဖြတ်ခံရ
SHAN -
သျှမ်းပြည် တောင်ပိုင်း ဟိုပုံးမြို့နယ်အတွင်းရှိ မီတာခ ပေးဆောင်ခြင်း မရှိသည့် အိမ်ခြေ (၁၅) အိမ်မီးလိုင်းကြိုး ဖြတ်ခံလိုက်ရကြောင်း သတင်းရရှိသည်။ ဇူလိုင်လ ၅ ရက်တွင် ဟိုပုံးမြို့နယ် နမ့်ခုတ်စံပြကျေးရွာ၊ အမှတ် (၄) ရပ်ကွက်ရှိ မီတာခ ပေးဆောင်ခြင်းမရှိသည့် နေအိမ် (၁၅) အိမ်မှ မီးလိုင်းကြိုးများကို...
ပင်လုံမြို့ မီးမီတာခ မဆောင်သည့်အိမ်များ မီးဖြတ်ခံရ
SHAN -
သျှမ်းပြည် တောင်ပိုင်း ပင်လုံမြို့တွင် မီတာခမဆောင်သည့် အိမ်များကို စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ရုံးမှ မီတာဘောက် လာရောက်ဖြုတ်ကာ မီးဖြတ်လိုက်ကြောင်း စုံစမ်းသိရသည်။ အဆိုပါ ဇူလိုင် ၂ ရက်နေ့တွင် ပင်လုံမြို့ပေါ်ရှိ ပြည်သူများကို မီတာခ လာဆောင်ရန် မဆောင်ပါက မီတာဘောက်ဖြုတ်မည် ဟု ခြိမ်းခြောက်မှုများပြုလုပ်ကာ တချို့...
ကျေးသီးမြို့နယ် သျှမ်းတပ် (၂)တပ် တိုက်ပွဲဆက်ဖြစ်ပွား စစ်ရှောင် (၃၀၀၀) ရှိလာ
SHAN -
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း သျှမ်းတပ် (၂) တပ်က တိုက်ပွဲပြင်းထန်းမှုကြောင့် ယနေ့ ဇူလိုင် ၅ ရက်နေ့ထိ စစ်ဘေးရှောင် (၃၀၀၀) ကျော်ထိရှိလာကြောင်း စုံစမ်းသိရှိရသည်။ ကျေးသီးမြို့နယ် အတွင်းစစ်ဘေးရှောင် (၃၀၀၀)ကျော်ရှိလာသည့်အတွက် ဘုန်းကြီးကျောင်းတွင်နေထိုင်ရန် ခက်ခဲလာကြသဖြင့် တချို့ ကျေးသီးမြို့ပေါ်ရှိ ဆွေမျိုးများနေအိမ်သို့သွားရောက်နေထိုင်ကြကြောင်း စစ်ဘေးရှောင် ကူညီပေးနေသည့် အမျိုးသားတစ်ဦးက...





