Sunday, May 5, 2024

KBC ခေါင်းဆောင် ဒေါက်တာခလမ်ဆမ်ဆွန် ထောင်ဒဏ် (၆)နှစ်ချမှတ်ခံရ

Must read

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဌဟောင်း ဖြစ်သည့် သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီတရားရုံးက ယနေ့ (ဧပြီ ၇) ရက်တွင် ထောင်ဒဏ် (၆) နှစ် ချမှတ်ခံရကြောင်း စုံစမ်းသိရသည်။

စစ်ကောင်စီ က ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ဖမ်းဆီးပြီး မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁)၊ ပုဒ်မ ၅၀၅ (က) ၊ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) တို့ဖြင့် မတရားစွဲဆို ထားကြောင်း သိရသည်။

” ဒီနေ့ တရားစီရင်ချက်ချတာတော့ သိရတယ်။ ထောင်ဒဏ် (၆) နှစ် ချလိုက်တာတော့ သိရတယ်။ အသေးစိတ်ကိုလည်း ကျနော်တို့မသိရသေးဘူး” လို့ KBC မှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ဒေါက်တာခလမ်ဆမ်ဆွန်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းတွင် ထိုင်းနိုင်ငံသို့ ဆေးကုသခံယူရန် သွားနေစဥ် မန္တလေးလေဆိပ်တွင် စစ်ကောင်စီမှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article