Monday, July 22, 2024

မူဆယ်မြို့နယ် အနီး လက်နက်ကြီး ပစ်ခတ်သံ ကြားရ

Must read

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ နယ် ခိုမုန်းရွာ နှင့် နမ့်ဖတ်ကာကြား ယနေ့ စက်တင်ဘာ (၆) ရက် မနက် (၉) နာရီခွဲဝန်းကျင်တွင် လက်နက်ကြီးသံ ကြားရကြောင်း စုံစမ်းသိရှိရသည်။

“ပစ်ခတ်သံက တစ်နာရီ လောက်ထိ ကြာတယ်။ စကစ နဲ့တော့ သေချာတယ်။ နမ့်ဖတ်ကာ ဘက်ကလည်း ပြန်ပစ်တယ်လို့ သိရတယ်။ ဘယ်တိုင်းရင်းသားလက်နက်ကိုင်တွေလည်းတော့ ကျနော်တို့လဲ သေချာမသိရဘူး” ဟု မူဆယ် လားရှိုး လိုင်းကားပြေးဆွဲ သူ တစ်ဦး ကပြောသည်။

စစ်ကောင်စီ စစ်ကြောင်း လမ်းမတစ်နေရာ တွေ့ရစဥ်

ထိုပစ်ခတ်မှုသည် နမ့်ခမ်းမြို့ထိ လက်နက်ကြီးသံ ကြားနေရကြောင်း နမ့်ခမ်းဒေသခံ တစ်ဦး ကပြောသည်။


“ဒီမနက် နမ့်ခမ်းထိ လက်နက်ကြီးသံတော့ ကြားရတယ်။ ဘယ်နေရာလဲတော့ ကျနော်တို့လဲ နေရာ အတိအကျ မသိရဘူး” ဟု နမ့်ခမ်းဒေသခံ တစ်ဦး ကပြောသည်။

မူဆယ်ခရိုင်သည် စစ်ကောင်စီ အပါအဝင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ ကိုးကန့်တပ်မတော် (MNDAA) နှင့် ပြည်သူ့စစ် အများအပြား လှုပ်ရှားရာ နယ်မြေဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article