CATEGORY

သတင်း

ဆီဆိုင်တွင် မူးယစ်ဆေးကြောင်သည့်သား က မိခင်ဖြစ်သူကို ရိုက်နှက်

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် မူးယစ်ဆေးဝါးသုံးစွဲသည့် သားက မိခင်ဖြစ်သူကို ရိုက်နှက်သည့် အမှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့ မြကန်သာရပ်ကွက် ၅ တွင် ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်က မူးယစ်ဆေးဝါးသုံးစွဲ နေသော သားဖြစ်သူတစ်ဦးက မူးယစ်ဆေးကြောင်ပြီး မိခင်ဖြစ်သူကို ပြင်းထန်စွာရိုက်နှက်သော မှုခင်းတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဆီဆိုင်ဒေသခံတစ်ဦးက...

မိုးဗြဲ စစ်ကောင်စီ ခရီးသွားပြည်သူကို ပစ်မှတ်ထားပစ်ခတ်၊ အမျိုးသားတစ်ဦး ကျည်ထိမှန်

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ အတွင်း စစ်ကောင်စီတပ်သည် ခရီးသွားပြည်သူများကို အဓိက ပစ်မှတ်ထား ပစ်ခတ်နေပြီး အမျိုးသားတစ်ဦး ကျည်ထိမှန်ခဲ့ကြောင်း သတင်းရရှိသည်။ မိုးဗြဲမြို့အတွင်း ယမန်နေ့ (အောက်တိုဘာ ၁၄) ရက် နံနက် ၈ နာရီ မှစပြီး စစ်ကောင်စီတပ်သည် ခရီးသွားပြည်သူများကို ပစ်မှတ်ထား ပစ်ခတ်နေပြီး...

သီပေါမြို့နယ် ကုန်းသာကျေးရွာပြည်သူများကို စစ်ကောင်စီက ရိုက်နှက် ပိုက်ဆံတောင်း

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ကုန်းသာကျေးရွာနေ ပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့က ရိုက်နှက်ပြီး ငွေတောင်းခံယူမှု ပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။ အောက်တိုဘာ ၁၄ ရက် မနက်အစောပိုင်းတွင် ကုန်းသာကျေးရွာထဲသို့ ဆက်ကြေးလာကောက်သော လက်နက်ကိုင်အဖွဲ့ နာမည်ကို စစ်ကောင်စီက လာရောက်မေးမြန်းရာ ပြည်သူများက မဖြေချင်သောကြောင့် ဒူးထောက်ခိုင်းပြီး ရိုက်နှက် ခဲ့ကြောင်း...

ရပ်စောက်မြို့နယ် မူးယစ်ဆေးသုံးစွဲသူဟု စွပ်စွဲသူတစ်ဦး PNO ရိုက်နှက်မှုကြောင့် သေဆုံး

သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု မြို့ဆိုးကျေးရွာတွင်နေထိုင်သည့် အမျိုးသား (၃) ဦးကို မူးယစ်ဆေးဝါးသုံးစွဲသူဟု ပအိုဝ်းပြည်သူ့စစ် PNO မှ စွပ်စွဲပြီး ဖမ်းဆီးကာ ရိုက်နှက်မှုပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ထို ဖမ်းဆီးရိုက်နှက်မှုကြောင့် အမျိုးသား (၃) ဦးထဲမှ အသက် ၂၃ နှစ် အရွယ်ရှိ...

မိုးနဲမြို့ လောင်းကစားဝိုင်းကြောင့် လူငယ်များ ခိုက်ရန်ဖြစ်ပွား

သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ် ကင်တုံကျေးရွာတွင် လူငယ်များ လောင်းကစားသွားရောက်ကစားရာမှတဆင့် အချင်းချင်း ရန်ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ မိုးနဲမြို့နယ် ကင်တုံကျေးရွာထဲတွင် အောက်တိုဘာ ၁၁ ရက်မှ စပြီး လောင်းကစားဝိုင်းဖွင့်လှစ်ခဲ့ပြီး လူငယ်များ သွားရောက်ကစားရာမှ တဆင့် အောက်တိုဘာ ၁၂ ရက်တွင် လူငယ်အချင်းချင်း ရိုက်နှက်ရန်ဖြစ်မှု ဖြစ်ပွားခဲ့ကြောင်း...

တောင်ကြီးမြို့ အရက်မူးသူကို သွားဖမ်းသည့် ရဲနှစ်ဦး ဓားဖြင့်ခုတ်ခံရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်တွင် အရက်သောက်ပြီး သောင်းကျန်းနေသော ပြည်သူတစ်ဦးကို ရဲနှစ်ဦးက သွားရောက် ဖမ်းဆီးနေစဉ်အတွင်း ဓားဖြင့်ခုတ်ခံရပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ အောက်တိုဘာ ၁၃ ရက် မနက် ၉ နာရီဝန်းကျင်တွင် တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်က အရက်အလွန်အကြူးသောက်ပြီး သောင်းကျန်းနေသော ပြည်သူတစ်ဦးကို...

ကွတ်ခိုင်မြို့နယ် တိုက်နယ်ဆရာဝန်၏ ညီဖြစ်သူ ဖမ်းဆီးခံရ

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းမှ တိုက်နယ် ဆရာဝန်တစ်ဦး၏ ညီဖြစ်သူသည် လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၁၁ ရက်တွင် ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာမှ တိုက်နယ်ဆရာဝန်၏ ညီ ဖြစ်သူ ဆေးအကူလုပ်နေသည့် အမျိုးသား တစ်ဦးသည် ဆေးရုံအတွင်း ရှိနေစဥ်...

ပြင်ဦးလွင်မြို့ လူသတ်မှုဖြစ် အမျိုးသမီး ဓားထိုးသတ်ခံရ၊ ၃ ဦး ဓားဒဏ်ရာပြင်းထန်ရ

ပြင်ဦးလွင်မြို့ ရေချမ်းအိုးရပ်ကွက်ရှိ နေအိမ် တစ်အိမ်တွင် အမျိုးသမီးတစ်ဦး ဓားဖြင့်ထိုးသတ်ခံရပြီး ကျန်မိသားစုဝင် ၃ ဦး ဓားဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာ ၁၃) ရက် တွင် ပြင်ဦးလွင်မြို့ ရေချမ်းအိုးရပ်ကွက် အတွင်းနေထိုင်သည့် အမျိုးသမီးတစ်ဦး ဓားထိုးသတ်ခံရပြီး ကျန်မိသားစုဝင် (၃) ဦး ဓားဒဏ်ရာရရှိသဖြင့်...

မောက်မယ် ကဒူးကြီး ဒေသအတွင်း PNLO နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့

သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီး ဒေသအတွင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO/ PNLA) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/ SSA) တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၁၁ ရက် မွန်းလွဲပိုင်းတွင် PNLO/PNLA နှင့်...

စစ်ရှောင်သွားသည့် နမ္မတူမြို့နယ်က ဇင်လီရွာသား နေအိမ်တချို့ ဖောက်ထွင်းဖျက်ဆီးခံရ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုများကြောင့် စစ်ရှောင်ရသည့် ဇင်လီကျေးရွာမှ ဒေသခံများ၏ နေအိမ်တချို့သည် ဖောက်ထွင်းဖျက်ဆီး ခံလိုက်ရကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်တွင် နမ္မတူမြို့နယ် ဇင်လီကျေးရွာအနီး အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ နှင့် ကချင် လွတ်မြောက်ရေးတပ်မတော် ပူးပေါင်းတပ်ဖွဲ့ KIA၊...

Latest news