လားရှိုးမြို့ ကျောင်းသား (၁) ဦး ဆိုင်ကယ်လုယက်ခံရ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ရှိ ကျောင်းသားတစ်ဦးသည် ယနေ့ (စက်တင်ဘာ ၄) ရက် နံနက် (၇) နာရီဝန်းကျင်၌ ကျောင်းသို့ သွားနေစဉ် ဆိုင်ကယ် လုယက် ခံရကြောင်း စုံစမ်းသိရှိရသည်။

လားရှိုး

ဖြစ်စဥ်မှာ ကျောင်းသားတစ်ဦးသည် ယနေ့ နံနက် (၇) နာရီဝန်းကျင်၌ ကျောင်းသို့ သွားနေစဥ် လားရှိုးမြို့ ရပ်ကွက် (၅) အရောက်တွင် အမည်မသိ လူလတ်ပိုင်း (၂) ဦးက ဆိုင်ကယ်တစ်စီးဖြင့် ကပ်မောင်းလာပြီး ကျောင်းသားကို ဓားထောက်ခြိမ်းခြောက်ကာ ဆိုင်ကယ်လုယူသွားကြောင်း သိရသည်။

“အခုနောက်ပိုင်း ဆိုင်ကယ်တွေ လုယက်ခံရတာ အများဆုံးပဲ။ အိမ်နဲ့ကျောင်း လမ်းသွားလမ်းလာတွေ မှာ မိဘတွေက ဒီထက်ပိုပြီး ဂရုစိုက်ပေးဖို့လိုတယ်” ဟု လားရှိုးမြို့ ပရဟိတ အသင်းထံမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

အလားတူ ပြီးခဲ့သည့် ၂ ပတ်တွင် လားရှိုးမြို့ အထွက် တန့်ယန်းလမ်းခွဲအကျော်ရှိ ဓာတ်တိုင်တွင် ဝါယာကြိုးခိုးယူနေသည့် အမျိုးသားတစ်ဦးလည်း ဓာတ်လိုက်ပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

ထို့အပြင် လားရှိုးမြို့တွင် သူခိုး၊ ဓားပြ များပြားလာသဖြင့် ပြည်သူများ၏ ဆိုင်ကယ်များ၊ ပစ္စည်းများကို ဘယ်ချိန်မှာ လုယက်မည်ကို မသိထားသောကြောင့် ဒီထက်ပိုပြီး သတိထားရန်အတွက် လိုအပ်ကြောင်း လားရှိုးမြို့ အသက် (၃၀) ကျော် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“သူခိုးက ဘယ်ချိန်မှာ ခိုးမယ်ဆိုတာ မသိဘူး။ သူတို့ကတော့ ခိုးဖို့ချောင်းနေရမှာပဲ။ အဖွဲ့အစည်းကို အားကိုးလို့ လည်းမရဘူး။ ရဲတပ်ဖွဲ့ကိုလည်း အားကိုးလို့လည်းမရဘူး။ ကိုယ့်ပစ္စည်းတွေ ကိုယ့်ဟာကိုယ် စောင့်ရှောက်ဖို့ ပဲလိုတော့တယ်။ ပြီးတော့ လမ်းသွားလမ်းလာမှာလည်း အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ် “ ဟု ၎င်းက အမျိုးသား တစ်ဦးကပြောသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ တရားဥပဒေ စိုးမိုးမှု နည်းပါးလာသည့်အပြင် ဒေသအတွင်း အုပ်စုဖွဲ့ ခိုးယူလုယက်မှုများနှင့် ခြိမ်းခြောက်သတ်ဖြတ်မှုများက တစ်နေ့တစ်ခြား များပြားလာကြောင်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာ့ခ်ခရိုင် ဒေသခံများကို လုယက်နေသည့် တရုတ်အဖွဲ့ ရဲကင်းလှည့်ကားကို မှားယွင်းတိုက်ခိုက်မိရာမှ ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ဖုတ်ဖရာ (Phop Phra) နယ်မြေ အတွင်းရှိ ကျေးလက်လမ်းမများပေါ်တွင် ခရီးသွားပြည်သူများကို လုယက်တိုက်ခိုက်မှုများ ပြုလုပ်နေသည့် တရုတ်အမျိုးသားအဖွဲ့တဖွဲ့သည် အခြေအနေကို လာရောက်စစ်ဆေးသည့် ရဲကင်းလှည့်ကားကို မှားယွင်းတိုက်ခိုက်မိရာမှ အဖွဲ့လိုက် ဖမ်းဆီးခြင်းခံခဲ့ရကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ယမန်နေ့( ဇွန်လ ၄) ရက် နံနက် ၁၀ နာရီခွဲခန့်တွင်...

လားရှိုးမြို့ “ခိုင်”သစ်သီးပွဲရုံ မီးလောင်

0
သျှမ်းပြည် လားရှိုးမြို့အဝင် လွယ်လွမ့်ကျေးရွာရှိ “ခိုင်”သစ်သီးပွဲရုံ မီးလောင်ကျွမ်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှု များပြားကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၂၇ ရက်) နေ့လယ် ၁ နာရီခန့်မှ စတင်ပြီး လားရှိုးမြို့အဝင်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ် လွယ်လွမ့်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် “ခိုင်” သစ်သီးပွဲရုံရှိ ဂိုထောင်တစ်ခု...

လားရှိုးမှ သယ်ဆောင်လာသည့် ကျပ် ၉ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှ စီးဆင်းလာသည့် ခန့်မှန်းခြေ ကျပ် ၉ ဒသမ ၈၅ ဘီလီယံ တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများကို သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ဧပြီလ ၁၂ ရက်မှ ဧပြီလ ၃၀ ရက်အတွင်း ဘိန်းဖြူ ၇၇ ကီလိုဂရမ်နှင့် စိတ်ကြွဆေးပြား...

လားရှိုးတွင် မူးယစ်ဆေးဝါးအကြောင်းပြပြီး MNDAA ဖမ်းဆီးသွားသည့်လူငယ်(၇၀)ကျော် ပြန်မလွတ်သေး

0
သျှမ်းပြည် လားရှိုးမြို့နယ် အီနိုင်းကျေးရွာအုပ်စုတွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ မူးယစ်ဆေးဝါးအကြောင်းပြကာ လူငယ်အမျိုးသား (၇၀) ယောက်ကျော်ကို ဖမ်းဆီးသွားခဲ့ပြီးနောက် သုံးပတ်ကျော် ကြာသည်အထိ ပြန်မလွတ်ပေးသေးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA သွားလာလှုပ်ရှားနေသည့် ၁၂ မိုင်၊ ၁၃ မိုင်၊ အီနိုင်းနှင့် မန်တောင်းကျေးရွာများတွင်...

ဆိုင်ကယ်ဆူညံကြောင့် ချင်းမိုင်ရှိ အလုပ်သမား ၁၂ ဦး ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Chan Phueak ဈေးအတွင်း အလုပ်လုပ်ကိုင်နေသည့် သျှမ်း (တိုင်ယိုင်) အလုပ်သမား ၁၂ ဦးကို အများပြည်သူအား စိတ်အနှောင့်အယှက်ဖြစ်စေမှုနှင့် အလုပ်သမားဥပဒေ ဖောက်ဖျက်မှုတို့ဖြင့် ဧပြီလ ၈ ရက်နေ့က အာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ Chan Phueak ဈေးအတွင်း...