Friday, April 19, 2024

ကျိုင်းတုံမြို့ ကိုဗစ်-၁၉ ကူးစက်သူများ ပြန်လည်တွေ့ရှိနေ

Must read

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်တွင် ယခုရက်ပိုင်း ကိုဗစ်-၁၉ ကူးစက်သူများ ပြန်လည် တွေ့ရှိနေရကြောင်း စုံစမ်းသိရှိရသည်။

ကျိုင်းတုံဆေးရုံ

ကျိုင်းတုံမြို့ ပြည်သူ့ဆေးရုံတွင် ယမန်နေ့ (စက်တင်ဘာ ၈)ရက်တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ တစ်ဦးပြန်လည် တွေ့ရှိနေကြောင်း ကိုဗစ်-၁၉ ထပ်မံပြီး ကူးစက်ခံရသူတချို့ကို သီးသန့်နေရာမှ ပြန်လည် (Lockdown) ချထားခြင်းများ ရှိနေကြောင်း ပြည်သူ့ဆေးရုံ ထံမှသိရသည်။

“ဆေးရုံမှာ တစ်ယောက်တော့ရှိတယ်။ ကျန်တဲ့သူတွေကတော့ အိမ်တွင်းမှာ (Lockdown) ချထားတာ ရှိတယ်။ အခုက ကူးစက်ခံရသူကတော့ ပြင်းထန်လက္ခဏာမတွေ့ရသေးဘူး။ သတိထားဖို့တော့ လိုပါတယ် “ ဟု ၎င်း ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထို့အပြင် စက်တင်ဘာလ (၇) ရက် တွင်လည်း ကျိုင်းတုံမြို့နယ် မိုင်းဇင်းကျေးရွာအုပ်စု ဟွေခါးကျေးရွာမှ အမျိုးသမီး (၃) ဦးသည် ကိုဗစ် ရောဂါကို ထပ်မံကူးစက်ခံနေရကြောင်း သိရသည်။

“ အဓိကတော့ မတ်တပ်ပေးဖို့လိုတယ်။ လက်ရှိအချိန်မှာ မပေါ့ဆဖို့လိုပါတယ်။ ပြီးတော့ လက်မှာပစ္စည်းတစ်ခုခု ကိုင်ပြီးရင် လက်ကိုသေချာစွာဆေးရမယ်။ လူထုများတဲ့နေရာတွေမှာ ရှောင်ဖို့တော့လိုတယ် “ ဟု ၎င်းအထက်ပုဂ္ဂိုလ် တစ်ဦးက ပြောသည်။

ကျိုင်းတုံမြို့ သြဂုတ်လပိုင်းမှစ၍ ယနေ့အချိန်ထိ ကိုဗစ်-၁၉ ကူးစက်ခံသူမှာ (၃၇) ဦးရှိနေပြီး ပြီးခဲ့သည့် သြဂုတ် (၂၁) ရက်နေ့တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ အမျိုးသားတစ်ဦးသည် ကျိုင်းတုံဆေးရုံမှာ သေဆုံးခဲ့ကြောင်း သတင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article