Tuesday, January 27, 2026

မူဆယ်မြို့နယ်အတွင်း တရုတ်မှ နယ်ကျော်သံဆူးကြိုးခတ် ဒေသခံများ သွားဖျက်ဆီးခဲ့

မြန်မာ – တရုတ် နယ်စပ် သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် ပန်ခမ်းကျေးရွာအုပ်စုတွင် တရုတ်ဘက်ခြမ်းမှ နယ်မြေကျုးကျော်ကာ သံဆူးကြိုးဖြင့် ခတ်ထားသည်ကို ဒေသခံများ ပြန်လည်ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

မူဆယ်မြို့နယ်အတွင်း တရုတ်မှ နယ်ကျော် သံဆူးကြိုးခတ် ဒေသခံများ သွားဖျက်ဆီးခဲ့

အောက်တိုဘာ (၂၄)ရက်က တရုတ်ဘက်ခြမ်းမှ သံဆူးကြိုးဖြင့် မြန်မာဘက်ခြမ်းသို့ ပေ(၅၀) ကျော်ပြီး လာခတ်သဖြင့် ဒေသခံများ ပြန်လည်ဖြုတ်ခဲ့ကြောင်း ပန်ခမ်းဒေသခံ တစ်ဦးက ပြောသည်။

“သူတို့လာခတ်ထားတဲ့ သံဆူးကြိုးတွေကို သွားဖျက်ပြီး ယူလာတယ်။ အရင်က သူတို့ အုတ်တံတိုင်းနဲ့ ခတ်ထားတာရှိတယ်။ အဲ့ဒါကို သံဆူးကြိုးနဲ့ မြန်မာဘက်ခြမ်းကို ပေ(၅၀)လောက် ဝင်လာတယ်။ အဲ့ဒါကို ပြန်သွားဖျက်တာ” ဟု ပန်ခမ်းဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အောက်တိုဘာ (၂၅)ရက် မနက် (၉)နာရီခန့်က ပန်ခမ်းကျေးရွာ ဒေသခံ (၂၄၀)ဝန်းကျင်က သံဆူးကြိုးကို ပြန်လည်သွားဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

“နယ်နိမိတ်မျဉ်းမှ တစ်ဖက်ကို ပေ (၃၀) ကွာရမယ်။ ဒါပေမဲ့ တရုတ်ဘက်က အဲ့စည်းမျဉ်းကို မလိုက်နာပဲ မြန်မာဘက်ခြမ်းကို ပေ (၅၀) ထပ်ဝင်လာပြီး သံဆူးကြိုးနဲ့ လာခတ်တယ်” ဟု ပန်ခမ်းကျေးရွာ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မူဆယ်မြို့နယ်အတွင်း တရုတ်မှ နယ်ကျော် သံဆူးကြိုးခတ် ဒေသခံများ သွားဖျက်ဆီးခဲ့

သက်ဆိုင်ရာဌာနကို စာတင်ထားပေမယ့် လက်ရှိအချိန်ထိ အကြောင်းကြားလာခြင်း မရှိသေးကြောင်း စုံစမ်းသိရှိရသည်။

ဖေဖော်ဝါရီ (၁)ရက် စစ်အာဏာသိမ်းယူပြီးနောက် တရုတ်နိုင်ငံမှ နယ်စပ်ဖြစ်သည့် ကျေးရွာဒေသများတွင် နယ်မြေကျူးကျော်လာပြီး ခြံစည်းရိုး ပိုမိုခတ်လာခဲ့ကြောင်း သိရှိရသည်။

အလားတူ အောက်တိုဘာ (၂၀)ရက် မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ် မန့်မိုင်းကျေးရွာအတွင်း တရုတ်ဘက်ခြမ်းမှ နယ်မြေကျူးကျော်ပြီး ခြံစည်းရိုးခတ်မှုကို ဒေသခံတို့ သဘောမတူပါက ဒေသခံ၏ ကြံများကို ဝယ်ယူမည်မဟုတ်ကြောင်း တရုတ်ဘက်မှ ဖိအားပေး ပြောဆိုလာခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာ (၁၈)ရက်တွင်လည်း နမ့်ခမ်းမြို့နယ် နောင်ခမ်းကျေးရွာတွင် တရုတ်ဘက်မှ နယ်မြေကျုးကျော်လာပြီး ခြံစည်းရိုးထပ်မံလာခတ်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တရုတ်- အမေရိကန် ကျားဖြန့်အားပြိုင်မှုကြား ရုန်းထွက်ရန် ကြိုးစားနေသည့် စစ်အုပ်စုနှင့် EAOs များ

0
ကမ္ဘာ့အင်အားကြီး အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည် မြန်မာနယ်စပ်မှ ကျားဖြန့်နှိမ်နင်းရေး လုပ်ငန်းများကို အပြိုင်အဆိုင် လုပ်ဆောင်လာနေပြီး အဆိုပါနိုင်ငံကြီးနှစ်ခု အားပြိုင်မှုတွင် ကြားမညှပ်ရေး စစ်အုပ်စုနှင့် လက်နက်ကိုင် အဖွဲ့အစည်းအချို့က ရုန်းထွက်ရန် ကြိုးစားနေကြကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောသည်။ တရုတ် - မြန်မာ နယ်စပ်တစ်လျှောက် အပါအဝင် ထိုင်း...

တရုတ်နိုင်ငံရောက် စစ်ကော်မရှင်ဝန်ကြီး ဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးကိစ္စဆွေးနွေး

0
စစ်ကော်မရှင်လက်အောက်ခံ စွမ်းအင်ဝန်ကြီးသည် တရုတ်နိုင်ငံပိုင် စွမ်းအင်ဆိုင်ရာ အဖွဲ့အစည်းများမှ အကြီးအကဲများနှင့် တွေ့ဆုံစဉ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း လုံခြုံရေးကိစ္စများ ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ တရုတ်နိုင်ငံတွင် စွမ်းအင်အသွင်ကူးပြောင်းရေးဖိုရမ် တက်ရောက်နေသည့် စစ်ကော်မရှင်လက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် အောက်တိုဘာလ (၂၁) ရက်တွင် တရုတ်နိုင်ငံပိုင် China...

ပိုးလမ်းမစီမံကိန်း BRI ကို လူထုလက်ခံလာရေး ဆိုရှယ်မီဒီယာပေါ်ထိုးဖောက်ရန် တရုတ်ကြိုးပမ်း

0
တရုတ်နိုင်ငံက အကောင်အထည်ဖော်နေသည့် ပိုးလမ်းမစီမံကိန်း BRI ကို လူထုလက်ခံလာရေး ဆိုရှယ်မီဒီယာမှတဆင့် ထိုးဖောက်ရန် သက်ဆိုင်ရာနိုင်ငံများမှ အင်တာနက်ပေါ် နာမည်ကြီးသူများကို ဖိတ်ခေါ်ကာ ယူနန်ပြည်နယ်တွင် မီဒီယာဖိုရမ် ကျင်းပပြုလုပ်ခဲ့သည်။ စက်တင်ဘာလ ၁၆ ရက်နှင့် ၁၇ ရက်တွင် ယူနန်ပြည်နယ် ကူမင်းမြို့၌ ပိုးလမ်းမစီမံကိန်း BRI နှင့်...

MNDAA က နယ်စပ်လုံခြုံရေးအတွက် သေနတ်(၂၀၀) လက်ကို တရုတ်လက်အပ်၊ (၅၀၀)နီးပါး မီးရှို့ဖျက်ဆီး

0
မြန်မာ-တရုတ်နယ်စပ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို မြှင့်တင်ရန် ကိုးကန့်တပ်ဖွဲ့ MNDAA က သေနတ် (၆၇၆) လက်ကို သိမ်းဆည်းခဲ့ပြီး ထိုထဲမှ သေနတ် (၂၀၀) လက်ကို တရုတ်နိုင်ငံဘက် လွှဲပြောင်းပေးခဲ့ကာ ကျန်ရှိသည့် (၄၇၆) လက်ကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း သတင်းသိရသည်။ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့်...

မူဆယ်မြို့နယ် ပန်ဆိုင်းနယ်စပ်ဂိတ်တွင် MNDAA ထိန်းချုပ်ထားစဉ် မြန်မာအလံပြန်လွှင့်ထူ

0
စိုင်းဆိုင်အိုက်၊ ၂၀၂၅ ဧပြီလ ၃၀ ရက် သျှမ်းပြည် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့ရှိ တရုတ် - မြန်မာ နယ်စပ်ဂိတ်ကို ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားစဉ် မြန်မာနိုင်ငံအလံကို ပြန်လည် လွှင့်ထူထားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ ၂၈ ရက် ညနေ ၅ နာရီခန့်တွင်...