CATEGORY

သတင်း

မိုးဗြဲမြို့ တိုက်ပွဲကြား ပြည်သူတချို့ ပိတ်မိနေ

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့တွင် စစ်ကောင်စီ နှင့် မိုးဗြဲ PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြို့တွင်း တိုက်ပွဲအကြား ပြည်သူတစ်ချို့ ပိတ်ခံနေရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ စက်တင်ဘာ ၈ ရက်နေ့ စစ်ကောင်စီ နှင့် မိုးဗြဲ PDF တိုက်ပွဲကြောင့် ပြည်သူတစ်ချို့ မြို့ပြင်ကျေးရွာ...

ညောင်ရွှေမြို့နယ် ချဲရောင်းသူ အမျိုးသားတစ်ဦး သေနတ် ပစ်သတ်ခံရ

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်မှ ထီရီးကျေးရွာတွင် နေထိုင်သည့် ချဲရောင်းသူ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သတင်းသိရသည်။ ယမန်နေ့ (စက်တင်ဘာ ၆) ရက် ညနေပိုင်းတွင် ညောင်ရွှေမြို့နယ် ပုံးလောကျေးရွာဘက်မှ ပြန်လာသည့် အဆိုပါ အမျိုးသား စန့်စွဲကျေးရွာအနီး၌ လက်နက်ကိုင်တပ်ဖွဲ့တခုမှ သေနတ်ဖြင့် ဦးခေါင်းကို ပစ်သတ်လိုက်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက...

ကျိုင်းတုံမြို့ ကိုဗစ်-၁၉ ကူးစက်သူများ ပြန်လည်တွေ့ရှိနေ

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်တွင် ယခုရက်ပိုင်း ကိုဗစ်-၁၉ ကူးစက်သူများ ပြန်လည် တွေ့ရှိနေရကြောင်း စုံစမ်းသိရှိရသည်။ ကျိုင်းတုံမြို့ ပြည်သူ့ဆေးရုံတွင် ယမန်နေ့ (စက်တင်ဘာ ၈)ရက်တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ တစ်ဦးပြန်လည် တွေ့ရှိနေကြောင်း ကိုဗစ်-၁၉ ထပ်မံပြီး ကူးစက်ခံရသူတချို့ကို သီးသန့်နေရာမှ ပြန်လည် (Lockdown) ချထားခြင်းများ ရှိနေကြောင်း...

တောင်ကြီးမြို့မှ အမျိုးသမီး (၄) ဦးကို စစ်ကောင်စီ က ထောင်ဒဏ်ချမှတ်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့မှ စစ်အာဏာရှင် ဆန့်ကျင်သည်ဟု စွပ်စွဲပြီး ဖမ်းဆီးခံထားရသည့် အမျိုးသမီး (၄) ဦးကို အာဏာသိမ်း စစ်ကောင်စီ တရားသူကြီးရုံးက ထောင်ဒဏ်ချမှတ်ကြောင်း သတင်းသိရသည်။ တောင်ကြီးမြို့မှ ဖမ်းဆီးခံထားရသည့် ဒေသခံအမျိုးသမီး ၄ ဦးကို စက်တင်ဘာလ ၅ ရက်တွင် အမိန့်ချ လိုက်ခြင်းဖြစ်ကြောင်း...

နားဟိုင်းလုံကျေးရွာ သဲမြှုပ်နေအိမ်များကို ရွှေတူးဖော်မှုကုမ္ပဏီက တာဝန်ယူပေးခြင်းမရှိ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် နားဟိုင်းလုံကျေးရွာတွင် ရေ ၊ သဲ မြှုပ်နေသော နေအိမ်များကို ရွှေတူးဖော်သည့် ကုမ္ပဏီမှ တာဝန်ယူ လျော်ကြေးပေးမှုမရှိသေးကြောင်း စုံစမ်းသိရသည်။ နားဟိုင်းလုံကျေးရွာသည် ပြီးခဲ့သည့် ဇူလိုင်လမှစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြည်သူနေအိမ်များတစ်ချို့ ရေမြှုပ်သွားပြီး၊ တစ်ချို့နေအိမ်များသည် သဲမြှုပ်နေကြောင်း သိရသည်။ အဆိုပါ ရေကြီးမှုကြောင့်...

ဆီဆိုင်မြို့နယ် စစ်ရှောင်များ ရာသီတုပ်ကွေး ဖြစ်ပွားနေ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် စစ်ရှောင်များ ယခုရက်ပိုင်း ရာသီတုပ်ကွေး ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့နယ်တွင် စစ်ရှောင်ဦးရေ (၅,၀၀၀) ကျော်ရှိရာ ထိုထဲမှ ဦးရေ (၃,၀၀၀) ကျော်သည် အမျိုးသမီး နှင့် ကလေးငယ်များ ဖြစ်သည်။ ယခုကာလ အတွင်း အလှူရှင်များ နည်းပါးလာသဖြင့် စစ်ရှောင်များ အတွက်...

လောင်းကစား များလာသည့် ကလောမြို့ ခိုးယူလုယက် ပေါများနေ

သျှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် ဘော်ဆိုင်းကျေးရွာအုပ်စု ဘော်ဆိုင်းကျေးရွာတွင် လောင်းကစားဝိုင်းများလာပြီးနောက် ခိုးယူလုယက်မှုများလည်း ပေါများလာကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ဇူလိုင်လအတွင်းမှ စတင်ကာ ဘော်ဆိုင်းတွင် လောင်းကစားဒိုင်များ၊ ငါးပစ်ဂိမ်းများလာသဖြင့် သူခိုးများ လုယက်သူများက သောင်းကျန်းနေကြောင်းလည်း သတင်းသိရသည်။ “သူခိုးတွေက နေ့တိုင်းလိုလို သောင်းကျန်းနေတယ်၊ ပြီးတော့ ပစ္စည်းပျောက်တာတွေ လုယက်ခံရတာတွေကလည်း...

မိုင်းဆတ်မြို့နယ် သူခိုးများ ဖမ်းဆီးရန် ပြည်သူများ ကိုယ်ထူကိုယ်ထလုပ်နေ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်တွင် သူခိုး၊ ဓားပြ ပေါများလာသည့်အတွက်ကြောင့် ပြည်သူများ ကိုယ်တိုင် ဖမ်းဆီးနှိမ်နင်းရန် ရပ်ကွက်အလိုက် အဖွဲ့ ဖွဲ့စည်းနေကြောင်း စုံစမ်း သိရသည်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်အတွင်း သူခိုး၊ဓားပြ ပေါများလာသော်လည်း တာဝန်ရှိ ရဲတပ်ဖွဲ့များက အလုပ်မလုပ်သောကြောင့် မိုင်းဆတ်မြို့ ရှိ ဒေသခံများက...

သိန္နီ-ကွတ်ခိုင် တိုက်ပွဲကြား ကလေးအပါအဝင် အရပ်သား ၃ ဦး ကျည်ထိမှန်/ နေအိမ် ထိခိုက်ပျက်စီးဆုံးရှုံး

သျှမ်းပြည်မြောက်ပိုင်း သိန္နီ -ကွတ်ခိုင်တွင် ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ကလေးငယ် အပါအဝင် အရပ်သား ၃ ဦး ကျည်ထိ မှန်ပြီး လူနေအိမ်များလည်း ထိခိုက်ပျက်စီးရကြောင်း သတင်းသိရသည်။ ယမန်နေ့ (စက်တင်ဘာ ၆ ) ရက် နံနက် ၄ နာရီဝန်းကျင်မှ ၁၀...

တာချီလိတ်မြို့ အမျိုးသားလူငယ်တစ်ဦး အုတ်တံတိုင်းကျော်ရန်ကြိုးစားချိန် သေဆုံး

မြန်မာ - ထိုင်းနယ်စပ် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ အောင်မြန်မာကားဂိတ်တွင် အသက် (၂၀) နှစ်ရှိ ဝန်ထမ်းအမျိုးသား လူငယ်တစ်ဦးသည် အုတ်တံတိုင်း ကျော်ရန်ကြိုးစားနေစဥ် မတော်တဆ ဖြစ်ပြီး အသက်ဆုံးရှုံးခဲ့ရကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာ ၆) ရက် ညတွင် ပါဆပ်ရပ်ကွက်...

Latest news