ညောင်ရွှေမြို့နယ် လင်မယား (၂) ဦးကို ဖောက်ခွဲရေးပစ္စည်းနှင့်အတူဖမ်းဆီးရမိကြောင်း စစ်ကောင်စီ ထုတ်ပြန်
သျှမ်းပြည် ညောင်ရွှေမြို့ မိုင်းလီ (၅) ရပ်ကွက်အတွင်း နေထိုင်သည့် လင်မယား (၂) ဦးကို ဖောက်ခွဲရေး ပစ္စည်းများ၊ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးမိရကြောင်း စစ်ကောင်စီ ထုတ်ပြန်ချက်အရ သတင်းသိရှိရသည်။ ပြီးခဲ့သည့် (ဧပြီလ ၅ ရက်) မနက်ပိုင်းအချိန်က ညောင်ရွှေမြို့ မိုင်းလီ (၅) ရပ်ကွက်အတွင်း...
ကွတ်ခိုင်မြို့နယ် မီးလောင်သွားသည့်နေအိမ်ပြန်ဆောက်ဖို့ အကူအညီလိုအပ်နေ
သျှမ်းပြည် မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ-နမ့်ခမ်း ပတ်လမ်းရှိ (၁၂) မိုင်ရွာတွင် မီးလောင်ပျက်စီးဆုံးရှုံးသွားခဲ့သည့် နေအိမ်များပြန်လည်ထူထောင်ရေးအတွက် အကူညီလိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (ဧပြီ ၇ ရက်) ညနေ ၁၀ နာရီကျော်အချိန်မှ စပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ စုစုပေါင်း အိမ်ခြေ (၄၇) လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း...
လဲချားမြို့နယ်အတွင်း သျှမ်းတပ် ၂ တပ် ထိတွေ့တိုက်ပွဲ ဖြစ်ပွား
သျှမ်းပြည် လွိုင်လင်ခရိုင် လဲချားမြို့နယ်အတွင်းတွင် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည် တပ်မတော် RCSS/ SSA တို့ယနေ့ (ဧပြီ ၉) ရက် နံနက်ပိုင်းတွင် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီ...
နမ့်ဖတ်ကာ – နမ့်ခမ်း ပတ်လမ်း (၁၂) မိုင်ရွာတွင် နေအိမ် (၂၆) လုံး မီးလောင်မှုဖြစ်ပွား
သျှမ်းပြည် လားရှိုးခရိုင် နမ့်ဖတ်ကာ - နမ့်ခမ်း ပတ်လမ်းရှိ (၁၂) မိုင်ရွာတွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး နေအိမ် (၂၆) လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဧပြီလ ၇ ရက်) ညနေ ၁၁ နာရီဝန်းကျင်တွင် မီး စတင်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ...
သျှမ်းပြည် လားရှိုးခရိုင် လားရှိုးမြို့နယ်အတွင်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ယာဉ်ထိန်းရဲများ ငွေအဆမတန် တောင်းခံမှုကြောင့် ခရီးသွားပြည်သူများ အခက်ကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လားရှိုးမြို့ အဝင်၊ အထွက် နှင့် နမ္မတူသွားလမ်း၊ သိန္နီကြားရှိ ရေပူဂိတ် စသည်ဖြင့် စစ်ကောင်စီ စစ်ဆေးရေးဂိတ်တိုင်းမှာ စစ်ကောင်စီ နှင့်...
လားရှိုးမြို့နယ်စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရ
သျှမ်းပြည် လားရှိုးခရိုင် လားရှိုးမြို့နယ် နားမခေါ်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (ဧပြီလ ၇ ရက်) နံနက် ၈ နာရီအချိန်ခန့်တွင် လားရှိုးမြို့နယ် နားမခေါ်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်မှုကြောင့် အသက် ၁...
နောင်ချိုမြို့နယ် စစ်ရှောင်အချို့ အိမ်ခန်းငှားနေရ
သျှမ်းပြည် ကျောက်မဲခရိုင် နောင်ချိုမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့နှင့် ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့၏ တိုက်ပွဲပြင်းထန်မှုကြောင့် စစ်ရှောင်ထွက်ပြေးရသည့် ပြည်သူများ အချို့သည် အိမ်ခန်းငှားခ တစ်လလျှင် ငါးသောင်းကျပ်ဖြင့် ငှားရမ်းနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ ၆ ရက်မှ စတင်ကာ ယနေ့အထိ ထိတွေ့တိုက်ပွဲပြင်းထန်နေသည့်...
ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီ တိုက်လေယာဉ်ဖြင့် ပိုတိုက်ခိုက်လာ
သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီသည် တိုက်လေယာဉ်ဖြင့် ပိုပြီးတိုက်ခိုက်လာကြောင်း စုံစမ်းသိရှိရသည်။ ယခု ဧပြီလအတွင်း စစ်ကောင်စီတပ်ဖွဲ့ သည် ဖယ်ခုံမြို့နယ်တွင်း စစ်အင်အားဖြည့်တင်းလာပြီး တောင်စလုံး နှင့် မြောက်စလုံးဘက်တွင် လက်နက်ကြီး အပြင် တိုက်လေယာဉ်ဖြင့် ဝင်ရောက်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။ “အခုက တိုက်လေယာဉ်တွေနဲ့ ပိုပြီးတော့ သုံးလာခဲ့တယ်။ အခုက...
PPST အဖွဲ့ဝင် အချင်းချင်း ဘာကြောင့် တိုက်ပွဲဖြစ်နေရတာလဲ
သျှမ်းပြည် လင်းခေးခရိုင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသအတွင်းမှာ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူ စာချုပ် NCA ရေးထိုးထားတဲ့ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ ၊ သျှမ်းပြည် တပ်မတော် RCSS/SSA နဲ့ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLO/PNLA) တို့...
KBC ခေါင်းဆောင် ဒေါက်တာခလမ်ဆမ်ဆွန် ထောင်ဒဏ် (၆)နှစ်ချမှတ်ခံရ
SHAN -
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဌဟောင်း ဖြစ်သည့် သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီတရားရုံးက ယနေ့ (ဧပြီ ၇) ရက်တွင် ထောင်ဒဏ် (၆) နှစ် ချမှတ်ခံရကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီ က ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ဖမ်းဆီးပြီး မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁)၊...






