KIA ရိုက်နှက်မှုကြောင့် ဒေသခံတဦး ဒဏ်ရာပြင်းထန်၊ KIA ဘက်မှ တာဝန်ယူမည်မဟုတ်
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ပန်လောကျေးရွာတွင် မြေယာကိစ္စကြောင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က ဒေသခ (၆)ဦးကို ဖမ်းဆီး ရိုက်နှက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ လွန်ခဲ့သည့် အောက်တိုဘာ (၂၄)ရက် ကွတ်ခိုင်မြို့နယ် ပန်လောကျေးရွာ ဒေသခံများသည် ကချင်တပ်မတော် (KIA) ထိန်းချုပ်နယ်မြေထဲ တောင်ယာလုပ်ရန်အတွက် ခြံခုတ်ရှင်းလင်းမှုကြောင့်...
တောင်ကြီး KTV ဆိုင် စစ်ကောင်စီ ဝင်ဖမ်း၊ လူ(၃၀)ဦး ပါသွား
SHAN -
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ KTV ဆိုင် တစ်ဆိုင် စစ်အာဏာပိုင် ဝင်ရောက်ဖမ်းဆီးခဲ့ရာ လူ (၃၀)ဦး ဖမ်းဆီးခံရကြောင်း စုံစမ်းသိရှိရသည်။ အောက်တိုဘာ (၂၆)ရက် မနက် (၁)နာရီအချိန်က တောင်ကြီး အဝေရာမီးပုံးပျံကွင်းရှေ့ရှိ (100)% ဆိုင်ကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၊ စစ်လက်အောက်ခံ ရဲများ၊ တပ်သားများ လူအင်အား...
ပန်ဆိုင်းမြို့ထဲ စစ်ကောင်စီ ရမ်းသမ်းပစ်ခတ် ပြည်သူ့အိမ်များ ထိခိုက်
သျှမ်းပြည် မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့အတွင်းတွင် ကိုးကန့်တပ်မတော် MNDAA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်နေစဥ် စစ်ကောင်စီမှ မြို့ထဲသို့ ရမ်းပစ်သည့်အတွက် ပြည်သူအိမ်များ ထိခိုက်ပျက်စီးရကြောင်း သတင်းသိရသည်။ ယမန်နေ့ အောက်တိုဘာလ ၂၅ ရက် ည ၉ နာရီကျော်မှ စတင်ကာ ပန်ဆိုင်းမြို့ရှိ ရပ်ကွက်...
လားရှိုးမြို့ ရှိ ကျေးရွာအတွင်း စစ်ကောင်စီများ ဝင်ရောက်စစ်ဆေး ရှာဖွေနေ
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ကောင်းကြဲကျေးရွာအုပ်စု ကောင်းကြဲကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်စစ်ဆေး ရှာဖွေမှုများ ပြုလုပ်ခဲ့သဖြင့် ဒေသခံများ စိုးရိမ်နေရကြောင်း စုံစမ်းသိရှိရသည်။ လားရှိုးမြို့နယ် ကောင်းကြဲကျေးရွာအတွင်း လွန်ခဲ့သည့် အောက်တိုဘာ (၂၄)ရက်နေ့ ည (၉)နာရီ ဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက်ခဲ့ပြီး ကျေးရွာတွင်းရှိ နေအိမ်များကို လိုက်လံရှာဖွေစစ်ဆေး ခဲ့ကြောင်း...
ဖယ်ခုံမြို့ စစ်ကောင်စီ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်၊ ဒေသခံ ၂ ဦး ဒဏ်ရာရ
SHAN -
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ညောင်ပင်သာရပ်ကွက်တွင် စစ်ကောင်စီတပ်ဖွဲ့များ ရမ်းသမ်း ပစ်ခတ်နေပြီး ဒေသခံပြည်သူ (၂)ဦး ယမ်းစထိမှန်ပြီး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ညောင်ပင်သာရပ်ကွက်တွင် ယနေ့ အောက်တိုဘာ (၂၆)ရက် မနက် ၁၀ နာရီဝန်းကျင်အချိန်တွင် စစ်ကောင်စီက တဖက်သတ် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံ (၂)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ “ဒီနေ့...
မူဆယ်မြို့နယ်အတွင်း တရုတ်မှ နယ်ကျော်သံဆူးကြိုးခတ် ဒေသခံများ သွားဖျက်ဆီးခဲ့
SHAN -
မြန်မာ - တရုတ် နယ်စပ် သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် ပန်ခမ်းကျေးရွာအုပ်စုတွင် တရုတ်ဘက်ခြမ်းမှ နယ်မြေကျုးကျော်ကာ သံဆူးကြိုးဖြင့် ခတ်ထားသည်ကို ဒေသခံများ ပြန်လည်ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ အောက်တိုဘာ (၂၄)ရက်က တရုတ်ဘက်ခြမ်းမှ သံဆူးကြိုးဖြင့် မြန်မာဘက်ခြမ်းသို့ ပေ(၅၀) ကျော်ပြီး လာခတ်သဖြင့် ဒေသခံများ ပြန်လည်ဖြုတ်ခဲ့ကြောင်း ပန်ခမ်းဒေသခံ...
ဒီးမော့ဆို ကက်သလစ်ဘုရားကျောင်းအသစ်ကို စစ်ကောင်စီ ပစ်ခတ်
ကရင်နီပြည် (ကယားပြည်) ဒီးမော့ဆို ၆ မိုင် စံပြကျေးရွာရှိ ဖွင့်ပွဲမလုပ်ရသေးသည့် ကက်သလစ် ဘုရားကျောင်း အသစ်ကို စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်ဖျက်ဆီးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ အောက်တိုဘာလ ၂၅ ရက်နေ့ ည ၉ နာရီဝန်းကျင် အချိန်တွင် ဒီးမော့ဆိုမြို့ ၆ မိုင် စံပြကျေးရွာအတွင်းသို့...
ကျောက်မဲ ဗဟိုစျေးအတွင်း စျေးသည် (၂)ဦး ကိုဗစ်ပိုးတွေ့
SHAN -
သျှမ်းမြောက် ကျောက်မဲမြို့ ဗဟိုစျေးတွင် စျေးရောင်းသည့် စျေးသည် (၂)ဦးထံမှ ကိုဗစ်-၁၉ ပိုး စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ကြောင်း သတင်းရရှိသည်။ ကျောက်မဲ ဗဟိုစျေးတောင်ဘက်အခြမ်းတွင် ရောင်းချနေသည့် စျေးသည် (၂၀၀)ကို ယနေ့ အောက်တိုဘာ (၂၅)ရက်တွင် စစ်ဆေးခဲ့ရာ စျေးရောင်းသူ (၂)ဦးထံမှ ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိခဲ့ရတာဖြစ်ကြောင်း သိရသည်။ “ဒီနေ့ စျေးတောင်ဘက်မှာ...
နယ်မြေကျူးကျော်ခွင့်မပေးပါက ပန်ဆိုင်း ထွက်ကြံများဝယ်ယူမည်မဟုတ်ကြောင်း တရုတ် ဖိအားပေး
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ် မန့်မိုင်ကျေးရွာအတွင်းသို့ တရုတ်မှ နယ်မြေ ကျူးကျော် ခြံစည်းရိုးခတ်မှုကို ဒေသခံများက သဘောမတူပါက နောက်ထွက်လာမည့် ကြံများကို ဝယ်ယူမည်မဟုတ်ကြောင်း တရုတ်က ဖိအားပေးပြောဆိုလာကြောင်း စုံစမ်းသိရသည်။ ပန်ဆိုင်းမြို့နယ် မန့်မိုင်ကျေးရွာထဲသို့ တရုတ်ဘက်မှ အောက်တိုဘာ (၂၀)ရက်နေ့ကစပြီး နယ်မြေကျူးကျော်ကာ ခြံစည်းရိုးလာခတ်ခဲ့ကြောင်း သိရသည်။ “သူတို့ နယ်မြေကျော်လာပြီး...
လားရှိုး လက်နက်ကြီး ပေါက်ကွဲသံကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေရ
SHAN -
သျှမ်းမြောက် လားရှိုးမြို့နယ်တွင် ယမန်နေ့ (အောက်တိုဘာ ၂၄ ရက်) ည (၇)နာရီဝန်းကျင်က လက်နက်ကြီး ပေါက်ကွဲသံကြောင့် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်ခဲ့ရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ညတွင် လားရှိုးမြို့ အထက်မန်အိုင်ကျေးရွာအနီးရှိ ပြောင်းဖူးခင်းအတွင်း လက်နက်ကြီး ကျပေါက်ကွဲခဲ့ပြီး ပေါက်ကွဲသံကျယ်လောင်လွန်းသဖြင့် စိုးရိမ်ထိတ်လန့်ရကြောင်း ဒေသခံများထံမှ သိရသည်။ “မနေ့ကတော့ အသံ အရမ်းကျယ်တော့...






