Friday, April 26, 2024

ကွတ်ခိုင်မြို့နယ် စစ်ကောင်စီ နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တိုက်ပွဲဖြစ်

Must read

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မန့်ပိန်းကျေးရွာအုပ်စုအတွင်းတွင် ယနေ့ (စက်တင်ဘာ ၄)ရက် နေ့လည် ၁၂နာရီ ဝန်းကျင်မှ စတင်ကာ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။

ကွတ်ခိုင်

ယနေ့ စက်တင်ဘာလ ၄ ရက် ၁၂ နာရီဝန်းကျင်မှ ၁ နာရီကျော်အထိ ပစ်ခတ်သံများ ကြားရပြီး တိုက်ပွဲသည် တစ်နာရီကျော်ကြာ ဖြစ်ပွားခဲ့ကြောင်း ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လက်နက်ကြီးလက်နက်ငယ်အသံတွေ ကြားရပါတယ်၊ မန့်ပိန်းနားမှာ တိုက်ပွဲဖြစ်တာ၊ အသံတွေကြားလို့ ကားသမားတွေလည်း လမ်းမှာထိုးရပ်လိုက်ရတယ်၊ တစ်နာရီကျော်ကြာတယ်၊ အခုတော့ အသံငြိမ်သွားပါပြီ” ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံကားသမားများက ပြောဆိုထားသည်။

လက်ရှိ တိုက်ပွဲငြိမ်သက် သွားသော်လည်း တချို့သော အိမ်စီးကားများက ရှေ့ဆက်မသွားဘဲ နောက်ကြောင်းပြန် လှည့်ရကြောင်းနှင့်တချို့သော လိုင်းကားနှင့် ကုန်တင်ကားများသာ တိုက်ပွဲသံ ငြိမ်သက်မှု အပြီးတွင် လိုရာခရီးဆက် သွားကြောင်းလည်း သိရသည်။

“တိုက်ပွဲသံက လမ်းမကြီးနဲ့ နီးနေတော့ တချို့ကားသမားတွေက ရှေ့ဆက်တိုးရင် စစ်သားတွေနဲ့ တွေ့မိပြီး အခွန် ဆောင်ရမှာဆိုးလို့ ရှေ့ဆက်မသွားကြဘူး၊ တချို့အရေးကြီးခရီးသည် နဲ့ ကားသမားတွေပဲ ရှေ့ဆက်သွားတယ်” ဟု လားရှိုး – မူဆယ် ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကွတ်ခိုင်မြို့နယ်အတွင်းတွင် ကာလအတန်ကြာ ပစ်ခတ်တိုက်ခိုက်သံများ ပျောက်ကွယ်နေပြီး ယနေ့တွင် ပြန်လည်စတင်ကြားရသည့်အတွက် ဒေသခံပြည်သူများက တိုက်ပွဲ ဆက်လက်ဖြစ်ပွားမည်ကို စိုးရိမ်ထိတ်လန့်နေကြောင်းလည်း သိရသည်။

ကွတ်ခိုင်မြို့နယ်သည် စစ်ကောင်စီတပ်ဖွဲ့အပြင် ၎င်းတို့၏ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့များ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များဖြစ်ကြသည့် SSPP/SSA၊ TNLA၊ KIA နှင့် MNDAA တပ်ဖွဲ့တို့က သွားလာလှုပ်ရှားလေ့ရှိ သည်

Leave a Comments

- Advertisement -spot_img

Latest article