Friday, April 26, 2024

ညောင်ရွှေမြို့နယ် ချဲရောင်းသူ အမျိုးသားတစ်ဦး သေနတ် ပစ်သတ်ခံရ

Must read

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်မှ ထီရီးကျေးရွာတွင် နေထိုင်သည့် ချဲရောင်းသူ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သတင်းသိရသည်။

ထီရီး

ယမန်နေ့ (စက်တင်ဘာ ၆) ရက် ညနေပိုင်းတွင် ညောင်ရွှေမြို့နယ် ပုံးလောကျေးရွာဘက်မှ ပြန်လာသည့် အဆိုပါ အမျိုးသား စန့်စွဲကျေးရွာအနီး၌ လက်နက်ကိုင်တပ်ဖွဲ့တခုမှ သေနတ်ဖြင့် ဦးခေါင်းကို ပစ်သတ်လိုက်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပုံးလောရွာကို အလည်သွားခဲ့ပြီး အိမ်ကို ပြန်လာတဲ့ လမ်း စွန့်စွဲကျေးရွာအနီးမှာ ပစ်သတ်ခံလိုက်ရတာ၊ လာပစ်တဲ့သူကို တော့ မသိလိုက်ရဘူး၊ သေနတ်ဒဏ်ရာက နှစ်ချက်ပါ၊ ဦးခေါင်းကို ပစ်သွားတာ”ဟု အထက်ပါ အမျိုးသားက ပြောသည်။

အဆိုပါ သေနတ်ဖြင့် ပစ်သတ်ခံရသူ အိုက်တော့သည့် အသက် ၃၀ ကျော် အရွယ်ရှိကြောင်းသိရသည်။

“အလောင်းကိုတော့ ရွာသားတွေကပဲ သူ့ရဲ့ နေအိမ်ကိုပြန်ပို့ပေးလိုက်တယ်၊ အခုက အမျိုးသမီးနဲ့ ၇ နှစ်အရွယ် သားတစ်ဦးကျန်ခဲ့တယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

အိုက်တော့သည် ဒေသအတွင်းချဲရောင်းခြင်း ပြုလုပ်နေသူဖြစ်ပြီး ချဲအခွန်မဆောင်ခြင်းကြောင့် စစ်ကောင်စီတပ်သားများမှ လာရောက်ပစ်သတ်ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုသော်လည်း သျှမ်းသံတော်ဆင့်မှ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ထီရီးကျေးရွာသည် PNO အသွင်ပြောင်း ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ PNA လှုပ်ရှားရာ နယ်မြေဖြစ်ကြောင်း လည်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article