Wednesday, January 28, 2026

လားရှိုးမြို့ ကျောင်းသား (၁) ဦး ဆိုင်ကယ်လုယက်ခံရ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ရှိ ကျောင်းသားတစ်ဦးသည် ယနေ့ (စက်တင်ဘာ ၄) ရက် နံနက် (၇) နာရီဝန်းကျင်၌ ကျောင်းသို့ သွားနေစဉ် ဆိုင်ကယ် လုယက် ခံရကြောင်း စုံစမ်းသိရှိရသည်။

လားရှိုး

ဖြစ်စဥ်မှာ ကျောင်းသားတစ်ဦးသည် ယနေ့ နံနက် (၇) နာရီဝန်းကျင်၌ ကျောင်းသို့ သွားနေစဥ် လားရှိုးမြို့ ရပ်ကွက် (၅) အရောက်တွင် အမည်မသိ လူလတ်ပိုင်း (၂) ဦးက ဆိုင်ကယ်တစ်စီးဖြင့် ကပ်မောင်းလာပြီး ကျောင်းသားကို ဓားထောက်ခြိမ်းခြောက်ကာ ဆိုင်ကယ်လုယူသွားကြောင်း သိရသည်။

“အခုနောက်ပိုင်း ဆိုင်ကယ်တွေ လုယက်ခံရတာ အများဆုံးပဲ။ အိမ်နဲ့ကျောင်း လမ်းသွားလမ်းလာတွေ မှာ မိဘတွေက ဒီထက်ပိုပြီး ဂရုစိုက်ပေးဖို့လိုတယ်” ဟု လားရှိုးမြို့ ပရဟိတ အသင်းထံမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

အလားတူ ပြီးခဲ့သည့် ၂ ပတ်တွင် လားရှိုးမြို့ အထွက် တန့်ယန်းလမ်းခွဲအကျော်ရှိ ဓာတ်တိုင်တွင် ဝါယာကြိုးခိုးယူနေသည့် အမျိုးသားတစ်ဦးလည်း ဓာတ်လိုက်ပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

ထို့အပြင် လားရှိုးမြို့တွင် သူခိုး၊ ဓားပြ များပြားလာသဖြင့် ပြည်သူများ၏ ဆိုင်ကယ်များ၊ ပစ္စည်းများကို ဘယ်ချိန်မှာ လုယက်မည်ကို မသိထားသောကြောင့် ဒီထက်ပိုပြီး သတိထားရန်အတွက် လိုအပ်ကြောင်း လားရှိုးမြို့ အသက် (၃၀) ကျော် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“သူခိုးက ဘယ်ချိန်မှာ ခိုးမယ်ဆိုတာ မသိဘူး။ သူတို့ကတော့ ခိုးဖို့ချောင်းနေရမှာပဲ။ အဖွဲ့အစည်းကို အားကိုးလို့ လည်းမရဘူး။ ရဲတပ်ဖွဲ့ကိုလည်း အားကိုးလို့လည်းမရဘူး။ ကိုယ့်ပစ္စည်းတွေ ကိုယ့်ဟာကိုယ် စောင့်ရှောက်ဖို့ ပဲလိုတော့တယ်။ ပြီးတော့ လမ်းသွားလမ်းလာမှာလည်း အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ် “ ဟု ၎င်းက အမျိုးသား တစ်ဦးကပြောသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ တရားဥပဒေ စိုးမိုးမှု နည်းပါးလာသည့်အပြင် ဒေသအတွင်း အုပ်စုဖွဲ့ ခိုးယူလုယက်မှုများနှင့် ခြိမ်းခြောက်သတ်ဖြတ်မှုများက တစ်နေ့တစ်ခြား များပြားလာကြောင်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ် UWSA မှ စစ်သင်တန်းတက်ရန် အတင်းအကြပ်ခေါ်ဆောင်ခြင်းကြောင့် အဆိပ်သောက်သေဆုံးသူရှိ

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA မှ ဒေသခံများကို စစ်သင်တန်း တက်ရောက်ရန် အတင်းအကြပ် ခေါ်ဆောင်နေခြင်းကြောင့် အဆိပ်သောက် သေဆုံးသူ ရှိနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်တွင် လားရှိုးမြို့နယ်ရှိ မန်ကတ်(မန်မတ်)၊ နမ္မ၊ နမ့်ပေါင်နှင့် မိုင်းကျက် ကျေးရွာအုပ်စုများမှ ရွာသူကြီးများကို...
Lashio_Election_Station

သျှမ်းမြောက်စစ်ရေးပဋိပက္ခကြား နောင်ချို၊ လားရှိုးနှင့် မူဆယ်မြို့တွင် ဆန္ဒမဲပေးသူနည်း

0
သျှမ်းပြည် နောင်ချိုမြို့၊ လားရှိုးမြို့နှင့် မူဆယ်မြို့များတွင် စစ်ရေးပဋိပက္ခကြား လုံခြုံရေး စိုးရိမ်မှုကြောင့် ဆန္ဒမဲပေးသူ နည်းပါးကြောင်း ဒေသခံပြောပြချက်အရ သိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ နောင်ချိုမြို့၊ လားရှိုးမြို့နှင့် မူဆယ်မြို့ (၃)...

အတုအယောင် ရွေးကောက်ပွဲ တစ်ပတ်အလို လားရှိုးမြို့ပေါ် မိုင်းပေါက်ကွဲ၊ ပြည်သူထိတ်လန့်

0
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ အချို့တွင် လက်လုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းကြောင့် ပြည်သူထိတ်လန့်ခဲ့ကြောင်း စုံစမ်းသိရသည်။ လာမည့် (ဒီဇင်ဘာလ ၂၈ ရက်) တွင် စစ်ကော်မရှင် လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲ...
Hsipaw Bridge Closed

သီပေါတံတား တစ်လကျော်ပိတ်ထားသော်လည်း စစ်တပ်လာဘ်ယူပြီး ကုန်ကားအချို့ ညအချိန် ဖြတ်သန်းခွင့်ပြု

0
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့် MNDAA တို့ တစ်လကျော်ကြာ ပိတ်ဆို့ထားသော်လည်း ကုန်ကားအချို့ထံ လာဘ်ငွေတောင်းယူပြီး ညအချိန် ဖြတ်သန်းခွင့်ပြုနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် သီပေါမြို့နှင့် လားရှိုးမြို့ကို ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် MNDAA တို့ စစ်ရေးတင်းမာမှုကြောင့်...

လားရှိုး-မိုင်းရယ်ကြား ဈေးဆိုင်များကို ၂၀၂၆ အတွက် အခွန်ကောက်ရန် MNDAA မြေလာတိုင်း

0
သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ဈေးဆိုင်များထံ ၂၀၂၆ ခုနှစ်အတွက် အခွန်ကောက်ခံရန် ကိုးကန့်တပ်ဖွဲ့ MNDAA မှ မြေနေရာအကျယ်အဝန်း တိုင်းတာခဲ့ကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ ပထမပတ်မှ စတင်ပြီး လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြား လမ်းမကြီးတစ်လျှောက် နမ့်ပေါင်၊ ဟိုယ ကျေးရွာအုပ်စုများရှိ ဈေးဆိုင်များနှင့် စီးပွားရေးလုပ်ငန်းများထံ ၂၀၂၆...