ကျိုင်းတုံမြို့ လူမှုဝန်ထမ်းကျောင်း လျှပ်စစ်မီးကြောင့် မီးလောင်မှုဖြစ်ပွား

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ ရပ်ကွက် (၁) ယန်းခမ်းအထက် လူမှုဝန်ထမ်းကျောင်းတွင် ယနေ့ နံနက် (၆) နာရီဝန်းကျင်၌ လျှပ်စစ် ဝါယာကြိုးရှောခ်ဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ကျိုင်းတုံ မီးလောင်

“ဒီနေ့ မနက်ကလောင်တာဗျာ။ မနက် (၆) နာရီဝန်းကျင်လောက်က မီးလောင်တာ။ လျှပ်စစ်မီး ဝါယာကြိုး ရှောခ်ဖြစ်လို့ မီးလောင်သွားတယ်။ ပျက်စီးမှုကတော့ သိပ်မရှိဘူးဗျ။ ထိခိုက်ဒဏ်ရာရတဲ့သူလည်း တစ်ယောက်မှ မရှိပါဘူး “ ဟု ၎င်း ခရိုင် မီးသတ်ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ကျိုင်းတုံမီးလောင်

မီးလောင်မှုသည် နံနက် (၆) နာရီခွဲကျော်တွင် မီးများပြန်လည် ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် မိမိအိမ်တွင်းရှိ လျှပ်စစ်ပစ္စည်းများဖြစ်သော ရေနွေးအိုးများကို စနစ်တကျ အသုံးပြုပေးရန်အတွက် နှင့် လျှပ်စစ်ပစ္စည်းများကို အထူးသတိထားရန်အတွက် လိုအပ်ကြောင်း ၎င်းမီးသတ်ဌာနမှတိုက်တွန်းပြောဆိုလိုက်သည်။

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ ရပ်ကွက် (၁) ယန်းခမ်းအထက် လူမှုဝန်ထမ်းကျောင်းတွင် ယနေ့
နံနက် (၆) နာရီ ဝန်းကျင်၌ လျှပ်စစ် ဝါယာကြိုးရှောခ်ဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

“ဒီနေ့ မနက်ကလောင်တာဗျာ။ မနက် (၆) နာရီဝန်းကျင်လောက်က မီးလောင်တာ။ လျှပ်စစ်မီး ဝါယာကြိုး ရှောခ်ဖြစ်လို့ မီးလောင်သွားတယ်။ ပျက်စီးမှုကတော့ သိပ်မရှိဘူးဗျ။ ထိခိုက်ဒဏ်ရာရတဲ့သူလည်း တစ်ယောက်မှ မရှိပါဘူး “ ဟု ၎င်း ခရိုင် မီးသတ်ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မီးလောင်မှုသည် နံနက် (၆) နာရီခွဲကျော်တွင် မီးများပြန်လည် ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် မိမိအိမ်တွင်းရှိ လျှပ်စစ်ပစ္စည်းများဖြစ်သော ရေနွေးအိုးများကို စနစ်တကျ အသုံးပြုပေးရန်အတွက် နှင့် လျှပ်စစ်ပစ္စည်းများကို အထူးသတိထားရန်အတွက် လိုအပ်ကြောင်း ၎င်းမီးသတ်ဌာနမှတိုက်တွန်းပြောဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျိုင်းတုံ ဘုန်းကြီးကျောင်းအတွင်း အာဏာပိုင်၏ ခွင့်ပြုချက်ဖြင့် လောင်းကစားဖွင့်လှစ်နေ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ဘုန်းကြီးကျောင်းအတွင်းတစ်ခုတွင် လောင်းကစားဝိုင်းမျိုးစုံကို အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ခွင့်ပေးနေကြောင်း ဒေသခံများက ပြောသည်။ ကျိုင်းတုံမြို့နယ် မိုင်းဇင်းကျေးရွာအုပ်စု နောင်နွန်းကွက်သစ်ရှိ ဝိသုဒ္ဓါရုံစာသင်တိုက်အတွင်း၌ ဧပြီလ ၁ ရက်နေ့မှစတင်ကာ လောင်းကစားဝိုင်းများကို တစ်လကြာ ဖွင့်လှစ်ခွင့်ပေးထားခြင်း ဖြစ်သည်။ အဆိုပါ ဝိုင်းများတွင် ကြက်ဝိုင်း၊ ဂျင်ဝိုင်း၊ ပိုက်ကျူး၊ ငါးပစ်ဂိမ်း၊...

ကျိုင်းတုံမှာ စစ်ကော်မရှင်တပ်က လူငယ်များကိုပေါ်တာဆွဲ ကျပ်သိန်းတစ်ရာဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်နေပြီး ဖမ်းဆီးခံရသူများကို ငွေကျပ်သိန်း တစ်ရာဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှစပြီး ကျိုင်းတုံမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပေါ်ပေါ်ထင်ထင်လုပ်လာပြီး ညနေခင်းအချိန်တွင် စစ်ကော်မရှင်တပ်က အိမ်စီးကားများဖြင့် လူငယ်များကို ဖမ်းဆီးနေကာ...

စက်သုံးဆီ ကန့်သတ်ရောင်းချမှုကြောင့် မိုင်းလား-ကျိုင်းတုံ ကားခ ဈေးနှုန်းမြင့်တက်လာ

0
သျှမ်းပြည် အရှေ့ပိုင်းတွင် စက်သုံးဆီဈေးနှုန်းမြင့်တက်ပြီး အကန့်သတ်ဖြင့် ဝယ်နေရခြင်းကြောင့် မိုင်းလား - ကျိုင်းတုံ ကားခများ ဈေးနှုန်းမြင့်တက်လာကြောင်း စုံစမ်းသိရသည်။ လက်ရှိ အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခကြောင့် စက်သုံးဆီစျေး ပြဿနာဖြစ်လာပြီး စျေးနှုန်းမြင့်တက်လာသည့်အပြင် စက်သုံးဆီ ရှားပါးမှု ဖြစ်လာသည့်အတွက် မိုင်းလား-ကျိုင်းတုံ ပြေးဆွဲနေသည့် ကားများသည် တနေ့လျှင့်...

သီပေါမြို့နယ် မိုင်းခေးဈေး လျှပ်စစ်ဝါယာရှော့ခ်ကြောင့် မီးလောင်၊ ကျပ်သိန်းထောင်ချီဆုံးရှုံးမှုရှိ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် မိုင်းခေးကျေးရွာရှိ မိုင်းခေးဈေးတွင် လျှပ်စစ်ဝါယာရှော့ခ်ကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းထောင်ချီ ရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၆ ရက်) ည ၁၁ နာရီခွဲဝန်းကျင်တွင် သီပေါမြို့နယ် မိုင်းခေးကျေးရွာရှိ မိုင်းခေးဈေးထဲတွင် လျှပ်စစ်ဝါယာရှော့ခ်မှတဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ဆိုင်ခန်း ၁၀...

ကျိုင်းတုံ ဆိုင်ကယ်သူခိုးသောင်းကျန်းနေ

0
သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ဆိုင်ကယ်များ ခိုးယူခံရခြင်း၊ လုယက်ခြင်းများ မကြာခဏ ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်မှစပြီး ကျိုင်းတုံမြို့သည် ပြည်သူများ အတွက် လုံခြုံမှုကင်းမဲ့နေသည့်အပြင် စစ်ကော်မရှင် လက်အောက်ခံတာဝန်ရှိသူများမှ ဆိုင်ကယ်သူခိုးများ၊ လုယက်သူများကို ဖမ်းဆီး အ‌ရေးယူးဆောက်ရွက်မှုကြောင်း လည်း ကျိုင်းတုံမြို့ ဒေသခံ...