Saturday, April 20, 2024

တာချီလိတ်မြို့ အမျိုးသားလူငယ်တစ်ဦး အုတ်တံတိုင်းကျော်ရန်ကြိုးစားချိန် သေဆုံး

Must read

မြန်မာ – ထိုင်းနယ်စပ် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ အောင်မြန်မာကားဂိတ်တွင် အသက် (၂၀) နှစ်ရှိ ဝန်ထမ်းအမျိုးသား လူငယ်တစ်ဦးသည် အုတ်တံတိုင်း ကျော်ရန်ကြိုးစားနေစဥ် မတော်တဆ ဖြစ်ပြီး အသက်ဆုံးရှုံးခဲ့ရကြောင်း စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာ ၆) ရက် ညတွင် ပါဆပ်ရပ်ကွက် အောင်မြန်မာကားဂိတ်မှ အသက် (၂၀) နှစ်ရှိ ဝန်ထမ်းအမျိုးသား ဆိုသူ ကိုပြည့်စုံအောင်က ၎င်းကားဂိတ်၏ နောက်ကြောဘက် အုတ်တံတိုင်းကို ကျော်ဖြတ်ရန်ကြိုးစားနေစဥ် မတော်မဆဖြစ်ပြီး အသက်ဆုံးရှုံးခဲ့ရကြောင်း တာချီလိတ် ကိုလှမိုးပရဟိတ အသင်းထံမှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သေဆုံးသူ အမျိုးသားရုပ်အလောင်း

“သူက အောင်မြန်မာ ကားဂိတ်က အလုပ်သမား။ အပြင်ပဲထွက်လည်တာလား၊ အုတ်တံတိုင်းပေါ်မှာပဲ ဘာတက်လုပ်တာလဲတော့ မသိဘူးပေါ့ကွယ်။ မနေ့ညက ကြောင်ခုန်ချတဲ့ အသံလိုမျိုးကြားတယ်လို့ ပြောတယ်။ ကြောင်ပဲထင်လို့ ဘယ်သူမှ ထွက်မကြည့်မိဘူး။ မနက်ရောက်တော့ သူ့အင်္ကျီသံဆူးကြိုးနဲ့ညှိပြီး ကြိုးဆွဲချသလို ဖြစ်နေတာပေါ့ “ ဟု ၎င်း ကိုလှမိုးပရဟိတ အသင်းထံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ အုတ်တံတိုင်းပေါ်တွင် လျှပ်စစ်မီးများ လွှင့်ထားခြင်းများ မရှိကြောင်း၊ ကိုပြည့်စုံအောင်မှာ နှလုံးအဆို့ရှင် ရောဂါဖြစ်ဖူးပြီး ကိုလှမိုးပရဟိတ အသင်းက ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article