Thursday, April 18, 2024

နမ့်ခမ်းမြို့နယ် ဖဒဲန်ကျေးရွာ ကားလမ်းပျက်၊ ကားသွားရန်ခက်ခဲ

Must read

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဖဒဲန်ကျေးရွာ မိုးသည်းထန်စွာရွာသွန်းပြီးနောက် ကားလမ်းမကြီး ပြိုကျပျက်စီးပြီး ကားသမားများသွားလာရန် ခက်ခဲနေကြောင်း စုံစမ်းသိရှိရသည်။

နမ့်ခမ်း ကားလမ်းပျက်စီး

ပြီးခဲ့သည့် ဇွန်လ ၁၁ ရက် မနက်ပိုင်းတွင် နမ့်ခမ်းမြို့ နှင့် နမ့်ဖတ်ကာကြားရှိ ကားလမ်းမကြီးသည် မိုးသည်းထန်ရွာသွန်းမှုကြောင့် လမ်းပြိုကျသွားကြောင်းသိရသည်။

“ အဲနေ့က မိုးအရမ်းရွာလို့ အဲနားရှိတဲ့ ကားလမ်းက ပြိုကျသွားတာ။ ကားကြီးမှ မဟုတ်ဘူး။ ကားသေးတွေလည်း သွားလာလို့ ခက်ခဲတယ်။ တကယ်လို့ လမ်းကို သေချာမကြည့်ဘဲ သွားမယ်ဆိုရင် အောက်ကို ပြိုကျသွားနိုင်တယ်။ အဲနားရောက်ရင် သတိထားသွားလာရမယ်” ဟု နမ့်ခမ်းမြို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

အဆိုပါလမ်းသည် လားရှိုး – ကွတ်ခိုင် – နမ့်ခမ်း – မူဆယ် အတွက် ကုန်သွယ်ရေးအတွက် အသုံးပြုသည့် လမ်းဖြစသည် ။ အစိုးရမှ ပြုလုပ်ပေးသည့် ပြည်ထောင်စုလမ်းမကြီးမပြီးသေးသည့် အချိန်တွင် ကုန်သည်များက ယခုလမ်းကို အဓိက အသုံးပြုသွားလာကြသည်။

လက်ရှိတွင်လည်း ထိုလမ်းကို အသုံးပြုဆဲ ဖြစ်ကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။

လမ်းပျက်စီးသွားသော်လည်း လက်ရှိအချိန်ထိ တာဝန်ရှိသူများမှ လာရောက် ပြုပြင်ပေးချင်မရှိသေးကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article