ထိုင်းဝန်ကြီးချုပ် အဖြစ် ရေပန်းစားနေတဲ့ ဖိထား လင့်ဂျရုန်းရတ် မဲခွဲဆုံးဖြတ်ရာမှာ အောင်မြင်မှုမရ
SHAN -
ထိုင်းနိုင်ငံ ဝန်ကြီးချုပ်အသစ်အတွက်နာမည်ကြီးနေတဲ့ Move Forward Party ခေါင်းဆောင် ဖိထား လင့်ဂျရုန်းရတ် ကို လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ရာမှာ သတ်မှတ်ထားတဲ့ မဲပမာဏ မပြည့်တဲ့အတွက် ရှုံးနိမ့်ခဲ့ပါတယ်။ ဝန်ကြီးချုပ်ဖြစ်ဖို့အတွက် လွှတ်တော်ကသတ်မှတ်ထားတဲ့ မဲပမာဏက (၃၇၆) မဲ ဖြစ်ပြီး ကနေ့လွှတ်တော်အမတ် ၇၀၀ ကျော်က ဝင်ရောက်...
မူဆယ်မြို့နယ်က အလုပ်သမား (၇) ဦး မှိုစားပြီး အဆိပ်သင့်
သျှမ်းပြည် မူဆယ်မြို့နယ် ပန်ခမ်းကျေးရွာသို့ လာရောက်အလုပ်လုပ်သည့် အလုပ်သမား (၇) ဦးသည် မှိုစားပြီး အစာအဆိပ်သင့်ကာ ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ဇူလိုင်လ ၁၁ ရက်တွင် မူဆယ်မြို့နယ် ပန်ခမ်းကျေးရွာသို့ လာရောက် အလုပ်လုပ်သည့် အလုပ်သမား (၇) ဦးသည် ခြံဝန်းထဲရှိ ပိုးသတ်ဆေးဖြန်းထားသော...
မူဆယ်မြို့ နေအိမ်တစ်လုံးအတွင်း အမျိုးသမီးတစ်ဦး ရိုက်ခံရပြီးသေဆုံး
သျှမ်းပြည် မူဆယ်မြို့ စက်မှုဇုံနယ်မြေရှိ ထွယ်ပန်းခြံအကျော် အနီးနေထိုင်သည့် နေအိမ်တစ်လုံးထဲ၌ အမျိုးသမီးတစ်ဦး ရိုက်ခံရပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင် ၁၂) ရက် ညနေပိုင်း ၆ နာရီဝန်းကျင်တွင် မူဆယ်မြို့ စက်မှုဇုံနယ်မြေရှိ ထွယ်ပန်းခြံအကျော် အနီးနေထိုင်သည့် နေအိမ်တစ်လုံးထဲ၌ အသက် ၃၀ နှစ်အရွယ်...
ထိုင်းဝန်ကြီးချုပ် ပရာယွတ် နိုင်ငံရေးကနေ အနားယူမည်ဟုဆို
SHAN -
ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ဟာ နိုင်ငံရေးကနေ အနားယူတော့မယ်လို့ ဇူလိုင် (၁၁) ရက်နေ့က ထိုင်းမီဒီယာတွေက ထုတ်ပြန်ထားပါတယ်။ ဝန်ကြီးချုပ် ပရာယွတ်ဟာ ၂၀၁၄ ခုနှစ်ကတည်းက ထိုင်းနိုင်ငံကို အာဏာသိမ်းယူပြီး ဝန်ကြီးချုပ် တာဝန်ကို (၉) နှစ်ကြာ ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ ပရာယွတ်အနေနဲ့ United Thai...
ငြိမ်းချမ်းရေး ညီလာခံ ပြုလုပ်ရန် RCSS နှင့် NSPNC တို့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေး
ငြိမ်းချမ်းရေး ညီလာခံ ပြုလုပ်ရန် အတွက် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA) နှင့် စစ်ကောင်စီ လက်အောက်ခံ အမျိုးသား စည်းလုံးညီညွှတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ NSPNC တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ RCSS/SSA...
ကရင်နီ စစ်ရှောင်စခန်း ဗုံးကြဲခံရ ကလေးအပါအဝင် ၂ ဦး သေဆုံး၊ ၄ ဦး ထိခိုက်ဒဏ်ရာရ
ကရင်နီ (ကယား) ပြည်ရှိ စစ်ဘေးရှောင်စခန်း (၂) နေရာကို စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် အပါအဝင် (၂) ဦး သေဆုံးပြီး (၄) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ( ဇူလိုင် ၁၂) ရက် မနက် ၂...
“လမ်းများအားလုံး…နေပြည်တော်သို့” သို့မဟုတ်တောင်ပိုင်းစစ်ဒေသကို လေ့လာခြင်း
SHAN -
နိဒါန်း ကရင်၊ ကရင်နီ(ကယား)၊ မွန်၊ တနင်္သာရီ၊ ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူး စသည့် မြန်မာနိုင်ငံတောင်ပိုင်းဒေသများ၊ နေပြည်တော်နှင့် ဆက်စပ်နယ်မြေများဖြစ်သည့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများကို စုစည်းကာ အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာနက “တောင်ပိုင်းစစ်ဒေသ” အဖြစ် စုဖွဲ့ထားပါသည်။ ယင်းတောင်ပိုင်းစစ်ဒေသကို တောင်ပိုင်းနှင့် အလယ်ပိုင်းမှ မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း (၂) ခုဖြစ်သော...
လားရှိုးမြို့ ဟိုတယ် နှင့် ဘား (Bar) ဦးတည်ပြီး ဗုံးထောင်မှု မကြာခဏဖြစ်
သျှမ်းပြည် လားရှိုးမြို့ပေါ်ရှိ ဟိုတယ် နှင့် ဘား (Bar)များ ဦးတည်ပြီး ဗုံးထောင်မှု မကြာခဏ ဖြစ်လာကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။ အဆိုပါ လားရှိုးမြို့ပေါ်ရှိ ဟိုတယ် နှင့် ဘား (Bar) များထံ လက်နက်ကိုင်တပ်ဖွဲ့မှ အခွန် (ဆက်ကြေး) ကောက်ယူမှုကို မပေးဆောင်သဖြင့်...
ဒေါ်အောင်ဆန်းစုကြည် နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပထမဆုံးတွေ့ဆုံ
SHAN -
အာဏာသိမ်းပြီး (၂) နှစ်ကျော်ကာလမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး MR.Don Pramudwinai မှ နိုင်ငံတကာ သံတမန် တစ်ဦး အနေဖြင့် ဇူလိုင် (၉) ရက်က တွေ့ဆုံခဲ့ရကြောင်း သတင်းရရှိပါတယ်။ အဆိုပါ တွေ့ဆုံမှုကို အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးမှာ...
မိုင်းပျဉ်းမြို့ စစ်ကောင်စီဂိတ် ထိုင်းထုတ်ကုန်တင် လိုင်းကားများဖမ်း၊ ငွေညှစ်
သျှမ်းပြည် ကျိုင်းတုံခရိုင် မိုင်းပျဉ်းမြို့ ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ထိုင်းထုတ်ကုန်တင်လာသည့် လိုင်းကားများကို ဖမ်းပြီး ငွေညှစ်တောင်းနေကြောင်း စုံစမ်း သိရသည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မိုင်းပျဉ်းမြို့ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ယခင်ထက် စစ်ဆေးရေး တင်းကြပ်လာပြီး ထိုင်းထုတ်ကုန်တင်လာသည့် လိုင်းကားများကို အခွန်မဆောင် (ဂျူတီမဲ့) ပစ္စည်းများတင်လာသည်ဟု ပြောဆိုပြီး...






