CATEGORY

သတင်း

နမ္မတူမြို့နယ်အတွင်း လက်နက်ကြီး သံများ ကြားနေရ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ဘော်တွင်းအနီး ပတ်ဝန်းကျင်တွင် လက်နက်ကြီး ပစ်ခတ်သံများ ကြားနေရကြောင်း သတင်းသိရသည်။ ယနေ့ စက်တင်ဘာလ ၂၇ ရက် မွန်းလွဲ ၂ နာရီခွဲမှ စတင်ကာ လက်နက်ကြီးသံများ စတင်ကြားရပြီး နမ္မတူမြို့နယ် ဘော်တွင်းဘက်မှ အသံထွက်လာကြောင်း ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို...

ပင်းတယမြို့နယ် စစ်ကောင်စီ နှင့် PNO/PNA စစ်သင်တန်းဆင်းများ ပူးပေါင်းပြီး ပြည်သူကို စစ်ဆေးနေ

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် ပအိုဝ်း ပြည်သူ့စစ် PNO/PNA စစ်သင်တန်းဆင်းများ ပူးပေါင်းပြီး ပြည်သူများကို စစ်ဆေးနေကြောင်း သတင်းသိရသည်။ PNA စစ်သင်တန်းဆင်း တချို့ ပျူစောထီးအဖွဲ့ဝင်များအဖြစ် စစ်ကောင်စီမှ ပေးအပ်သည့် သေနတ်အားကိုးဖြင့် ပင်းတယမြို့နယ် ပြည်သူများကို PDF...

ကျေးသီးမြို့နယ်ထဲ ကျောက်မီးသွေးတူးဖော်ရန် ကုမ္ပဏီများက ပြင်ဆင်နေ

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် မိုင်းကောင်ကျေးရွာအုပ်စုထဲတွင် ကုမ္ပဏီ ၅ ခုလောက်က ကျောက်မီးသွေးတူးဖော်ရန် ပြင်ဆင်နေကြောင်း စုံစမ်းသိရှိရသည်။ လက်ရှိတွင် မိုင်းကောင်ကျေးရွာအုပ်စုထဲတွင် ကျောက်မီးသွေးတူးဖော်ရန်အတွက် မြေတူးစက်၊ ၁၂ ဘီးကား စသည့် ပစ္စည်းများကို ချထားပြီး ဖြစ်ကြောင်း သိရသည်။ “သူတို့ ကျောက်မီးသွေးတူးဖော်ဖို့ သုံးတဲ့ပစ္စည်းတွေ လာချထားတာ တစ်လ...

နမ့်ဆန် ကလေးငယ် နှင့် အမျိုးသမီး (၁) ဦး မန္တလေးမြို့သို့ ဆေးသွားကုရင်း ပျောက်ဆုံးနေ

သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်ရှိ ဘုရားကြီးကျေးရွာနေ အသက် (၃၅) နှစ် အရွယ်ရှိ မစုလှဖြူ (ခ) မဖြူဟာ လေးဖြတ်နာ ရောဂါဝေဒနာကို ခံစားနေရသူဖြစ်၍ ၎င်း၏ ကလေးငယ်တစ်ဦး နှင့် မန္တလေးမြို့သို့ ဆေးသွားကုသရင်း ပျောက်ဆုံးနေကြောင်း စုံစမ်းသိရှိရသည်။ စက်တင်ဘာ ၂၃ ရက် ညနေပိုင်းတွင်...

သျှမ်းပြည်အတွင်း ဒေသတချို့ PDF ဟု နာမည်တပ်ပြီး အလှူခံနေ

သျှမ်းပြည်အတွင်း မြို့နယ်တစ်ချို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဟု နာမည်တပ်ပြီး အလှူခံနေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်အတွင်း PDF ဟု ဟန်ဆောင်ပြီး ပြည်သူများထံ အလှူငွေကောက်ခံ နေကြသလို တပ်သားများ နေမကောင်း ဖြစ်နေသည့်အတွက် အလှူခံ တောင်းလာခြင်း နှင့် စစ်ကောင်စီကို တိုက်ရန် လက်နက်လိုအပ်သည်ဟုဆိုပြီး...

မိုင်းရှူး စည်ပင်ထံ အခွန်မဆောင်ထားသည့် သားသတ်ရုံများ နှင့် ရောင်းချသူများ အရေးယူမည်

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းရှူးမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေး နယ်နမိတ် အတွင်းရှိ အသားထုတ်လုပ်သူများ စည်ပင်ခွင့်ပြုချက်မပါဘဲ ပြုလုပ်ပါက အရေးယူမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ လေလံဆွဲဝယ်သူများမှအပ စည်ပင်ထံ အခွန်ဆောင်ထားခြင်းမရှိဘဲ လမ်းဘေးတွင် အသားရောင်းချသူများ၊ အိမ်တွင်းရောက် အသား လှည့်လည်ရောင်းချသူများကို မြို့နယ်စည်ပင်များက အရေးယူမည်ဖြစ်ကြောင်း မိုင်းရှူးမြို့ဒေသခံ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦး...

PNO တပ်ဖွဲ့မှ အရပ်သားတစ်ဦးကို ဖမ်းဆီးပြီးရိုက်သတ်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ကက္ကူကျေးရွာအုပ်စု ဆောင်ဖိုးကျေးရွာနေ အမျိုးသားတစ်ဦးကို ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်ပြီး ရိုက်နှက်လိုက်သဖြင့် သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ စက်တင်ဘာ တတိယ အပတ်ထဲတွင် ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့က ဆောင်ဖိုးကျေးရွာနေ အသက် (၅၀) ကျော် အရွယ်ရှိ အမျိုးသားတစ်ဦးကို...

ပင်းတယ PDF အလင်းပြန်ဝင်သည့် သတင်းမှားဖြစ်

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်တွင် ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF သင်တန်းဆင်း အလင်းဝင် ရောက်သူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ စက်တင်ဘာ ၂၅ ရက်တွင် ကျင်းပခဲ့ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ အခမ်းအနားမှာ စစ်ကောင်စီ လက်အောက်ခံ သက်ဆိုင်ရာ အရာရှိများက ပြုလုပ်ပြီး ပြည်သူကို ထင်ယောင်ထင်မှားအောင်...

နမ့်ခမ်းမြို့မဈေးထဲ TNLA နှစ်ရက်ဆက်တိုက် ဝင်ရောက် ဆက်ကြေးကောက်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့မဈေးအတွင်း ယနေ့ (စက်တင်ဘာ ၂၆) ရက် နံနက် ၁၀ နာရီခွဲတွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA ) က ဝင်ရောက်လာခဲ့ကြောင်း သတင်းရရှိသည်။ TNLA တပ်ဖွဲ့သည် နမ့်ခမ်းမြို့မစျေးထဲသို့ ယမန်နေ့ (စက်တင်ဘာ ၂၅)...

နောင်ချိုမြို့နယ်ထဲ စစ်ကောင်စီ နှင့် မန္တလေး PDF တို့ အပြိုင်အဆိုင် အင်အားဖြည့်

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် ကျေးရွာများထဲတွင် စစ်ကောင်စီ နှင့် မန္တလေး PDF တို့ အပြိုင်အဆိုင် အင်အားဖြည့်တင်းလာသဖြင့် ပြည်သူများက တိုက်ပွဲထပ်မံ ဖြစ်ပွားမှာကို စိုးရိမ်နေကြောင်း စုံစမ်းသိရှိရသည်။ ယခု ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က နောင်ချိုမြို့နယ် ဒိုးပင်ကျေးရွာအုပ်စု၊ ဟိုခိုကျေးရွာအုပ်စု နှင့် ကုလားကွဲ ကျေးရွာအုပ်စုထဲတွင်...

Latest news