CATEGORY

သတင်း

သျှမ်းပြည်တောင်ပိုင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (SSPDF) နာယက စစ်ကြောရေးတွင် သေဆုံး

သျှမ်းပြည်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (SSPDF) နာယက ဖြစ်သည့် ကိုအောင်ဇော်ဦးသည် စစ်ကြောရေးတွင် နှိပ်စက်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ကိုအောင်ဇော်ဦးကို အာဏာသိမ်းပြီးနောက် ၂၀၂၁ ဩဂုတ်လ ၈ ရက် တွင် အေးသာယာမြို့ရှိ ၎င်း၏ နေအိမ်တွင် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးသွားခဲ့ကြောင်း...

နမ့်စန်မြို့ မီတာခ ၃ ဆ ပိုပေးဆောင်နေရ

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့တွင် မီးများပုံမှန်လာခြင်းမရှိဘဲ EPC ရုံးကို လစဉ်ကြေးမီတာခ ကို ၃ဆ ပိုပေးဆောင် နေရ ကြောင်း စုံစမ်းသိရသည်။ စစ်အာဏာသိမ်းပြီး (၁) နှစ်ကျော်ကာလအတွင်း လျှပ်စစ်မီးများ ပုံမှန်လာခြင်းမရှိသည့်အပြင် လစဉ်ကြေး မီတာခများကို EPC ရုံးက ကောက်ယူခဲ့ပြီး ယခင်တွင် တစ်လကို...

မူဆယ်မြို့နယ် အနီး လက်နက်ကြီး ပစ်ခတ်သံ ကြားရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ နယ် ခိုမုန်းရွာ နှင့် နမ့်ဖတ်ကာကြား ယနေ့ စက်တင်ဘာ (၆) ရက် မနက် (၉) နာရီခွဲဝန်းကျင်တွင် လက်နက်ကြီးသံ ကြားရကြောင်း စုံစမ်းသိရှိရသည်။ “ပစ်ခတ်သံက တစ်နာရီ လောက်ထိ ကြာတယ်။ စကစ နဲ့တော့ သေချာတယ်။ နမ့်ဖတ်ကာ...

ဆီဆိုင်မြို့နယ် ပြည်သူ့စစ် PNO တပ်ဖွဲ့က ဒေသခံများကို ဖမ်းဆီးပြီး ပိုက်ဆံတောင်းယူနေ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာတွင် သြဂုတ်လကုန်ပိုင်းမှ စပြီး ပအိုဝ်း ပြည်သူ့စစ် (PNO) တပ်ဖွဲ့က မူးယစ်ဆေးဝါးကို အကြောင်းပြကာ ဒေသခံများကို ဖမ်းဆီးခေါ်ဆောင်နေ ကြောင်း စုံစမ်းသိရှိရသည်။ သြဂုတ်လကုန်ပိုင်းမှ စတင်ပြီး PNO တပ်ဖွဲ့မှ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာအတွင်းရှိ ဒေသခံ လူငယ် (၃)...

နမ္မတူမြို့နယ် စစ်ရေးတင်းမာနေဆဲ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ရှောင်ပြည်သူများက နေရပ်မပြန်နိုင်သေးကြောင်း သတင်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၄) ရက် နံနက် ၆ နာရီဝန်းကျင်တွင် နမ္မတူမြို့နယ် ဟင်ပုတ်ကျေးရွာအုပ်စုရှိ လွယ်မြေ ကျေးရွာနှင့် နမ့်လကျေးရွာကြားတွင် စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း...

ဖယ်ခုံမြို့နယ် စစ်ကောင်စီ လက်နက်ကြီးပစ်ခတ် ပြည်သူ (၃) ဦးထိမှန်

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်း ကုန်းပေါကျေးရွာ၊ တောင်ပို့ကြီးကျေးရွာထဲသို့ စစ်ကောင်စီမှ လက်နက်ကြီး တဖတ်သတ် ပစ်ခတ်မှုကြောင့် ပြည်သူ (၃) ဦး ထိမှန်ပြီး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယမန်နေ့ စက်တင်ဘာ ၄ ရက် ည ၉ နာရီ ဝန်းကျင်တွင် စစ်ကောင်စီမှ...

နောင်ချိုမြို့နယ် ကျေးရွာထဲ စစ်ကောင်စီ လက်နက်ကြီး ရမ်းသမ်းပစ် ပြည်သူ ၁၄၀ နီးပါး စစ်ရှောင်နေရ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် လုံခံကျေးရွာထဲကို စစ်ကောင်စီက လက်နက်ကြီး၊ ငယ် ပစ်ခတ်မှုကြောင့် ပြည်သူ (၁၄၀) ဝန်းကျင် စစ်ဘေးထပ်မံ တိမ်းရှောင်လာခဲ့ရကြောင်း စုံးစမ်းသိရှိရသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက် နှင့် ၄ ရက် တွင် စစ်ကောင်စီက ကျေးရွာတွင်း PDF...

ကွတ်ခိုင်မြို့နယ် စစ်ကောင်စီ နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တိုက်ပွဲဖြစ်

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မန့်ပိန်းကျေးရွာအုပ်စုအတွင်းတွင် ယနေ့ (စက်တင်ဘာ ၄)ရက် နေ့လည် ၁၂နာရီ ဝန်းကျင်မှ စတင်ကာ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ စက်တင်ဘာလ ၄ ရက် ၁၂ နာရီဝန်းကျင်မှ ၁ နာရီကျော်အထိ...

ကျိုင်းတုံမြို့ လူမှုဝန်ထမ်းကျောင်း လျှပ်စစ်မီးကြောင့် မီးလောင်မှုဖြစ်ပွား

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ ရပ်ကွက် (၁) ယန်းခမ်းအထက် လူမှုဝန်ထမ်းကျောင်းတွင် ယနေ့ နံနက် (၆) နာရီဝန်းကျင်၌ လျှပ်စစ် ဝါယာကြိုးရှောခ်ဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ “ဒီနေ့ မနက်ကလောင်တာဗျာ။ မနက် (၆) နာရီဝန်းကျင်လောက်က မီးလောင်တာ။ လျှပ်စစ်မီး ဝါယာကြိုး ရှောခ်ဖြစ်လို့ မီးလောင်သွားတယ်။...

လားရှိုးမြို့ ကျောင်းသား (၁) ဦး ဆိုင်ကယ်လုယက်ခံရ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ရှိ ကျောင်းသားတစ်ဦးသည် ယနေ့ (စက်တင်ဘာ ၄) ရက် နံနက် (၇) နာရီဝန်းကျင်၌ ကျောင်းသို့ သွားနေစဉ် ဆိုင်ကယ် လုယက် ခံရကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဥ်မှာ ကျောင်းသားတစ်ဦးသည် ယနေ့ နံနက် (၇) နာရီဝန်းကျင်၌ ကျောင်းသို့ သွားနေစဥ် လားရှိုးမြို့...

Latest news