ညောင်ရွှေမြို့နယ် လင်မယား (၂) ဦးကို ဖောက်ခွဲရေးပစ္စည်းနှင့်အတူဖမ်းဆီးရမိကြောင်း စစ်ကောင်စီ ထုတ်ပြန်

သျှမ်းပြည် ညောင်ရွှေမြို့ မိုင်းလီ (၅) ရပ်ကွက်အတွင်း နေထိုင်သည့် လင်မယား (၂) ဦးကို ဖောက်ခွဲရေး ပစ္စည်းများ၊ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးမိရကြောင်း စစ်ကောင်စီ ထုတ်ပြန်ချက်အရ သတင်းသိရှိရသည်။

ပြီးခဲ့သည့် (ဧပြီလ ၅ ရက်) မနက်ပိုင်းအချိန်က ညောင်ရွှေမြို့ မိုင်းလီ (၅) ရပ်ကွက်အတွင်း နေထိုင်သည့် လေးလွင်မျိုး (ခ) ကိုမျိုးနှင့်အတူ ၎င်း၏ဇနီးဖြစ်သူ ခိုင်ဇာဝင်းဆိုသူကို ဖောက်ခွဲရေးပစ္စည်းများ၊ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမီးရမိခဲ့ကြောင်း၊ ၎င်းလင်မယား (၂) ဦးကိုလည်း အင်းလေးရေပေါ်သင်္ကြန်မှ ဖောက်ခွဲရေး စီစဉ်သူဖြစ်သည်ဟု စစ်ကောင်စီက စွပ်စွဲကာ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

“ ဉပဒေလမ်းအကြောင်းအရ တရားဝင် ဖမ်းတာလည်းမဟုတ်ဘူး။ သက်သေအထောက်အထားနဲ့ အတိအကျ ဖမ်းတာလည်းမဟုတ်ဘူး။ သံသယရှိတဲ့သူမှန်သမျှ အကုန်ဖမ်းဆီးတယ်။ ညှင်းပန်နှိပ်စက်တယ်။ ငွေညှစ်တယ်။ တချို့တွေဆို သတ်ပစ်လိုက်တယ်။ ဒီလိုမျိုးလုပ်ရက်က လူမဆန်တဲ့လုပ်ရပ် ပုံမှန်လူတစ်ယောက်က လွယ်လွယ်နဲ့ မကျူးလွန်ရဲတဲ့ ပြစ်မှုတွေဖြစ်တယ်။ စိတ္တဇဆန်ဆန် ပြစ်မှုကျူးလွန်ခြင်းတစ်မျိုးလည်း ဖြစ်တယ် “ ဟု ၎င်းနှင့်နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိ ဖမ်းဆီးခံထားရသည့် လင်မယား (၂) ဦးကို စစ်ကောင်စီတပ်ဖွဲ့မှ မည်သည့် ဉပဒေဖြင့် တရားစွဲဆိုထားသည်ကို အသေးစိတ် မသိရှိရသေးပေ။

ထို့အပြင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ စစ်ကောင်စီတပ်ဖွဲ့မှ အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်ခြင်း၊ နှိပ်စက်ခြင်း လုပ်ဆောင်နေသည့်အပေါ်မှာ နိုင်ငံတကာမှ အဖွဲ့အစည်းများက ထိရောက်စွာ အရေးယူဆောင်ရွက်ခြင်းမရှိသောကြောင့် မြန်မာပြည်သူလူထုများဟာ စစ်တပ်၏ဒဏ်ကို ဆင်းရဲစွာဒုက္ခခံစားနေရကြောင်း ၎င်းက ဆက်ပြောသည်။

“ နိုင်ငံတကာအဖွဲ့အစည်းကနေ နိုင်ငံတကာ စစ်ရာဇဝတ်သားဖြစ်တဲ့ ဒီအကြမ်းဖက်စစ်အုပ်စုကို အချိန်မီ ထိထိရောက်ရောက် အရေးမယူနိုင်လို့ သူတို့ရဲ့ အကြမ်းဖက်မှုဒဏ်ကို မြန်မာပြည်သူလူထုတွေ အခုချိန်ထိ အလူးအလဲ ခံစားနေရတယ် “ ဟု ၎င်းအမျိုးသမီးတစ်ဦးက ထပ်လောင်းပြောသည်။

အလားတူ စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးရမိသည့် ပစ္စည်းများမှာ လေသေနတ် ၁ လက်၊ လက်လုပ် ရှေ့ထွက်မိုင်း ၆ လုံး၊ လက်လုပ်မိုင်းမျိုးစုံ ၈ လုံး၊ လက်လုပ် သေနတ်ပြောင်း ၂ ခု၊ လက်လုပ် ကျည်ရိုက်တံ ၁ ခု၊ လက်လုပ်မိုင်း ပြုလုပ်ရာမှာ အသုံးပြုသည့် PVC ပိုက် ၈ ချောင်း၊ စနက်ကြိုး ၆ ချောင်း၊ ဝရိန်စက် ၁ လုံး၊ ဖောက်စက် ၁ ခု၊ ကန့် ၁၀ ကျပ်သား၊ ယမ်း ၂၅ ကျပ်သား၊ မီးသွေးမှုန့် ၁၀ ကျပ်သားတို့နှင့်အတူ ဖမ်းဆီမိခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဖမ်းဆီးခံရသည့် လေးလွင်မျိုး (ခ) ကိုမျိုးဆိုသူသည် ယခင်က အင်းလေး PDF တပ်ရင်း (1009) တွင် ဖောက်ခွဲရေးသင်တန်း ၁ လခန့် တက်ရောက်ခဲ့ပြီး လက်လုပ်မိုင်း ပြုလုပ်နည်း၊ ဖောက်ခွဲနည်းများကို သင်ယူခဲ့ဖူးသူဖြစ်ကြောင်းလည်း စစ်ကောင်စီ ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေ စစ်တပ်နှင့် အုပ်ချုပ်ရေးမှူး ပေါင်းပြီး ဟိုတယ်နှင့် တည်းခိုခန်းထဲထိ ပေါ်တာဆွဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် စစ်ကော်မရှင်တပ်နှင့် အုပ်ချုပ်ရေးမှူး တို့ ပူးပေါင်း၍ ဟိုတယ်နှင့် တည်းခိုခန်းသို့ လာရောက်တည်းခိုသူများကို ပေါ်တာဆွဲနေကြောင်း သတင်းရရှိသည်။​ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် ညောင်ရွှေမြို့သို့ရောက်လာသည့် ဧည့်သည်အမျိုးသားနှစ်ဉီးကို စစ်ကော်မရှင်တပ်နှင့် အုပ်ချုပ်ရေးမှူးတို့က မနက် အစော တနာရီအချိန်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းဖြစ်စဉ်ကို သိရှိသည့် အမျိုးသားတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထို့သို့...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

UWSA ဒေသ သတ္တုတူးဖော်ရာတွင် ဖောက်ခွဲရေး၊ ဓာတုပစ္စည်း အလွန်အကျွံမသုံးရ ဟု အသိပေး

0
ရွှေ၊သတ္တုနှင့် သံယံဇာတများ အလွန်အကျွံတူးဖော်မှုကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် ‘ဝ’တပ် (UWSA) ထိန်းချုပ်သည့် ဒေသအတွက် ထိခိုက်နစ်နာမှု မရှိစေရန် နှင့် ပြဌာန်းချက်များကို လိုက်နာကြရန် စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ဆုံ အသိပေးလိုက်ကြောင်း သတင်းရရှိသည်။ သျှမ်းပြည်အရှေ့ပိုင်းတွင် မြေရှားသတ္တု၊ ရွှေနှင့် အခြားသတ္တုများ အလွန်အကျွံတူးဖော်မှုကြောင့် မြန်မာနှင့်ထိုင်းကို ဖြတ်သန်းစီးဆင်းနေသော...