ပုံးအင်းဒေသတွင်း PDF ၀င်လာမည်ကို စိုးရိမ်သဖြင့် စစ်ရှောင်များကို တင်းကြပ်စစ်ဆေးနေ
SHAN -
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ပုံးအင်းဒေသအတွင်းသို့ ပြည်သူ့ကာကွယ်ရေးတပ် (PDF များ၀င်ရောက်လာမည်ကို စိုးရိမ်သဖြင့် စစ်ဘေးရှောင်လာမည့်သူများကို ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့မှ ချမှတ်ထားသည့် အချက် (၉) ချက်ကို စစ်ဆေးခံရမည် ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။အဆိုပါ ကရင်နီပြည်နယ်ဘက်တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ တိုက်ပွဲပြင်းထန်နေပြီး...
ငွေပန်းတိမ်ဆရာ ပိန်းရိုးခုတ်နေသည်
SHAN -
တိမ်ထူထူအောက်တွင် ပတ်ဝန်းကျင် တစ်ခုလုံး အုပ်မှိုင်းနေသည်။ တစ်ခါတစ်ရံ မိုးဖွဲဖွဲ ရွာလေ့ရှိသော်လည်း ကိုအောင်မျိုး တစ်ယောက် အမှုမထားပဲ ကန်ရေပြင်ထက် အလေ့ကျ ပေါက်ရောက်နေသည့် ပိန်းပင်များ၏ အရိုးများကို စိတ်ရှည်လက်ရှည် ခုတ်ထွင်ကာ လှေပေါ် တင်နေသည်။ အစဉ်အမြဲ ခရီးသွား ဧည့်သည်များဖြင့် စည်ကားနေလေ့ ရှိသည့် သျှမ်းပြည်တောင်ပိုင်း...
မိုင်းပွန်မြို့ အထိ PNO/PNA မှ စစ်သားနှင့် ငွေသားကောက်ယူမှုများ ပြုလုပ်နေ
သျှမ်းပြည်တောင်ပိုင်း မိုင်းပွန်မြို့နယ်တွင် ပအိုဝ်းအမျိုးသားတပ်မတော်နှင့် ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် (PNO/PNA) တို့မှ တပ်သားကောက်ယူခြင်းနှင့် ငွေကြေးတောင်းခံခြင်းများ ပြုလုပ်နေကြောင်း သတင်းသိရသည်။ သျှမ်းပြည်တောင်ပိုင်းရှိ မိုင်းပွန်မြို့တွင် PNO/PNA မှ စစ်သင်တန်းတက်ရောက်ရန်အတွက် ဒေသခံ အမျိုးသား / အမျိုးသမီးများ၏ လူဦးရေ နာမည်စာရင်းကို ကောက်ယူတောင်းခံမှုများ ရှိနေကြောင်း...
နမ့်ခမ်းမြို့နယ် ဖဒဲန်ကျေးရွာ ကားလမ်းပျက်၊ ကားသွားရန်ခက်ခဲ
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဖဒဲန်ကျေးရွာ မိုးသည်းထန်စွာရွာသွန်းပြီးနောက် ကားလမ်းမကြီး ပြိုကျပျက်စီးပြီး ကားသမားများသွားလာရန် ခက်ခဲနေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဇွန်လ ၁၁ ရက် မနက်ပိုင်းတွင် နမ့်ခမ်းမြို့ နှင့် နမ့်ဖတ်ကာကြားရှိ ကားလမ်းမကြီးသည် မိုးသည်းထန်ရွာသွန်းမှုကြောင့် လမ်းပြိုကျသွားကြောင်းသိရသည်။ “ အဲနေ့က မိုးအရမ်းရွာလို့ အဲနားရှိတဲ့ ကားလမ်းက ပြိုကျသွားတာ။...
နမ့်စန်မြို့ ညလောင်းကစားပွဲမှ သီချင်းကျယ်လောင်စွာဖွင့်လှစ် ပြည်သူများ ညအိပ်ရန်ခက်ခဲ
SHAN -
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့တွင်ဖွင့်လှစ်ထားသည့် ညလောင်းကစားဝိုင်းများမှ Song Box (အသံချဲ့စက်) သည် အသံကျယ်လောင်စွာ ဖွင့်လှစ်သဖြင့် သက်ကြီးရွယ်အို နှင့် ပြည်သူများ အိပ်စက်ရန်ခက်ခဲနေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့ မနက် ၂ နာရီဝန်းကျင်အထိ အသံချဲ့စက်နဲ့ သီချင်းများကို ကျယ်လောင်စွာအော်ဆိုသောကြောင့် ဘေးပတ်ဝန်းကျင်က...
စစ်ကောင်စီမှ ဖယ်ခုံမြို့ ဒေသခံအမျိုးသားများကို ဝမ်းလျားမှောက်အိပ်ခိုင်းပြီး စစ်ဆေး
SHAN -
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နှင့် ကရင်နီ နယ်စပ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်သားများသည် ဒေသခံအမျိုးသား ၁၅ ဦးခန့် ဝမ်းလျားမှောက်အိပ်ခိုင်းပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းသိရသည်။ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်တွင် ဖယ်ခုံမြို့ ဟိန္ဓမရပ်ကွက်ဘက် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ သည် အိမ်ထဲရှိနေသည့် ပြည်သူအမျိုးသားများကို...
အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် EAOs တို့ ငြိမ်းချမ်းရေးခရီး
ဒီနေ့တော့ ဧပြီ ၂၂ရက် ၂၀၂၂ခုနစ် ကနေစ, ပြီးတပ်ချုပ်ကြီးကနေခေါ်လိုက်တဲ့ ပြည်တွင်းငြိမ်းချမ်း ရေးဆွေးနွေးပွဲတွေအကြောင်းဘေးကြည့် (အနီးကြည့်လဲမဟုတ်၊ အဝေးကြည့်လဲမဟုတ်သူ) တဦးအနေနဲ့ တင်ပြပြီး စာရှုသူများကိုဝေဖန် သုံးသပ်ဆုံးဖြတ်စေချင်တယ်။ အရင်ကဆိုရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုခေါ်ရင် လူလွှတ်ပြီးယုံကြည်စိတ်ချအောင် အလွတ်သဘောရှင်းပြပြီးမှတရားဝင်တွေ့ဆုံပြီး သဘောတူညီချက်တွေရယူလေ့ရှိဒါကို အမှတ်ရကြပါလိမ့်မယ်။ အထူးသဖြင့် ၁၉၈၉ မှာတစ်ကြိမ်၊ ၂၀၁၁ မှာတစ်ကြိမ်ပေါ့။ သို့သော်ဒီတစ်ခေါက်မှာတော့...
မိုင်းခတ်မြို့ ကလေးငယ်တစ်ဦးကို ရောင်းစားရန် ကြိုးစားသူ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရ
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်၊ မိုင်းခတ်မြို့မှ ကလေးငယ်တစ်ဦးကို ရောင်းစားရန် ကြိုးစားသည့် တရားခံနှစ်ဦး ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရကြောင်း သတင်းသိရသည်။ မိုင်းခတ်မြို့မှ အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးကို လွန်ခဲ့သည့် ၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံသို့ ရောင်းစားရန် လိမ်လည်ခေါ်ဆောင်သည့် တရားခံနှစ်ဦးကို ဖမ်းဆီးစစ်ဆေးပြီး...
မိုင်းပျဉ်းမြို့ တပိုင်တနိုင် ဓာတ်ဆီဆိုင်များကို စစ်ကောင်စီက ပိတ်ခိုင်း
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့အတွင်းရှိ တပိုင်တနိုင် ဖွင့်ထားသည့် ဓာတ်ဆီဆိုင်များ အားလုံးကို ပိတ်ထားခိုင်းကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ ဇွန် ၉ ရက်နေ့က စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူး၊ စည်ပင် နှင့် ရဲတို့က အိမ်နှင့် မြို့ပြင်တွင် တပိုင်တနိုင်ဖွင့်လှစ်ထားသည့် ဓာတ်ဆီဆိုင်ရှင်များအားလုံးကိုခေါ်ယူပြီး လက်ရှိဖွင့်ထားသည့်ဆိုင်များအားလုံး ပြန်လည်ပိတ်ခိုင်းကြောင်း တပိုင်တနိုင်...
သီပေါမြို့နယ် ရုန်းရင်းဆန်ခတ်မှုရှိလာသည့် အတွက် ညမထွက်ရအမိန့်ကို ထုတ်ပြန်ရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းရှိ ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားသဖြင့် မာရှယ်လော ထုတ်ပြန်ခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ သီပေါမြို့နယ်အတွင်း ရပ်ရွာ ငြိမ်းချမ်းရေးကို ထိခိုက်လာမှု၊ ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားသည့်အတွက် ည (၈) နာရီ မှ မနက် (၄) နာရီအထိ ညမထွက်ရ အမိန့်ကို ဇွန် (၈) ရက်နေ့က ထုတ်ပြန်လိုက်ကြောင်း...





