မိုင်းပျဉ်းမြို့ တပိုင်တနိုင် ဓာတ်ဆီဆိုင်များကို စစ်ကောင်စီက ပိတ်ခိုင်း

သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့အတွင်းရှိ တပိုင်တနိုင် ဖွင့်ထားသည့် ဓာတ်ဆီဆိုင်များ အားလုံးကို ပိတ်ထားခိုင်းကြောင်း စုံစမ်းသိရှိရသည်။

တပိုင်တနိုင် ဓာတ်ဆီဆီုင်

ယမန်နေ့ ဇွန် ၉ ရက်နေ့က စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူး၊ စည်ပင် နှင့် ရဲတို့က အိမ်နှင့် မြို့ပြင်တွင် တပိုင်တနိုင်ဖွင့်လှစ်ထားသည့် ဓာတ်ဆီဆိုင်ရှင်များအားလုံးကိုခေါ်ယူပြီး လက်ရှိဖွင့်ထားသည့်ဆိုင်များအားလုံး ပြန်လည်ပိတ်ခိုင်းကြောင်း တပိုင်တနိုင် ဓာတ်ဆီရောင်းသည့် အမျိုးသားတစ်ဦးက ပြောသည်။

ထို တပိုင်တနိုင် ဖွင့်လှစ်ရောင်းချသည့် ဓာတ်ဆီဆိုင်များသည် နှစ်ပေါင်း ၃၀ ကျော် ကြာလာခဲ့ပြီဖြစ်ပြီး တကြိမ်တခါမျှ ပိတ်ခိုင်းခြင်းမရှိခဲ့ပေ။

“ သူတို့ရုံးကိုလာခေါ်သွားတာ။ အိမ်မှာရောင်းနေတဲ့ဆီဆိုင်ဖြစ်ဖြစ်၊ လမ်းဘေးမှာ ရောင်းနေတဲ့ ဆီဆိုင်တွေပဲ ဖြစ်ဖြစ် မရောင်းရတော့ဘူးတဲ့။ အကုန်လုံးပိတ်ထားရမယ်တဲ့။ ဆီတွေမရောင်းရတော့ဘူးပေါ့။ ပန့်နဲ့ ရောင်းတဲ့ ဆီဆိုင်တွေတော့ ဖွင့်ထားသေးတယ်။ မပိတ်ရဘူး။ ဘာကြောင့် ပိတ်ခိုင်းလဲတော့ ကျနော်တို့လည်း မသိရဘူး” ဟု မိုင်းပျဉ်းမြို့ရှိ အိမ်ဆိုင်တစ်ဆိုင်မှာ ဆီဆိုင်ဖွင့်ထားသည့် အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် အိမ်တွင်းရောင်းနေသည့် ဆီဆိုင်များကို စစ်ကောင်စီက ပိတ်ထားခိုင်းပြီး၊ မိုင်းပျဉ်းမြို့တွင်ဖွင့်လှစ်ထားသည့် ပန့်ဆီဆိုင် (၃) ခုကိုသာ ဖွင့်ခွင့်ရကြောင်းသိရသည်။

“ အခု မိုင်းပျဉ်းမှာက ဆီဆိုင် (၃) ခုပဲ ဖွင့်ခွင့်ရတာ။ အဲ့တာတွေက ပန့်ဆီဆိုင်ကြီးတွေဖြစ်တယ်။ ဒီမှာလည်း ပန့်ဆီဆိုင်က ၃ ခုပဲရှိတာ။ သူတို့တွေကလိုင်စင်ရှိထားတယ်။ အဲ့ကြောင့် ဖွင့်ခွင့်ရတာတဲ့” ဟု မိုင်းပျဉ်းမြို့ ဒေသခံတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးတစ်နှစ်ကြာတွင် မြန်မာနိုင်ငံအတွင်းရှိ ဆီဈေးများမြင့်တက်လာပြီး၊ဆီဆိုင်ပြတ်လပ်မှုဖြစ်လာသဖြင့် တစ်ချို့ဆိုင်များက ပိတ်သိမ်းလိုက်ရကြောင်း သိရသည်။

ထိုအပြင် လက်ရှိ သျှမ်းပြည်အတွင်းရှိ ဆီများ ဈေးတက်လာမှုကြောင့် ဆိုင်တွေပိတ်လာရသည့်အပြင် ပြည်သူများတစ်ချို့ကလည်း ဆီဈေးမတက်နိုင်တာကြောင့် လမ်းလျှောက်သွားလာရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...