သိန္နီစစ်သား လူငယ်တစ်ဦးကို အကြောင်းမဲ့ စစ်ဖိနပ်ဖြင့်ကန်၊ ရိုက်နှက်

သျှမ်းပြည် မြောက်ပိုင်း သိန္နီမြို့ စီးပွားရေးဘဏ်စောင့် စစ်သား မှ ယမန်နေ့ (စက်တင်ဘာ ၂၈)ရက် မနက်ပိုင်းတွင် လူငယ်တစ်ဦးကို အကြောင်းမဲ့ စစ်ဖိနပ်ဖြင့်ကန်ပြီး အကြိမ်ကြိမ်ရိုက်နှက်မှု ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။

သိန္နီ

သိန္နီမြို့ စီးပွားရေးဘဏ်စောင့် အရက်မူးနေသည့် စစ်သား မှ ဘဏ်ရှေ့တွင် ဆံပင်ညှပ်ဆိုင်ဖွင့်ထားသည့် လူငယ်တစ်ဦး၏ ဆိုင်ကို အရက်မူးပြီး ဝင်သွားကာ၊ ဆံပင်ညှပ်ဆိုင်ဖွင့်လှစ်ထားသည့် လူငယ်ကို စစ်ဖိနစ်ဖြင့် နင်းပြီး၊ အကြိမ်ကြိမ်ရိုက်နှက်မှု၊ ပါးချမှုတို့ပြုလုပ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသည့် သိန္နီဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ စစ်သားက အရက်မူးပြီး အဲ့ဆိုင်ကိုဝင်သွားတယ်။ အဲ့ကလေးရဲ့ ခေါင်းကို ထိုးကြိတ်တယ်။ စစ်ဖိနပ်နဲ့ ထပ်ခါထပ်ခါ ပိတ်ကန်နင်းချတယ်။ သူ့နားတွေ ယောင်သွားတယ်။ လမ်းတောင် မလျှောက် နိုင်တော့ဘူး ” ဟု မျက်မြင်တွေ့ရှိသူ က ဆိုသည်။

အဆိုပါ စစ်သားသည် ဆံပင်ညှပ်ဆိုင်ဖွင့်ထားသည့် လူငယ်ကို ထိုးနှက်ပြီး ခြေထောက်ဖြင့် ကန်သည့် အပြင် သေနတ်ကို မောင်းတင်ပြီး ခြိမ်းခြောက်သေးကြောင်း မျက်မြင်တွေ့ရှိသူ က ပြန်ပြောပြသည်။

ထိုရိုက်နှက်ခံရသည့်ဖြစ်စဉ်နှင့်ပတ်သက်ပြီး ၎င်း၏ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ရေးသားခဲ့ သော်လည်း သက်ဆိုင်ရာမှ လာရောက်ပြီး ၎င်းရေးသားထားသည့် စာကို ပြန်ဖြုတ်ခိုင်းကြောင်း သိရသည်။

“ ဒီနေ့ နေ့လည်ခင်းမှာလည်း အဲ့ကလေး အိမ်ကို သက်ဆိုင်ရာ ဗိုလ်မှူးတွေ အုပ်ချုပ်ရေးမှူးတွေနဲ့ မြို့မိ၊ မြိုဖက လူတွေလာပြီးတောင်းပန်တယ်။တင်ထားတဲ့ ပိုစ့်ပြန်ဖျက်ခိုင်းတယ်။ လျော်ကြေးပေး မယ်ဆိုပြီး ခုထိတော့ ဘာမှ မရသေးဘူး” ဟု သိန္နီ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောပြသည်။

စစ်ကောင်စီ တပ်မှ ရိုက်နှက်ခဲ့သည့် လူငယ်သည် မိသားစုဝင်များကို ဆံပင်ညှပ်သည့် ပညာဖြင့် ရိုးသားစွာ ရှာဖွေကျွေးမွေးနေသည့် လူငယ်ဖြစ်ကြောင်း၊ ထိုကဲ့သို့ အပြစ်မဲ့ လူငယ်ကို အကြောင်းမဲ့ ရိုက်နှက်နေသည့် သတင်းကြားရသည့်အတွက် စိတ်မကောင်းကြောင်း၊ နောက်နောင် ထိုကဲ့သို့ မဖြစ်စေလိုကြောင်းလည်း သိန္နီပြည်သူများက ပြောဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...