မိုးဗြဲမြို့ တိုက်ပွဲကြား ပြည်သူတချို့ ပိတ်မိနေ

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့တွင် စစ်ကောင်စီ နှင့် မိုးဗြဲ PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြို့တွင်း တိုက်ပွဲအကြား ပြည်သူတစ်ချို့ ပိတ်ခံနေရကြောင်း စုံစမ်းသိရသည်။

မိုးဗြဲတိုက်ပွဲအတွင်း ဒဏ်ရာရရှိသူ

ယမန်နေ့ စက်တင်ဘာ ၈ ရက်နေ့ စစ်ကောင်စီ နှင့် မိုးဗြဲ PDF တိုက်ပွဲကြောင့် ပြည်သူတစ်ချို့ မြို့ပြင်ကျေးရွာ သို့ထွက်ပြေးတိမ်းရှောင်ရပြီး ပြည်သူတစ်ချို့က ပိတ်နေကြောင်း သိရသည်။

“ တိုက်ပွဲဖြစ်တဲ့နေရာက လုံခြုံရေးအရတော့ ပြောလို့မရဘူးဗျ။ မနေ့က တိုက်ပွဲကြောင့် ပိတ်မိနေတဲ့ ပြည်သူတစ်ချို့ကလည်း ရှိတယ်။ တစ်ချို့ကလည်း မြို့ပြင်ကိုထွက်ပြေးတိမ်းရှောင်သွားတာရှိတယ်” ဟု မိုးဗြဲ PDF တပ်ဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ Mobye Recuse Team က “ အကူညီတောင်းလာတော့ မရှိသေးဘူး။ စစ်ဘေးတော့ တစ်ချို့ကရှောင်ရတယ် လို့ပြောတယ်။ တိုက်ပွဲက မြို့ထဲဖြစ်တာ။ တစ်ချို့က နီးစပ်တဲ့ ဘုန်းကြီးကျောင်းတွေမှာ ထွက်ပြေးတိမ်းရှောင်ကြတာ။ ကျမတို့အဖွဲ့ ကနေတော့ သွားကူပေးရတာတော့ မရှိသေးဘူး” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ယမန်နေ့ တိုက်ပွဲတွင် စစ်ကောင်စီဘက်က အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့ပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ၊ မိုးဗြဲ PDF ဘက်မှ ၃ ဦး ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်း မိုးဗြဲ PDF ဘက်မှ ထုတ်ပြန်ခဲ့သည်။

ိမိုးဗြဲတိုက်ပွဲအတွင်း စစ်ကောင်စီ လက်နက်များသိမ်းဆည်းရမိ

ထိုအပြင် စစ်ကောင်စီ၏ လက်နက်ခဲယမ်းများကို မိုးဗြဲ PDF အဖွဲ့ မှ သိမ်းဆည်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အလားတူ ယနေ့ (စက်တင်ဘာ ၉ )ရက် နံနက်ပိုင်းအထိ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

“ ဒီနေ့ မနက်ထိတော့ တိုက်ပွဲအနည်းငယ်ဖြစ်သေးတယ်။ အခုတော့ ငြိမ်နေပါတယ်။ မနေ့က တစ်ရက်လုံးဖြစ်တာ။ ပြီးတော့ သူတို့မနေ့က ဖယ်ခုံဘက်ကနေ စစ်အင်အားဖြည့်တင်းနေတာလည်းရှိနေတယ်” ဟု မိုးဗြဲမြို့ PDF တပ်ရင်း ၂ မှ PDF တပ်သားတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုးဗြဲမြို့သည် စစ်ကောင်စီ နှင့် မိုးဗြဲ PDF တို့ တိုက်ပွဲ ၁ လ ကြာရပ်နားထားပြီး ယမန်နေ့မှ တိုက်ပွဲပြန်လည် စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဖယ်ခုံမြို့နယ်အတွင်းရှိ နေအိမ်များကို စစ်တပ်က ထပ်မံမီးရှို့

0
သျှမ်း-ကရင်နီ(ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်က ကျန်ရှိသည့် နေအိမ်များကို ထပ်မံမီးရှို့ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် “၁၁၁၁”စစ်ဆင်ရေးတွင် စစ်တပ်က မိုးဗြဲနှင့် ဖယ်ခုံမြို့နယ် ကျေးရွာအများစုကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင်...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မိုးဗြဲ-ဖယ်ခုံဘက် စစ်တပ် ဒရုန်း၊ လက်နက်ကြီးပစ်၊ ဒေသခံများထပ်မံ စစ်ရှောင်ရ

0
သျှမ်း-ကရင်နီ (ကယား)ပြည် နယ်စပ် မိုးဗြဲ၊ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေသဖြင့် ဒေသခံများ ထပ်မံ စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစပြီး မိုးဗြဲ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းအသုံးပြု နေ့စဉ်တိုက်ခိုက်နေသဖြင့် လုပ်လက်စ စိုက်ခင်းများကို ချန်လှပ်ထားပြီး...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...